Premier League

ဥရောပဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ လီဗာပူးလ်အတွက် ထိုးနှက်ချက်ဖြစ်လာတဲ့ အက်ဖ်အေရဲ့ဆုံးဖြတ်ချက်

ယာဂန် ကလော့ပ်ဟာ ကွင်းလယ်ဒိုင် ပေါလ် တီယာနီနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့မှုကြောင့် ၂ ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၇၅၀၀၀ တပ်ရိုက်ခြင်းခံခဲ့ရပါတယ်။

လီဗာပူးလ်နည်းပြဟာ စနေနေ့ အန်းဖီးမှာ အက်စတန် ဗီလာနဲ့ ကစားရမယ့် နောက်ဆုံးအိမ်ကွင်းပွဲစဉ်ကို ပွဲကြည့်စင်ကနေသာ ကြည့်ရှုခွင့်ရမှာဖြစ်ပေမယ့်လည်း ဒုတိယပွဲပယ်ပြစ်ဒဏ်ကတော့ လာမယ့် မေလအထိ ဆိုင်းငံ့ခြင်းခံထားရမှာဖြစ်ပြီး လာမယ့် ၁၂ လအတွင်း အက်ဖ်အေရဲ့ စည်းမျဉ်း E3 ကို ချိုးဖောက်ခဲ့မယ်ဆိုမှသာ ပွဲပယ်ပြစ်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

ကလော့ပ်ဟာ တော့တင်ဟမ်ဟော့စပါးကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြက အစောပိုင်းမှာ ကွင်းလယ်ဒိုင် တီယာနီရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အလွန်ဒေါသထွက်ခဲ့တာကြောင့် စတုတ္ထဒိုင် ဂျွန် ဘရွတ်ခ်စ်နဲ့ နီးကပ်တဲ့နေရာအထိ ပြေးလာပြီး အောင်ပွဲခံခဲ့ချိန်မှာ တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ လီဗာပူးလ်နဲ့ စပါးစ်တို့ ပွဲစဉ်အတွင်းက ပွဲအစီရင်ခံစာထဲမှာ ဘရွတ်ခ်စ်က ကလော့ပ်ရဲ့ အပြုအမူဟာ အဝါကတ်ပြသရမယ့် အပြုအမူဖြစ်တယ်လို့ တီယာနီကို အကြံပေးခဲ့ပြီး ကွင်းလယ်ဒိုင်က ဖြစ်စဉ်ကို မြင်တွေ့ခဲ့တာကြောင့် လီဗာပူးလ်နည်းပြကို အနီကတ်ပြသဖို့ ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။

နောက်ဆက်တွဲ ရုပ်သံအင်တာဗျူးမှာ ကလော့ပ်က အင်္ဂလိပ်ပရော်ဖက်ရှင်နယ်ဘောလုံးပြိုင်ပွဲမှာ ပွဲကြီးကြပ်တဲ့ တာဝန်ရှိအဖွဲ့အစည်းဖြစ်တဲ့ PGMOL ကို တီယာနီရဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

အက်ဖ်အေကို ခုခံကာကွယ်မှုအဖြစ်နဲ့ ပေးပို့ခဲ့တဲ့ စာထဲမှာ ကလော့ပ်က အလွန်နောင်တရကြောင်း ဖော်ပြခဲ့ပြီး “ကျွန်တော် စတုတ္ထဒိုင်ဆီကို ပြေးလွှားသွားခဲ့တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော် သတိပေးချက်က တရားမျှတတယ်ဆိုတာကို အပြည့်အဝ လက်ခံပါတယ်။ အဲဒီတုန်းကလည်း လက်ခံခဲ့ပြီး အခုလည်း အဝါကတ်ပြတာက မှန်တယ်လို့ လက်ခံပါတယ်။ ပွဲပြီးအင်တာဗျူးက ကျွန်တော့်ရဲ့ လေသံနဲ့ ပြောခဲ့တဲ့အကြောင်းအရာအတွက်လည်း ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာမဟုတ်ပေမယ့်လည်း မစ္စတာ တီယာနီရဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်သလို ဖြစ်သွားခဲ့တယ်ဆိုတာ လက်ခံပါတယ်။ ကျွန်တော့်လုပ်ရပ်ကို တာဝန်ယူပါတယ်။ ကျွန်တော် သုံးစွဲခဲ့တဲ့ စကားလုံးတွေကလည်း မလျော်ကန်ခဲ့ပါဘူး။ ဒီဖြစ်စဉ် ၂ ခုစလုံးက စိတ်ခံစားမှုကြောင့် ဖြစ်ခဲ့တာပါ။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာဂန္ ကေလာ့ပ္ဟာ ကြင္းလယ္ဒိုင္ ေပါလ္ တီယာနီနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးခဲ့မႈေၾကာင့္ ၂ ပြဲပယ္ ျပစ္ဒဏ္နဲ႔ ဒဏ္ေငြ ေပါင္ ၇၅၀၀၀ တပ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

လီဗာပူးလ္နည္းျပဟာ စေနေန႔ အန္းဖီးမွာ အက္စတန္ ဗီလာနဲ႔ ကစားရမယ့္ ေနာက္ဆုံးအိမ္ကြင္းပြဲစဥ္ကို ပြဲၾကည့္စင္ကေနသာ ၾကည့္ရႈခြင့္ရမွာျဖစ္ေပမယ့္လည္း ဒုတိယပြဲပယ္ျပစ္ဒဏ္ကေတာ့ လာမယ့္ ေမလအထိ ဆိုင္းငံ့ျခင္းခံထားရမွာျဖစ္ၿပီး လာမယ့္ ၁၂ လအတြင္း အက္ဖ္ေအရဲ႕ စည္းမ်ဥ္း E3 ကို ခ်ိဳးေဖာက္ခဲ့မယ္ဆိုမွသာ ပြဲပယ္ျပစ္ဒဏ္ က်ခံရမွာ ျဖစ္ပါတယ္။

ကေလာ့ပ္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးကို ၄-၃ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ အက္ဖ္ေအရဲ႕ စြဲခ်က္တင္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပက အေစာပိုင္းမွာ ကြင္းလယ္ဒိုင္ တီယာနီရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အလြန္ေဒါသထြက္ခဲ့တာေၾကာင့္ စတုတၳဒိုင္ ဂြၽန္ ဘ႐ြတ္ခ္စ္နဲ႔ နီးကပ္တဲ့ေနရာအထိ ေျပးလာၿပီး ေအာင္ပြဲခံခဲ့ခ်ိန္မွာ တံေကာက္ေၾကာ ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ပါတယ္။

အက္ဖ္ေအက ၾကာသပေတးေန႔မွာ ထုတ္ျပန္ခဲ့တဲ့ လီဗာပူးလ္နဲ႔ စပါးစ္တို႔ ပြဲစဥ္အတြင္းက ပြဲအစီရင္ခံစာထဲမွာ ဘ႐ြတ္ခ္စ္က ကေလာ့ပ္ရဲ႕ အျပဳအမူဟာ အဝါကတ္ျပသရမယ့္ အျပဳအမူျဖစ္တယ္လို႔ တီယာနီကို အႀကံေပးခဲ့ၿပီး ကြင္းလယ္ဒိုင္က ျဖစ္စဥ္ကို ျမင္ေတြ႕ခဲ့တာေၾကာင့္ လီဗာပူးလ္နည္းျပကို အနီကတ္ျပသဖို႔ ျပင္ဆင္ထားခဲ့တာျဖစ္ပါတယ္။

ေနာက္ဆက္တြဲ ႐ုပ္သံအင္တာဗ်ဴးမွာ ကေလာ့ပ္က အဂၤလိပ္ပေရာ္ဖက္ရွင္နယ္ေဘာလုံးၿပိဳင္ပြဲမွာ ပြဲႀကီးၾကပ္တဲ့ တာဝန္ရွိအဖြဲ႕အစည္းျဖစ္တဲ့ PGMOL ကို တီယာနီရဲ႕ ဂုဏ္သိကၡာကို ေမးခြန္းထုတ္ခဲ့တာ ျဖစ္ပါတယ္။

အက္ဖ္ေအကို ခုခံကာကြယ္မႈအျဖစ္နဲ႔ ေပးပို႔ခဲ့တဲ့ စာထဲမွာ ကေလာ့ပ္က အလြန္ေနာင္တရေၾကာင္း ေဖာ္ျပခဲ့ၿပီး “ကြၽန္ေတာ္ စတုတၳဒိုင္ဆီကို ေျပးလႊားသြားခဲ့တဲ့အခ်ိန္မွာ ျဖစ္ခဲ့တဲ့ ကြၽန္ေတာ့္ရဲ႕ တုံ႔ျပန္မႈနဲ႔ပတ္သက္ၿပီး စိတ္မေကာင္းျဖစ္မိပါတယ္။ ကြၽန္ေတာ္ သတိေပးခ်က္က တရားမွ်တတယ္ဆိုတာကို အျပည့္အဝ လက္ခံပါတယ္။ အဲဒီတုန္းကလည္း လက္ခံခဲ့ၿပီး အခုလည္း အဝါကတ္ျပတာက မွန္တယ္လို႔ လက္ခံပါတယ္။ ပြဲၿပီးအင္တာဗ်ဴးက ကြၽန္ေတာ့္ရဲ႕ ေလသံနဲ႔ ေျပာခဲ့တဲ့အေၾကာင္းအရာအတြက္လည္း ထပ္တူထပ္မွ် စိတ္မေကာင္းျဖစ္မိပါတယ္။ ကြၽန္ေတာ္ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္ခဲ့တာမဟုတ္ေပမယ့္လည္း မစၥတာ တီယာနီရဲ႕ ဂုဏ္သိကၡာကို ေမးခြန္းထုတ္သလို ျဖစ္သြားခဲ့တယ္ဆိုတာ လက္ခံပါတယ္။ ကြၽန္ေတာ့္လုပ္ရပ္ကို တာဝန္ယူပါတယ္။ ကြၽန္ေတာ္ သုံးစြဲခဲ့တဲ့ စကားလုံးေတြကလည္း မေလ်ာ္ကန္ခဲ့ပါဘူး။ ဒီျဖစ္စဥ္ ၂ ခုစလုံးက စိတ္ခံစားမႈေၾကာင့္ ျဖစ္ခဲ့တာပါ။”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.