Premier League UCL&UEL

ရီးရဲလ်နဲ့စီးတီးပွဲအပြီး မန်စီးတီးနည်းပြအဖွဲ့ဝင်နဲ့ ပြဿနာတက်ခဲ့တဲ့ အီဗရာ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပက်ထရစ် အီဗရာဟာ မန်ချက်စတာစီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ မြို့ခံပြိုင်ဘက်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးနဲ့ အချင်းများခဲ့ပါတယ်။

မန်ယူနိုက်တက်နောက်ခံလူဟောင်းဟာ တစ်ကိုယ်လုံး အနီရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ဗုဒ္ဓဟူးနေ့ည အစ်တီဟတ်မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့်လည်း ပွဲအပြီးမှာတော့ ကွင်းထဲမှာ မန်စီးတီးနည်းပြအဖွဲ့ဝင်တစ်ဦးနဲ့ ပြဿနာတက်ခဲ့တာကြောင့် ဂွါဒီယိုလာရဲ့လက်အောက် မာနဲလ် အက်စ်တီယာတယ်က ဝင်ဆွဲခဲ့ရတာဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက်ဟာ မန်ချက်စတာစီးတီးက ရီးရဲလ်မက်ဒရစ်ကို အစ်တီဟတ်မှာ ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အောင်ပွဲခံနေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အီဗရာဟာ အသင်းဖော်ဟောင်း ရီယို ဖာဒီနန်နဲ့ BT Sport လုပ်ဖော်ကိုင်ဖက်တွေအနီးအနားမှာ အက်စ်တီယာတယ်နဲ့ အဖြစ်အပျက်ကို ပြန်လည်ပြောပြခဲ့တာဖြစ်ပါတယ်။

အီဗရာက နောက်ပိုင်းမှာ CBS Sports ကို “သူက ကျွန်တော့်ကို လာကြည့်နေခဲ့တယ်။ သူ့ပုံစံက ဒါကို မင်းအတွက်ပဲ။ ဒါက မင်းအတွက်ပဲဆိုတဲ့ ပုံစံမျိုးနဲ့ပါ။ အဲဒီတော့ ကျွန်တော် သူ့နားသွားပြီး ဘာဖြစ်လို့လဲလို့ မေးတော့ သူက ဘာမှမဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ မင်း မနှစ်က တီဗီမှာ သူတို့(စီးတီး)က ကြောက်ချီးပန်းနေကြတယ်။ အဲဒါကြောင့် သူတို့ ရှုံးတာပဲလို့ ပြောခဲ့လို့ပဲ။ ဒီနှစ်တော့ ငါတို့တွေ ကြောက်ချီးမပန်းဘူးတဲ့။ ဒါတော့ အမှန်ပဲ မီကာ(ရစ်ချက်)။ ငါက ပွင့်ပွင့်လင်းလင်းသမား။ ဒဲ့ပဲ ပြောတတ်တယ်။ ပြီးတော့ သူ ပြန်တောင်းပန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးလက်ထောက်နည်းပြဟာ ပြင်သစ်နောက်ခံကစားသမားဟောင်းကို ဆွဲထားပြီး စိတ်လျှော့ဖို့ နားချရာမှာ အောင်မြင်ခဲ့ပုံပေါ်ခဲ့ပြီးနောက် လက်ဆွဲနှုတ်ဆက်ပြီး လမ်းခွဲခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ CBS Sports အတွက် ဘောလုံးဝေဖန်သူအဖြစ် လုပ်ဆောင်နေတဲ့ ဂျေမီ ကာရေဂါက ၎င်းတို့ရဲ့ ပွဲပြီး ချန်နယ်မှာ အီဗရာရဲ့ ပုံစံကို အရောင်းအသွေးစုံတဲ့ ရုပ်ပုံလို့ ရယ်မောနေတဲ့ အီမိုဂျီနဲ့ မစင်တုံး အီမိုဂျီပုံစံအများအပြားနဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ အစ်တီဟတ်မှာ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုး ၂ ဂိုး၊ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့သွင်းဂိုးနဲ့ ယူလီယန် အယ်လ်ဗာရက်ဇ်ရဲ့ နောက်ကျသွင်းဂိုးတို့ကြောင့် ၂ ကျော့ပေါင်း ၅-၁ နဲ့ ဗိုလ်လုပွဲ တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို တစ်ခါမှ ကိုင်မြှောက်နိုင်ခြင်းမရှိခဲ့ဖူးတာဖြစ်ပြီး လာမယ့် ဇွန်လ ၁၀ ရက်နေ့ အစ္စတန်ဘူလ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ပက္ထရစ္ အီဗရာဟာ မန္ခ်က္စတာစီးတီးက ရီးရဲလ္မက္ဒရစ္ကို အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းရဲ႕ နည္းျပအဖြဲ႕ဝင္တစ္ဦးနဲ႔ အခ်င္းမ်ားခဲ့ပါတယ္။

မန္ယူႏိုက္တက္ေနာက္ခံလူေဟာင္းဟာ တစ္ကိုယ္လုံး အနီေရာင္ဝတ္စုံကို ဝတ္ဆင္ၿပီး ဗုဒၶဟူးေန႔ည အစ္တီဟတ္မွာ ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ ေဆာင္႐ြက္ခဲ့တာျဖစ္ေပမယ့္လည္း ပြဲအၿပီးမွာေတာ့ ကြင္းထဲမွာ မန္စီးတီးနည္းျပအဖြဲ႕ဝင္တစ္ဦးနဲ႔ ျပႆနာတက္ခဲ့တာေၾကာင့္ ဂြါဒီယိုလာရဲ႕လက္ေအာက္ မာနဲလ္ အက္စ္တီယာတယ္က ဝင္ဆြဲခဲ့ရတာျဖစ္ပါတယ္။

အဲဒီအျဖစ္အပ်က္ဟာ မန္ခ်က္စတာစီးတီးက ရီးရဲလ္မက္ဒရစ္ကို အစ္တီဟတ္မွာ ၄-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ေအာင္ပြဲခံေနခ်ိန္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အီဗရာဟာ အသင္းေဖာ္ေဟာင္း ရီယို ဖာဒီနန္နဲ႔ BT Sport လုပ္ေဖာ္ကိုင္ဖက္ေတြအနီးအနားမွာ အက္စ္တီယာတယ္နဲ႔ အျဖစ္အပ်က္ကို ျပန္လည္ေျပာျပခဲ့တာျဖစ္ပါတယ္။

အီဗရာက ေနာက္ပိုင္းမွာ CBS Sports ကို “သူက ကြၽန္ေတာ့္ကို လာၾကည့္ေနခဲ့တယ္။ သူ႔ပုံစံက ဒါကို မင္းအတြက္ပဲ။ ဒါက မင္းအတြက္ပဲဆိုတဲ့ ပုံစံမ်ိဳးနဲ႔ပါ။ အဲဒီေတာ့ ကြၽန္ေတာ္ သူ႔နားသြားၿပီး ဘာျဖစ္လို႔လဲလို႔ ေမးေတာ့ သူက ဘာမွမျဖစ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ မင္း မႏွစ္က တီဗီမွာ သူတို႔(စီးတီး)က ေၾကာက္ခ်ီးပန္းေနၾကတယ္။ အဲဒါေၾကာင့္ သူတို႔ ရႈံးတာပဲလို႔ ေျပာခဲ့လို႔ပဲ။ ဒီႏွစ္ေတာ့ ငါတို႔ေတြ ေၾကာက္ခ်ီးမပန္းဘူးတဲ့။ ဒါေတာ့ အမွန္ပဲ မီကာ(ရစ္ခ်က္)။ ငါက ပြင့္ပြင့္လင္းလင္းသမား။ ဒဲ့ပဲ ေျပာတတ္တယ္။ ၿပီးေတာ့ သူ ျပန္ေတာင္းပန္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးလက္ေထာက္နည္းျပဟာ ျပင္သစ္ေနာက္ခံကစားသမားေဟာင္းကို ဆြဲထားၿပီး စိတ္ေလွ်ာ့ဖို႔ နားခ်ရာမွာ ေအာင္ျမင္ခဲ့ပုံေပၚခဲ့ၿပီးေနာက္ လက္ဆြဲႏႈတ္ဆက္ၿပီး လမ္းခြဲခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ CBS Sports အတြက္ ေဘာလုံးေဝဖန္သူအျဖစ္ လုပ္ေဆာင္ေနတဲ့ ေဂ်မီ ကာေရဂါက ၎တို႔ရဲ႕ ပြဲၿပီး ခ်န္နယ္မွာ အီဗရာရဲ႕ ပုံစံကို အေရာင္းအေသြးစုံတဲ့ ႐ုပ္ပုံလို႔ ရယ္ေမာေနတဲ့ အီမိုဂ်ီနဲ႔ မစင္တုံး အီမိုဂ်ီပုံစံအမ်ားအျပားနဲ႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ အစ္တီဟတ္မွာ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ဘာနာဒို ေဆးလ္ဗားရဲ႕ သြင္းဂိုး ၂ ဂိုး၊ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့သြင္းဂိုးနဲ႔ ယူလီယန္ အယ္လ္ဗာရက္ဇ္ရဲ႕ ေနာက္က်သြင္းဂိုးတို႔ေၾကာင့္ ၂ ေက်ာ့ေပါင္း ၅-၁ နဲ႔ ဗိုလ္လုပြဲ တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို တစ္ခါမွ ကိုင္ေျမႇာက္ႏိုင္ျခင္းမရွိခဲ့ဖူးတာျဖစ္ၿပီး လာမယ့္ ဇြန္လ ၁၀ ရက္ေန႔ အစၥတန္ဘူလ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အင္တာမီလန္နဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.