Premier League

စီးတီး ဖလား ၃ လုံးရမှာစိုးလို့ လောင်နေတဲ့ မန်ယူနိုက်ပရိသတ်တွေကို ဒေါသထွက်စေခဲ့တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်ဟာ ဗုဒ္ဓဟူးနေ့ညက ရီးရဲလ်မက်ဒရစ်ကို မန်ချက်စတာစီးတီးက ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမတိုင်ခင် ဂွါဒီယိုလာကို ကံကောင်းပါစေလို့ မက်ဆေ့ပေးပို့ခဲ့မှုအတွက် ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အစ်တီဟတ်မှာ လက်ရှိ ဥရောပချန်ပီယံတွေကို နန်းချပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုး ၂ ဂိုး၊ အီဒါ မီလီတာအိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့သွင်းဂိုးနဲ့ ယူလီယန် အယ်လ်ဗာရက်ဇ်ရဲ့ နောက်ကျသွင်းဂိုးတို့ကြောင့် ၂ ကျော့ပေါင်း ၅-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်နေ့ အစ္စတန်ဘူလ်မှာ အင်တာမီလန်နဲ့ ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ BT Sport ကို စကားပြောဆိုရာမှာ ဘောလုံးဝေဖန်သုံးသပ်သူ ဖာဒီနန်က ဂွါဒီယိုလာကို ပေးပို့ခဲ့တဲ့ မက်ဆေ့ကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး အင်္ဂလန်နောက်ခံလူဟောင်းဟာ ရဲရဲတောက် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ အံ့အားသင့်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ယခုရာသီမှာ မန်ချက်စတာစီးတီးအသင်း ဖလား ၃ လုံးရသွားမှာကို မလိုလားကြတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ တူညီတဲ့ရာသီတစ်ခုအတွင်းမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို အနိုင်ရရှိခဲ့တဲ့ ဘောလုံးသမိုင်းထဲက ဒုတိယမြောက် အသင်းဖြစ်လာဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။

အဲဒီလို မကြုံစဖူး အောင်မြင်မှုကို မန်ချက်စတာယူနိုက်တက်အသင်းက လွန်ခဲ့တဲ့ ၂၄ နှစ်က ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်လက်အောက်မှာ ရရှိခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ပရိသတ်တွေဟာ ဘောလုံးသမိုင်းမှာ အဲဒီအောင်မြင်မှုကို ရရှိခဲ့ဖူးတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ကြီးကြီးမားမား ဂုဏ်ယူခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖာဒီနန်က ဗုဒ္ဓဟူးနေ့ည မန်ချက်စတာမှာ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ဂွါဒီယိုလာကို အားပေးထောက်ခံကြောင်း မက်ဆေ့ပေးပိုခဲ့တာဖြစ်ပါတယ်။

“ပက် ဂွါဒီယိုလာ သူ ကျွန်တော့်ကို စာပို့ခဲ့တယ်။ ပွဲမတိုင်ခင်တုန်းကပါ။ ကျွန်တော်က ကံကောင်းပါစေလို့ ပြောခဲ့တယ်။ သူက နားထောင်၊ ကျွန်တော့်ကို ယုံကြည်လိုက်ပါ။ ကျွန်တော် သူတို့ကို လွန်ခဲ့တဲ့ ၂ နှစ်က အနိုင်ယူခဲ့တယ်။ အခု နောက်ထပ်တစ်ကြိမ် အနိုင်ယူသွားမယ်။ ယုံကြည်လိုက်ပါလို့ ပြောခဲ့တယ်။ ကျွန်တော်လည်း ခင်ဗျားကို ယုံပါတယ်။ အဲဒီလို လုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်လို့ ပြန်ပြောခဲ့တယ်။”လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖာဒီနန် ပြောတဲ့ဇာတ်လမ်းဟာ အမှန်တကယ်ဆိုတာကို ပွဲအပြီးမှာ ဂွါဒီယိုလာရဲ့ အပြုအမူကြောင့် ပိုမိုသေချာသွားခဲ့ပြီး ကစားသမားတွေက ကွင်းထဲကနေ ထွက်ခွာနေချိန်မှာ စပိန်လူမျိုးနည်းပြက ဖာဒီနန်ကို လက်ညှိုးထိုးပြီး ခင်ဗျားကို ပြောခဲ့သားပဲလို့ အော်ဟစ်ခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကတော့ ဖာဒီနန်ရဲ့ ခင်ဗျား လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်ဆိုတဲ့ ဝန်ခံမှုကို အံ့အားသင့်ခဲ့ကြပြီး “ဖာဒီနန်က ဂွါဒီယိုလာကို ကံကောင်းပါစေလို့ စာပို့ပြီး ပြောခဲ့တာက လုံးဝကို အရှက်ရစရာပဲ။ မန်ယူနိုက်တက်ဂန္တဝင်က စီးတီးနည်းပြကို မက်ဆေ့ပို့ရတယ်လို့ကွာ။ အင်္ဂလန်မှာ ဘာပြိုင်ဆိုင်မှုမှ မရှိတော့တာ ကျိန်းသေတယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “သီယာရီ အွန်နရီ ဒါမှမဟုတ် ပက်ထရစ် ဗီယာရာက စပါးစ်နည်းပြကို ဆီမီးဖိုင်နယ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးမလား စဉ်းစားလေ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာစီးတီးနောက်ခံလူဟောင်း လက်စ်ကော့တ်က ဖာဒီနန်က ဂွါဒီယိုလာဆီ စာပို့ခဲ့တယ်ဆိုတာကို အတည်ပြုခဲ့ပေမယ့်လည်း ၎င်းပြောတဲ့ ဖြစ်စဉ်က အနည်းငယ် ကွာခြားနေခဲ့တာ ဖြစ်ပါတယ်။

ဖာဒီနန်က ၎င်းရဲ့ ဇာတ်လမ်းကို ထုတ်ဖော်ပြောဆိုပြီးနောက် လက်စ်ကော့တ်က “ဟင့်အင်း။ ခင်ဗျား အဲဒီလို ပြောခဲ့တာမဟုတ်ပါဘူး။ ခင်ဗျား ကျွန်တော့်ကို ပြခဲ့တယ်လေ။”လို့ ပြောဆိုခဲ့ရာမှာ ဖာဒီနန်က ရယ်မောပြီး မန်စီးတီးနောက်ခံလူကို ဘာပြောခဲ့တာလဲဆိုတာကို ရှင်းလင်းဖို့ မေးမြန်းခဲ့ပါတယ်။

မန်စီးတီးနောက်ခံလူက ပြီးတဲ့နောက်မှာ ဟာသဖောက်တဲ့အနေနဲ့ “ဗိုလ်လုပွဲအတွက် လက်မှတ်လေးများ ရနိုင်မလားလို့ ခင်ဗျားပြောခဲ့တာမလား”လို့ ပြောဆိုခဲ့ပြီး ဖာဒီနန်က “ကျွန်တော်ထင်တာက သူ့မှာ ရှိခဲ့တဲ့ ယုံကြည်မှု ယုံကြည်ချက်ပေါ့။ အဲဒါက ပွဲမတိုင်ခင် ၂ နာရီ၊ ၃ နာရီလောက်မှာကတည်းက ရှိနေခဲ့ပုံပေါ်ပြီး ကျွန်တော့်ကို စာပို့ခဲ့တယ်။ ဒါက ဒီပွဲကို သူ ဦးဆောင်နိုင်လောက်တဲ့ အသေးစိတ်အချက်အလက်တွေအပေါ်မှာ စစ်မှန်တဲ့ ယုံကြည်မှုဖြစ်ပြီး ကစားသမားတွေအပေါ်မှာလည်း ယုံကြည်ချက် သူ ရှိပါတယ်။”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီယို ဖာဒီနန္ဟာ ဗုဒၶဟူးေန႔ညက ရီးရဲလ္မက္ဒရစ္ကို မန္ခ်က္စတာစီးတီးက ၄-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမတိုင္ခင္ ဂြါဒီယိုလာကို ကံေကာင္းပါေစလို႔ မက္ေဆ့ေပးပို႔ခဲ့မႈအတြက္ ျပစ္တင္ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ အစ္တီဟတ္မွာ လက္ရွိ ဥေရာပခ်န္ပီယံေတြကို နန္းခ်ၿပီး ဒုတိယအႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ဘာနာဒို ေဆးလ္ဗားရဲ႕ သြင္းဂိုး ၂ ဂိုး၊ အီဒါ မီလီတာအိုရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့သြင္းဂိုးနဲ႔ ယူလီယန္ အယ္လ္ဗာရက္ဇ္ရဲ႕ ေနာက္က်သြင္းဂိုးတို႔ေၾကာင့္ ၂ ေက်ာ့ေပါင္း ၅-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ဇြန္လ ၁၀ ရက္ေန႔ အစၥတန္ဘူလ္မွာ အင္တာမီလန္နဲ႔ ရင္ဆိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ BT Sport ကို စကားေျပာဆိုရာမွာ ေဘာလုံးေဝဖန္သုံးသပ္သူ ဖာဒီနန္က ဂြါဒီယိုလာကို ေပးပို႔ခဲ့တဲ့ မက္ေဆ့ကို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ၿပီး အဂၤလန္ေနာက္ခံလူေဟာင္းဟာ ရဲရဲေတာက္ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းျဖစ္တာေၾကာင့္ ပရိသတ္ေတြၾကားမွာ အံ့အားသင့္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ယခုရာသီမွာ မန္ခ်က္စတာစီးတီးအသင္း ဖလား ၃ လုံးရသြားမွာကို မလိုလားၾကတာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းဟာ တူညီတဲ့ရာသီတစ္ခုအတြင္းမွာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားတို႔ကို အႏိုင္ရရွိခဲ့တဲ့ ေဘာလုံးသမိုင္းထဲက ဒုတိယေျမာက္ အသင္းျဖစ္လာဖို႔ ရည္မွန္းေနတာျဖစ္ပါတယ္။

အဲဒီလို မႀကဳံစဖူး ေအာင္ျမင္မႈကို မန္ခ်က္စတာယူႏိုက္တက္အသင္းက လြန္ခဲ့တဲ့ ၂၄ ႏွစ္က ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္လက္ေအာက္မွာ ရရွိခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္ပရိသတ္ေတြဟာ ေဘာလုံးသမိုင္းမွာ အဲဒီေအာင္ျမင္မႈကို ရရွိခဲ့ဖူးတဲ့တစ္သင္းတည္းေသာအသင္းအျဖစ္ ႀကီးႀကီးမားမား ဂုဏ္ယူခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖာဒီနန္က ဗုဒၶဟူးေန႔ည မန္ခ်က္စတာမွာ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မတိုင္ခင္ ဂြါဒီယိုလာကို အားေပးေထာက္ခံေၾကာင္း မက္ေဆ့ေပးပိုခဲ့တာျဖစ္ပါတယ္။

“ပက္ ဂြါဒီယိုလာ သူ ကြၽန္ေတာ့္ကို စာပို႔ခဲ့တယ္။ ပြဲမတိုင္ခင္တုန္းကပါ။ ကြၽန္ေတာ္က ကံေကာင္းပါေစလို႔ ေျပာခဲ့တယ္။ သူက နားေထာင္၊ ကြၽန္ေတာ့္ကို ယုံၾကည္လိုက္ပါ။ ကြၽန္ေတာ္ သူတို႔ကို လြန္ခဲ့တဲ့ ၂ ႏွစ္က အႏိုင္ယူခဲ့တယ္။ အခု ေနာက္ထပ္တစ္ႀကိမ္ အႏိုင္ယူသြားမယ္။ ယုံၾကည္လိုက္ပါလို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္လည္း ခင္ဗ်ားကို ယုံပါတယ္။ အဲဒီလို လုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္လို႔ ျပန္ေျပာခဲ့တယ္။”လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဖာဒီနန္ ေျပာတဲ့ဇာတ္လမ္းဟာ အမွန္တကယ္ဆိုတာကို ပြဲအၿပီးမွာ ဂြါဒီယိုလာရဲ႕ အျပဳအမူေၾကာင့္ ပိုမိုေသခ်ာသြားခဲ့ၿပီး ကစားသမားေတြက ကြင္းထဲကေန ထြက္ခြာေနခ်ိန္မွာ စပိန္လူမ်ိဳးနည္းျပက ဖာဒီနန္ကို လက္ညႇိဳးထိုးၿပီး ခင္ဗ်ားကို ေျပာခဲ့သားပဲလို႔ ေအာ္ဟစ္ခဲ့တာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚက ပရိသတ္ေတြကေတာ့ ဖာဒီနန္ရဲ႕ ခင္ဗ်ား လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ဆိုတဲ့ ဝန္ခံမႈကို အံ့အားသင့္ခဲ့ၾကၿပီး “ဖာဒီနန္က ဂြါဒီယိုလာကို ကံေကာင္းပါေစလို႔ စာပို႔ၿပီး ေျပာခဲ့တာက လုံးဝကို အရွက္ရစရာပဲ။ မန္ယူႏိုက္တက္ဂႏၲဝင္က စီးတီးနည္းျပကို မက္ေဆ့ပို႔ရတယ္လို႔ကြာ။ အဂၤလန္မွာ ဘာၿပိဳင္ဆိုင္မႈမွ မရွိေတာ့တာ က်ိန္းေသတယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “သီယာရီ အြန္နရီ ဒါမွမဟုတ္ ပက္ထရစ္ ဗီယာရာက စပါးစ္နည္းျပကို ဆီမီးဖိုင္နယ္မွာ ကံေကာင္းပါေစလို႔ ဆုေတာင္းေပးမလား စဥ္းစားေလ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးေနာက္ခံလူေဟာင္း လက္စ္ေကာ့တ္က ဖာဒီနန္က ဂြါဒီယိုလာဆီ စာပို႔ခဲ့တယ္ဆိုတာကို အတည္ျပဳခဲ့ေပမယ့္လည္း ၎ေျပာတဲ့ ျဖစ္စဥ္က အနည္းငယ္ ကြာျခားေနခဲ့တာ ျဖစ္ပါတယ္။

ဖာဒီနန္က ၎ရဲ႕ ဇာတ္လမ္းကို ထုတ္ေဖာ္ေျပာဆိုၿပီးေနာက္ လက္စ္ေကာ့တ္က “ဟင့္အင္း။ ခင္ဗ်ား အဲဒီလို ေျပာခဲ့တာမဟုတ္ပါဘူး။ ခင္ဗ်ား ကြၽန္ေတာ့္ကို ျပခဲ့တယ္ေလ။”လို႔ ေျပာဆိုခဲ့ရာမွာ ဖာဒီနန္က ရယ္ေမာၿပီး မန္စီးတီးေနာက္ခံလူကို ဘာေျပာခဲ့တာလဲဆိုတာကို ရွင္းလင္းဖို႔ ေမးျမန္းခဲ့ပါတယ္။

မန္စီးတီးေနာက္ခံလူက ၿပီးတဲ့ေနာက္မွာ ဟာသေဖာက္တဲ့အေနနဲ႔ “ဗိုလ္လုပြဲအတြက္ လက္မွတ္ေလးမ်ား ရႏိုင္မလားလို႔ ခင္ဗ်ားေျပာခဲ့တာမလား”လို႔ ေျပာဆိုခဲ့ၿပီး ဖာဒီနန္က “ကြၽန္ေတာ္ထင္တာက သူ႔မွာ ရွိခဲ့တဲ့ ယုံၾကည္မႈ ယုံၾကည္ခ်က္ေပါ့။ အဲဒါက ပြဲမတိုင္ခင္ ၂ နာရီ၊ ၃ နာရီေလာက္မွာကတည္းက ရွိေနခဲ့ပုံေပၚၿပီး ကြၽန္ေတာ့္ကို စာပို႔ခဲ့တယ္။ ဒါက ဒီပြဲကို သူ ဦးေဆာင္ႏိုင္ေလာက္တဲ့ အေသးစိတ္အခ်က္အလက္ေတြအေပၚမွာ စစ္မွန္တဲ့ ယုံၾကည္မႈျဖစ္ၿပီး ကစားသမားေတြအေပၚမွာလည္း ယုံၾကည္ခ်က္ သူ ရွိပါတယ္။”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.