Premier League UCL&UEL

လမ်းပတ်ရဲ့ ၁၅ နှစ်ကြာချန်ပီယံလိဂ်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဂရီးလစ်ရှ်

မန်ချက်စတာစီးတီးကြယ်ပွင့် ဂျက်ခ် ဂရီးလစ်ရှ်ဟာ ချန်ပီယံလိဂ်တစ်ရာသီအတွင်း အခွင့်အရေး ဖန်တီးမှု ပိုမိုပြုလုပ်နိုင်ခဲ့တဲ့ အင်္ဂလိပ်ကစားသမားဖြစ်လာဖို့ လမ်းပတ်ရဲ့ ၁၅ နှစ်ကြာ စံချိန်ကို ကျော်တက်ခဲ့ပါတယ်။

လမ်းပတ်ဟာ ၂၀၀၇-၂၀၀၈ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းအတွက် အခွင့်အရေးဖန်တီးမှု ၃၄ ကြိမ် စံချိန်တင် ပြုလုပ်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဂရီးလစ်ရှ်ရဲ့ ဗုဒ္ဓဟူးနေ့ညနေက ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲက အထင်ကြီးဖွယ်စွမ်းဆောင်ရည်က လက်ရှိမှာတော့ ယခုရာသီ ချန်ပီယံလိဂ်မှာ အခွင့်အရေး ၃၅ ကြိမ်အထိ ဖန်တီးနိုင်တဲ့ ကစားသမားဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။

အက်စတန် ဗီလာအသင်းခေါင်းဆောင်ဟောင်းဟာ လာမယ့် ဇွန်လ ၁၀ ရက်နေ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွင်း အဲဒီကိန်းဂဏန်းကို ထပ်မံ တိုးမြှင့်နိုင်မယ့် အခွင့်အရေး ရရှိမှာလည်း ဖြစ်ပါတယ်။

“အခုအချိန်မှာ ကျွန်တော် စိတ်လှုပ်ရှားမှုပြည့်နှက်နေတယ်။ အဲဒါက အရမ်းကောင်းတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားရာမှာ အသင်းတော်တော်များများက ဒီလိုလုပ်နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့က ရပ်တန့်လို့မရနိုင်တဲ့သူတွေလို့ ခံစားခဲ့ရတယ်”

“ဘာလဲတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက စံချိန်မှတ်တမ်းနဲ့ပတ်သက်ပြီး ဟိုတစ်နေ့က အချက်အလက်တွေ မြင်ခဲ့တယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ပွဲတိုင်းကို အနိုင်ရခဲ့တယ်။ အဲဒါက မယုံနိုင်စရာပဲ။ ကျွန်တော်တို့ ဒီရာသီမှာ မရပ်တန့်နိုင်ဘူးလို့ ခံစားရပြီး ဘယ်သူကမှ ကျွန်တော်တို့ကို အနိုင်မယူနိုင်ပါဘူး။ ခင်ဗျား ကျွန်တော်တို့ ဒီညလုပ်ခဲ့တာကို မြင်တဲ့အခါ၊ ဘိုင်ယန်မြူးနစ်၊ လိုက်ပ်ဇစ်တို့နဲ့ ရင်ဆိုင်ကစားခဲ့တာကို မြင်တဲ့အခါမှာ အဲဒါက မယုံနိုင်စရာ ကောင်းပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ရာသီတစ်ခုမှာ အခွင့်အရေးဖန်တီးမှု အများဆုံးဖန်တီးနိုင်ခဲ့တဲ့ အင်္ဂလိပ်ကစားသမားများ

ဂျက်ခ် ဂရီးလစ်ရှ်(မန်စီးတီး ၂၀၂၂-၂၀၂၃)- ၃၅ ကြိမ်

ဖရန့်ခ် လမ်းပတ်(ချဲလ်ဆီး ၂၀၀၇-၂၀၀၈)- ၃၄ ကြိမ်

ဖရန့်ခ် လမ်းပတ်(ချဲလ်ဆီး ၂၀၀၆-၂၀၀၇)- ၃၂ ကြိမ်

ဒေးဗစ် ဘက်ဟမ်း(ရီးရဲလ်မက်ဒရစ် ၂၀၀၅-၂၀၀၆)-၃၂ ကြိမ်

ဖရန့်ခ် လမ်းပတ်(ချဲလ်ဆီး ၂၀၀၈-၂၀၀၉)-၂၈ ကြိမ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.