Premier League

ပရီးမီးယားလိဂ်ကို အသင်းသစ် တန်းတက်လာနိုင်တဲ့ ချန်ပီယံရှစ် Play-off

မန်ယူကွင်းလယ်လူဟောင်းနည်းပြ မိုက်ကယ် ကာရစ်နဲ့ အာဆင်နယ်အကယ်ဒမီထွက် တိုက်စစ်မှူး ချူဘာ အက်ခ်ပွန်မ်တို့ရဲ့ မစ်ဒယ်ဘရော့ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ပြန်လာနိုင်ရေး မျှော်လင့်ချက်တွေကတော့ ကိုဗင်ထရီကို နှစ်ကျော့ပေါင်း တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်လို့ ပျောက်ကွယ်ခဲ့အပြီးမှာ လိဂ်ချန်ပီယံရှစ်ကနေ တတိယမြောက်အသင်းအဖြစ် ဘယ်သူတွေ ထွက်ပေါ်လာမလဲ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

ဘန်လေနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ ပထမနဲ့ ဒုတိယအဖြစ် အသီးသီး တန်းတက်ခဲ့ကြအပြီးမှာ အဆင့်သုံးကနေ ခြောက်အထိဖြစ်တဲ့ လူတန်၊ မစ်ဒယ်ဘရော့၊ ကိုဗင်ထရီနဲ့ ဆန်ဒါးလန်းတို့ထဲက အဆင့် ၃ နဲ့ ၆၊ အဆင့် ၄ နဲ့ ၅ တို့ ပထမအဆင့်အဖြစ် ကစားခဲ့ရပြီး ဒီထဲကမှ လူတန်နဲ့ ကိုဗင်ထရီတို့ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့ကြချိန်မှာ မစ်ဒယ်ဘရော့နဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ အက်ခ်ပွန်မ်ကတော့ ၆ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တာပါ။

လိဂ်ချန်ပီယံရှစ် Play-off Final အဖြစ် လူတန်နဲ့ ကိုဗင်ထရီတို့ဟာ လာမယ့် မေလ ၂၇ ရက်နေ့ကျရင် ဝင်ဘလီကွင်းကြီးမှာ ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းက ပရီးမီးယားလိဂ်ကို တက်ရောက်ခွင့် ရရှိမှာဖြစ်သလို မက်မောလောက်တဲ့ ဆုကြေးငွေနဲ့ ပရီးမီးယားလိဂ်ရဲ့ မြင့်မားတဲ့ ရုပ်သံကြေး ခံစားခွင့်တွေကိုလည်း ရရှိမှာဖြစ်ပါတယ်။

ဒီနှစ်သင်းထဲက လူတန်အသင်းကတော့ ပရီးမီးယားလိဂ် မစတင်ခင် First Divison ပထမတန်းဘဝ ၁၉၉၁-၉၂ ရာသီမှာ နော့စ်ကောင်တီ၊ ဝက်စ်ဟမ်းတို့နဲ့အတူ တန်းဆင်းခဲ့ပြီးတဲ့နောက် ကွန်ဖရင့်ပရီးမီးယားအဆင့်အထိ တစ်ဆင့်ပြီးတစ်ဆင့် တန်းဆင်းခဲ့ရပြီးမှ တဖြည်းဖြည်းနဲ့ ချန်ပီယံရှစ်ကို ပြန်ရောက်လာခဲ့တာဖြစ်သလို ကိုဗင်ထရီအသင်းကတော့ ၂၀၀၀-၀၁ ရာသီမှာ ပရီးမီးယားလိဂ်ကနေ ကိုးရာသီ ကစားပြီးမှ တန်းဆင်းခဲ့ရတာပါ။

ဝင်ဘလီမှာ ကစားရမယ့် Play-off Final မှာ လူတန်သာ အနိုင်ရရှိခဲ့ရင် ပရီးမီးယားလိဂ်ကို ကစားဖူးတဲ့ အသင်းသစ်တစ်သင်း တိုးလာမှာဖြစ်ပြီး ကိုဗင်ထရီသာ အနိုင်ရရှိခဲ့ရင်တော့ ၂၂ နှစ်အကြာမှာ နေရာဟောင်းကို ပြန်လာနိုင်မှာဖြစ်တာကြောင့် စိတ်ဝင်စားသူ ဘောလုံးချစ်ပရိသတ်တွေ စောင့်ကြည့်နိုင်ဖို့ ကြိုတင်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ယူကြင္းလယ္လူေဟာင္းနည္းျပ မိုက္ကယ္ ကာရစ္နဲ႔ အာဆင္နယ္အကယ္ဒမီထြက္ တိုက္စစ္မႉး ခ်ဴဘာ အက္ခ္ပြန္မ္တို႔ရဲ႕ မစ္ဒယ္ဘေရာ့ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ျပန္လာႏိုင္ေရး ေမွ်ာ္လင့္ခ်က္ေတြကေတာ့ ကိုဗင္ထရီကို ႏွစ္ေက်ာ့ေပါင္း တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္လို႔ ေပ်ာက္ကြယ္ခဲ့အၿပီးမွာ လိဂ္ခ်န္ပီယံရွစ္ကေန တတိယေျမာက္အသင္းအျဖစ္ ဘယ္သူေတြ ထြက္ေပၚလာမလဲ စိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။

ဘန္ေလနဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္တို႔ ပထမနဲ႔ ဒုတိယအျဖစ္ အသီးသီး တန္းတက္ခဲ့ၾကအၿပီးမွာ အဆင့္သုံးကေန ေျခာက္အထိျဖစ္တဲ့ လူတန္၊ မစ္ဒယ္ဘေရာ့၊ ကိုဗင္ထရီနဲ႔ ဆန္ဒါးလန္းတို႔ထဲက အဆင့္ ၃ နဲ႔ ၆၊ အဆင့္ ၄ နဲ႔ ၅ တို႔ ပထမအဆင့္အျဖစ္ ကစားခဲ့ရၿပီး ဒီထဲကမွ လူတန္နဲ႔ ကိုဗင္ထရီတို႔ ေနာက္ဆုံးအဆင့္ကို ေရာက္ရွိခဲ့ၾကခ်ိန္မွာ မစ္ဒယ္ဘေရာ့နဲ႔ ဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ အက္ခ္ပြန္မ္ကေတာ့ ၆ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ခဲ့တာပါ။

လိဂ္ခ်န္ပီယံရွစ္ Play-off Final အျဖစ္ လူတန္နဲ႔ ကိုဗင္ထရီတို႔ဟာ လာမယ့္ ေမလ ၂၇ ရက္ေန႔က်ရင္ ဝင္ဘလီကြင္းႀကီးမွာ ကစားရမွာျဖစ္ၿပီး အႏိုင္ရတဲ့ အသင္းက ပရီးမီးယားလိဂ္ကို တက္ေရာက္ခြင့္ ရရွိမွာျဖစ္သလို မက္ေမာေလာက္တဲ့ ဆုေၾကးေငြနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ျမင့္မားတဲ့ ႐ုပ္သံေၾကး ခံစားခြင့္ေတြကိုလည္း ရရွိမွာျဖစ္ပါတယ္။

ဒီႏွစ္သင္းထဲက လူတန္အသင္းကေတာ့ ပရီးမီးယားလိဂ္ မစတင္ခင္ First Divison ပထမတန္းဘဝ ၁၉၉၁-၉၂ ရာသီမွာ ေနာ့စ္ေကာင္တီ၊ ဝက္စ္ဟမ္းတို႔နဲ႔အတူ တန္းဆင္းခဲ့ၿပီးတဲ့ေနာက္ ကြန္ဖရင့္ပရီးမီးယားအဆင့္အထိ တစ္ဆင့္ၿပီးတစ္ဆင့္ တန္းဆင္းခဲ့ရၿပီးမွ တျဖည္းျဖည္းနဲ႔ ခ်န္ပီယံရွစ္ကို ျပန္ေရာက္လာခဲ့တာျဖစ္သလို ကိုဗင္ထရီအသင္းကေတာ့ ၂၀၀၀-၀၁ ရာသီမွာ ပရီးမီးယားလိဂ္ကေန ကိုးရာသီ ကစားၿပီးမွ တန္းဆင္းခဲ့ရတာပါ။

ဝင္ဘလီမွာ ကစားရမယ့္ Play-off Final မွာ လူတန္သာ အႏိုင္ရရွိခဲ့ရင္ ပရီးမီးယားလိဂ္ကို ကစားဖူးတဲ့ အသင္းသစ္တစ္သင္း တိုးလာမွာျဖစ္ၿပီး ကိုဗင္ထရီသာ အႏိုင္ရရွိခဲ့ရင္ေတာ့ ၂၂ ႏွစ္အၾကာမွာ ေနရာေဟာင္းကို ျပန္လာႏိုင္မွာျဖစ္တာေၾကာင့္ စိတ္ဝင္စားသူ ေဘာလုံးခ်စ္ပရိသတ္ေတြ ေစာင့္ၾကည့္ႏိုင္ဖို႔ ႀကိဳတင္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.