Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၇.၁၀.၂၀၂၀

– ၿပီးခဲ့တဲ့ ၂၀၁၉ ေႏြရာသီက အက္စ္တန္ဗီလာအသင္းကို ေရာင္းခ်ထားခဲ့ၿပီး လက္ရွိမွာ ေျခစြမ္းျပေနတဲ့ ကြင္းလယ္အဖ်က္ကစားသမား ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို Buy Back Clause ေပါင္ ၂၅ သန္းနဲ႔ မန္ခ်က္စတာစီးတီးအသင္း ျပန္လည္ေခၚယူဖို႔ အသံထြက္လာ။

– ဘာစီလိုနာအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကို အခ်ိန္မီ ေရာင္းခ်ႏုိင္ျခင္းမရွိခဲ့တဲ့အတြက္ အဲရစ္ ဂါစီယာကို ေခၚယူဖို႔ မျဖစ္ႏုိင္ခဲ့တာလို႔ သိရၿပီး ေဆာင္းရာသီမွာ ျပန္လည္ႀကဳိးစားသြားဖို႔ စီစဥ္ေန။

– အသင္းနဲ႔ စာခ်ဳပ္သက္တမ္း မတုိးေတာ့ဘူးလို႔ ေၾကျငာထားခဲ့ေပမယ့္ သူ႕ကို ဘာစီလိုနအသင္းဆီ ေရာင္းခ်ခဲ့ျခင္းမရွိတဲ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဆုံးျဖတ္ခ်က္ကို နားမလည္ႏုိင္ဘူးလို႔ အဲရစ္ ဂါစီယာ ေျပာၾကား။

– ပူးမားအားကစားပစၥည္းထုတ္လုပ္ေရးကုမၸဏီကေန တာဝန္ယူက်င္းပခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအတြက္ အက်ႌဒီဇိုင္း ေရးဆြဲၿပဳိင္ပြဲမွာ အုိင္ယာလန္ႏုိင္ငံ၊ ဒပ္ဘလင္ၿမဳိ႕က အသက္ ၉ ႏွစ္အရြယ္ မိန္းကေလး လူစီ ဘက္သ္ရဲ႕ အျဖဴ၊ အျပာနဲ႔ ပန္းေရာင္ ဒီဇုိင္းက ဆုရရွိခဲ့ၿပီး ၿပဳိင္ပြဲဝင္ တစ္ေထာင္ေက်ာ္ထဲက အႏုိင္ရသူအျဖစ္ တုိက္စစ္မွဴး အေဂြ႐ိုက ေၾကျငာေပးခဲ့။

– ကြင္းလယ္လူ အစၥေမးလ္ ဘင္နာဆာအတြက္ ပီအက္စ္ဂ်ီနဲ႔အၿပဳိင္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ခ်ိတ္ဆက္စုံစမ္းမွဳကို ရရွိခဲ့တယ္လို႔ ေအစီမီလန္အသင္းက ထုတ္ေဖာ္သြားခဲ့ၿပီး တရားဝင္ကမ္းလွမ္းမွဳေတာ့ မလုပ္ခဲ့ဘူးလို႔ဆို။

– လက္စတာစီးတီးအသင္းေတာင္ပံကစားသမား ဟာဗီ ဘန္းစ္က သူ႕အေနနဲ႔ မန္ခ်က္စတာစီးတီးေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ရဲ႕ ပုံမွန္ဂိုးသြင္းႏိုင္တဲ့သူတစ္ဦးအျဖစ္ တုိးတက္ေျပာင္းလဲမွဳကို အတုယူၿပီး ႀကဳိးစားသြားမယ္လုိ႔ ေျပာၾကား။

– လီယြန္နယ္ မက္ဆီကို မန္ခ်က္စတာစီးတီးဆီ ေျပာင္းေရႊ႕မွာကို တားျမစ္ခဲ့တဲ့ ဘာစီလိုနာအသင္းရဲ႕ ဘဏၰာေရးအေျခအေနက ပိုမိုက်ပ္တည္းလာၿပီး ဒါဟာ ဘာတိုမူရဲ႕ အမွားေတြသာျဖစ္သလို အသင္းအတြက္နဲ႔ ကစားသမားအတြက္ နားလည္မေပးဘဲ တစ္ကိုယ္ေကာင္းဆန္တဲ့ လုပ္ရပ္သာျဖစ္တယ္လို႔ လာေပၚတာလက္ထက္က ဘဏၰာေရးမွဴး ဇာဗီယား ဆာလာ ေဝဖန္။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီက အက်စ်တန်ဗီလာအသင်းကို ရောင်းချထားခဲ့ပြီး လက်ရှိမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်အဖျက်ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို Buy Back Clause ပေါင် ၂၅ သန်းနဲ့ မန်ချက်စတာစီးတီးအသင်း ပြန်လည်ခေါ်ယူဖို့ အသံထွက်လာ။

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို အချိန်မီ ရောင်းချနိုင်ခြင်းမရှိခဲ့တဲ့အတွက် အဲရစ် ဂါစီယာကို ခေါ်ယူဖို့ မဖြစ်နိုင်ခဲ့တာလို့ သိရပြီး ဆောင်းရာသီမှာ ပြန်လည်ကြိုးစားသွားဖို့ စီစဉ်နေ။

– အသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ဘူးလို့ ကြေငြာထားခဲ့ပေမယ့် သူ့ကို ဘာစီလိုနအသင်းဆီ ရောင်းချခဲ့ခြင်းမရှိတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဘူးလို့ အဲရစ် ဂါစီယာ ပြောကြား။

– ပူးမားအားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကနေ တာဝန်ယူကျင်းပခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအတွက် အင်္ကျီဒီဇိုင်း ရေးဆွဲပြိုင်ပွဲမှာ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့က အသက် ၉ နှစ်အရွယ် မိန်းကလေး လူစီ ဘက်သ်ရဲ့ အဖြူ၊ အပြာနဲ့ ပန်းရောင် ဒီဇိုင်းက ဆုရရှိခဲ့ပြီး ပြိုင်ပွဲဝင် တစ်ထောင်ကျော်ထဲက အနိုင်ရသူအဖြစ် တိုက်စစ်မှူး အဂွေရိုက ကြေငြာပေးခဲ့။

– ကွင်းလယ်လူ အစ္စမေးလ် ဘင်နာဆာအတွက် ပီအက်စ်ဂျီနဲ့အပြိုင် မန်ချက်စတာစီးတီးအသင်းရဲ့ ချိတ်ဆက်စုံစမ်းမှုကို ရရှိခဲ့တယ်လို့ အေစီမီလန်အသင်းက ထုတ်ဖော်သွားခဲ့ပြီး တရားဝင်ကမ်းလှမ်းမှုတော့ မလုပ်ခဲ့ဘူးလို့ဆို။

– လက်စတာစီးတီးအသင်းတောင်ပံကစားသမား ဟာဗီ ဘန်းစ်က သူ့အနေနဲ့ မန်ချက်စတာစီးတီးတောင်ပံကစားသမား ရာဟင်းမ် စတာလင်ရဲ့ ပုံမှန်ဂိုးသွင်းနိုင်တဲ့သူတစ်ဦးအဖြစ် တိုးတက်ပြောင်းလဲမှုကို အတုယူပြီး ကြိုးစားသွားမယ်လို့ ပြောကြား။

– လီယွန်နယ် မက်ဆီကို မန်ချက်စတာစီးတီးဆီ ပြောင်းရွှေ့မှာကို တားမြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဏာရေးအခြေအနေက ပိုမိုကျပ်တည်းလာပြီး ဒါဟာ ဘာတိုမူရဲ့ အမှားတွေသာဖြစ်သလို အသင်းအတွက်နဲ့ ကစားသမားအတွက် နားလည်မပေးဘဲ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့ လာပေါ်တာလက်ထက်က ဘဏ္ဏာရေးမှူး ဇာဗီယား ဆာလာ ဝေဖန်။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.