Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၇.၁၀.၂၀၂၀

– အာဆင္နယ္အသင္းကေန စိန္႔အက္တီယန္ကို အငွားျပန္ေျပာင္းေရႊ႕ဖို႔ ႀကဳိးစားခဲ့တဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာရဲ႕ ခ်ိတ္ဆက္မွဳကို ပညာသားပါပါေတာင္းဆုိမွဳျဖစ္တဲ့ ကစားခြင့္ အျပည့္အဝ မေပးႏုိင္ရင္ ေလ်ာ္ေၾကးေပးေခ်ခိုင္းခဲ့လို႔ ပ်က္ျပယ္သြားခဲ့တာအတြက္ ကစားသမား စိတ္ပ်က္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ အရန္အသင္းအတြက္ အသုံးျပဳၿပီး တစ္ခ်ိန္မွာ အသင္းႀကီးကို ေရာက္လာႏုိင္တဲ့ လူငယ္ေတြကို ေခၚယူခဲ့ၿပီး အုိင္းယက္စ္ေတာင္ပံသမား ဂ်ဳိယယ္လ္ အီဒီဟိုနဲ႔ မာလ္မို တုိက္စစ္မွဴး နီကိုလိုင္ မူလာတုိ႔ကို စတိဗ္ ဘုိးလ္ဒ္အတြက္ အားျဖည့္ေပးထား။

– အသင္းကို အေျပာင္းအေရႊ႕ ေနာက္ဆုံးေန႔မွာ ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို ေခၚယူဖို႔ လြန္ခဲ့တဲ့ တစ္ႏွစ္က ကမ္းလွမ္းခဲ့ဖူးၿပီး နည္းျပေဟာင္း အူႏိုင္း အမ္မရီက ေတာင္ပံကစားသမားပဲ လိုခ်င္တယ္ဆုိၿပီး ပယ္ခ်ခဲ့လုိ႔ မေရာက္ခဲ့တာလို႔ဆို။

– အာဆင္နယ္အသင္းမွာ ပုိမုိတုိက္စစ္လုိက္ပါႏုိင္ခြင့္ကို ရရွိႏုိင္မွာျဖစ္လို႔ ခံစစ္သက္သက္ပဲ ကစားရတဲ့ အက္သလက္တီကို မက္ဒရစ္က ေျပာင္းေရႊ႕လာခဲ့တာျဖစ္ေၾကာင္း ေသာမတ္စ္ ပါေတးရဲ႕ နီးစပ္တဲ့ အသိုင္းအဝိုင္းက ထုတ္ေဖာ္သြား။

– အသင္းနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြဟာ မိမိကို မဖ်က္ဆီးႏုိင္ေၾကာင္းနဲ႔ ဟာသာဘာလင္မွာ တစ္ရာသီ ကစားၿပီးရင္ ပုိေကာင္းၿပီး ပုိႀကံ့ခိုင္တဲ့ ပုံစံနဲ႔ ျပန္လာခဲ့မယ္လို႔ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီ ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ ၿပဳိင္ဘက္ေနာက္ခံလူေဟာင္းနဲ႔ ပါေတးရဲ႕ အက္သလက္တီကို အသင္းေဖာ္ ကီရန္ ထရစ္ပီယာက ေသာမတ္စ္ဟာ မယုံႏုိင္ေလာက္ေအာင္ ႀကံ့ခိုင္ၿပီး တစ္ဖက္ကစားသမားေတြကို ျဖတ္ေက်ာ္ႏိုင္သလို အဂၤလိပ္လိုလည္း ေကာင္းေကာင္း ကၽြမ္းက်င္သူျဖစ္လုိ႔ ပရီးမီးယားလိဂ္မွာ သူ႕အတြက္ အခက္အခဲ မရွိဘဲ အသားက်ႏုိင္မယ္လို႔ ေထာက္ခံ။

– ဟာသာဘာလင္ေနာက္ခံလူ အုိမာ ရီကစ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ကိုးသိန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီႏုိင္ခဲ့ေပမယ့္ အဓိကပစ္မွတ္ ေသာမတ္စ္ ပါေတးအတြက္ အလုပ္ေတြ ရွဳပ္ေနတာေၾကာင့္ အခ်ိန္မီ မေခၚယူႏုိင္ခဲ့လို႔ ဇန္နဝါရီရဲ႕ ပထမဆုံးအေျပာင္းအေရႊ႕အျဖစ္ အီဒူး စီစဥ္ထား။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းကနေ စိန့်အက်တီယန်ကို အငှားပြန်ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့တဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာရဲ့ ချိတ်ဆက်မှုကို ပညာသားပါပါတောင်းဆိုမှုဖြစ်တဲ့ ကစားခွင့် အပြည့်အဝ မပေးနိုင်ရင် လျော်ကြေးပေးချေခိုင်းခဲ့လို့ ပျက်ပြယ်သွားခဲ့တာအတွက် ကစားသမား စိတ်ပျက်နေ။

– အာဆင်နယ်အသင်းအနေနဲ့ အရန်အသင်းအတွက် အသုံးပြုပြီး တစ်ချိန်မှာ အသင်းကြီးကို ရောက်လာနိုင်တဲ့ လူငယ်တွေကို ခေါ်ယူခဲ့ပြီး အိုင်းယက်စ်တောင်ပံသမား ဂျိုယယ်လ် အီဒီဟိုနဲ့ မာလ်မို တိုက်စစ်မှူး နီကိုလိုင် မူလာတို့ကို စတိဗ် ဘိုးလ်ဒ်အတွက် အားဖြည့်ပေးထား။

– အသင်းကို အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို ခေါ်ယူဖို့ လွန်ခဲ့တဲ့ တစ်နှစ်က ကမ်းလှမ်းခဲ့ဖူးပြီး နည်းပြဟောင်း အူနိုင်း အမ်မရီက တောင်ပံကစားသမားပဲ လိုချင်တယ်ဆိုပြီး ပယ်ချခဲ့လို့ မရောက်ခဲ့တာလို့ဆို။

– အာဆင်နယ်အသင်းမှာ ပိုမိုတိုက်စစ်လိုက်ပါနိုင်ခွင့်ကို ရရှိနိုင်မှာဖြစ်လို့ ခံစစ်သက်သက်ပဲ ကစားရတဲ့ အက်သလက်တီကို မက်ဒရစ်က ပြောင်းရွှေ့လာခဲ့တာဖြစ်ကြောင်း သောမတ်စ် ပါတေးရဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ထုတ်ဖော်သွား။

– အသင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေဟာ မိမိကို မဖျက်ဆီးနိုင်ကြောင်းနဲ့ ဟာသာဘာလင်မှာ တစ်ရာသီ ကစားပြီးရင် ပိုကောင်းပြီး ပိုကြံ့ခိုင်တဲ့ ပုံစံနဲ့ ပြန်လာခဲ့မယ်လို့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီ ပြောကြား။

– အာဆင်နယ်အသင်းရဲ့ ပြိုင်ဘက်နောက်ခံလူဟောင်းနဲ့ ပါတေးရဲ့ အက်သလက်တီကို အသင်းဖော် ကီရန် ထရစ်ပီယာက သောမတ်စ်ဟာ မယုံနိုင်လောက်အောင် ကြံ့ခိုင်ပြီး တစ်ဖက်ကစားသမားတွေကို ဖြတ်ကျော်နိုင်သလို အင်္ဂလိပ်လိုလည်း ကောင်းကောင်း ကျွမ်းကျင်သူဖြစ်လို့ ပရီးမီးယားလိဂ်မှာ သူ့အတွက် အခက်အခဲ မရှိဘဲ အသားကျနိုင်မယ်လို့ ထောက်ခံ။

– ဟာသာဘာလင်နောက်ခံလူ အိုမာ ရီကစ်ကို ပြောင်းရွှေ့ကြေး ပေါင်ကိုးသိန်းနဲ့ ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့ပေမယ့် အဓိကပစ်မှတ် သောမတ်စ် ပါတေးအတွက် အလုပ်တွေ ရှုပ်နေတာကြောင့် အချိန်မီ မခေါ်ယူနိုင်ခဲ့လို့ ဇန်နဝါရီရဲ့ ပထမဆုံးအပြောင်းအရွှေ့အဖြစ် အီဒူး စီစဉ်ထား။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.