Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၈.၁၀.၂၀၂၀

– အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ယူ႐ိုပါလိဂ္ အုပ္စုအဆင့္အတြက္ လူစာရင္းတင္သြင္းမွဳမွာ ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္နဲ႔ ေနာက္ခံလူ ဆုိကရာတစ္ ပါပါစတာသိုပူးေလာ့စ္တို႔ကို ခ်န္လွပ္ထားခဲ့ၿပီး အသင္းရဲ႕ အစီအစဥ္ေတြထဲမွာ မပါဝင္ေၾကာင္း ျပသ။

– အာဆင္နယ္အသင္း(အာဆင္ဝင္းဂါးနဲ႔ အူႏုိင္း အမ္မရီ)အေနနဲ႔ ပက္ထရစ္ ဗီယာရာကို ေရာင္းခ်ၿပီးခဲ့ကတည္းက အခုလို ေသာမတ္စ္ ပါေတးကို လူမွန္ေနရာမွန္ ရရွိဖို႔ ၾကားထဲမွာ ကြင္းလယ္ကစားသမားေတြအတြက္ ေပါင္ ၈၂.၁ သန္းအထိ ျဖဳန္းတီးပစ္ခဲ့ေၾကာင္း မွတ္တမ္းေတြ ေဖာ္ျပ။

– ေသာမတ္စ္ ပါေတးအေနနဲ႔ အင္တာဗ်ဴးတစ္ခုမွာ အာဆင္နယ္အသင္းကို ေရာက္ရွိတဲ့အခါ တြဲဖက္ကစားခ်င္ဆုံး အသင္းေဖာ္အျဖစ္ ဆြစ္ဇာလန္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ေရြးခ်ယ္ခဲ့တယ္လုိ႔ အက္သလက္တစ္ ေဖာ္ျပ။

– လက္ေရြးစင္အသင္းတာဝန္မွာ အသင္းေဖာ္တစ္ဦးျဖစ္တဲ့ ေဆာက္သမ္တန္ကြင္းလယ္လူ စတူးဝပ္ အမ္းစ္ထေရာင္းမွာ ကိုဗစ္-၁၉ ဗုိင္းရပ္စ္ပုိး ေတြ႕ရွိခဲ့မွဳေၾကာင့္ သူနဲ႔ အနီးစပ္ဆုံး ထိေတြ႕သူႏွစ္ဦးထဲက တစ္ဦးျဖစ္တဲ့ အာဆင္နယ္ေနာက္ခံလူ ကီရန္ တီယာနီကို ၁၄ ရက္ ခြဲျခားေစာင့္ၾကည့္ဖို႔ လုပ္ထုံးလုပ္နည္းေတြအရ ေဆာင္ရြက္ေနၿပီး ကစားသမားကေတာ့ သူဟာ သတ္မွတ္ထားတဲ့ အကြာအေဝးမွာ ေနထုိင္ခဲ့သလို ေလာေလာဆယ္ ေဆးစစ္ခ်က္ကတည္း နေဂးတစ္ျဖစ္လုိ႔ ဒီကိစၥကို ျပန္လည္သုံးသပ္ေစလိုတယ္လုိ႔ သိရ။

– ေသာမတ္စ္ ပါေတးအတြက္ ကစားသမားအေရာင္းပုိင္းက အခ်ိန္မီ လုံေလာက္တဲ့ ေငြေၾကးကို မရွာေဖြႏုိင္ခဲ့တာေၾကာင့္ ေျပာင္းေရႊ႕ေၾကး ယူ႐ိုသန္း ၅၀ အထိ အာဆင္နယ္ပိုင္ရွင္ ခ႐ိုယန္ကီက စိုက္ထုတ္ေပးခဲ့ရၿပီး လာမယ့္အေျပာင္းအေရႊ႕ေတြမွာလည္း အခုလို ပါဝင္ပတ္သက္ေစဖို႔ ပရိသတ္ေတြ အလိုရွိေနၾက။

– ေနာ့ဝစ္ခ်္အသင္းက အငွားနဲ႔ ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လုိ႔ သတင္းထြက္ေနခဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအတြက္ ခ်န္ပီယံရွစ္ အသင္းရဲ႕ ကြင္းလယ္လူ အီမီလီယာႏို ဘြန္ဒီယာနဲ႔ တစ္ရာသီအငွားခ်င္း တုိက္႐ိုက္လဲလွယ္ဖုိ႔ အာဆင္နယ္ပရိသတ္ေတြ အႀကံျပဳ။

– ဟူဆင္းမ္ ေအာဝါကို ေခၚယူဖို႔ သူ႕ရဲ႕အသင္း လီယြန္နဲ႔ ဆက္ဆံေရး အဆင္မေျပေတာ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီမွာ ဒီေနရာအတြက္ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ေဒါမနစ္ ဆုိေဘာ့ဆ္လုိင္းကိုပဲ ေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ ဖာဘရီဇီယို ႐ိုမာႏိုေဖာ္ျပ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ယူရိုပါလိဂ် အုပ်စုအဆင့်အတွက် လူစာရင်းတင်သွင်းမှုမှာ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်နဲ့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်တို့ကို ချန်လှပ်ထားခဲ့ပြီး အသင်းရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်ကြောင်း ပြသ။

– အာဆင်နယ်အသင်း(အာဆင်ဝင်းဂါးနဲ့ အူနိုင်း အမ်မရီ)အနေနဲ့ ပက်ထရစ် ဗီယာရာကို ရောင်းချပြီးခဲ့ကတည်းက အခုလို သောမတ်စ် ပါတေးကို လူမှန်နေရာမှန် ရရှိဖို့ ကြားထဲမှာ ကွင်းလယ်ကစားသမားတွေအတွက် ပေါင် ၈၂.၁ သန်းအထိ ဖြုန်းတီးပစ်ခဲ့ကြောင်း မှတ်တမ်းတွေ ဖော်ပြ။

– သောမတ်စ် ပါတေးအနေနဲ့ အင်တာဗျူးတစ်ခုမှာ အာဆင်နယ်အသင်းကို ရောက်ရှိတဲ့အခါ တွဲဖက်ကစားချင်ဆုံး အသင်းဖော်အဖြစ် ဆွစ်ဇာလန်ကွင်းလယ်လူ ဂရာနစ် ချာကာကို ရွေးချယ်ခဲ့တယ်လို့ အက်သလက်တစ် ဖော်ပြ။

– လက်ရွေးစင်အသင်းတာဝန်မှာ အသင်းဖော်တစ်ဦးဖြစ်တဲ့ ဆောက်သမ်တန်ကွင်းလယ်လူ စတူးဝပ် အမ်းစ်ထရောင်းမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့မှုကြောင့် သူနဲ့ အနီးစပ်ဆုံး ထိတွေ့သူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ အာဆင်နယ်နောက်ခံလူ ကီရန် တီယာနီကို ၁၄ ရက် ခွဲခြားစောင့်ကြည့်ဖို့ လုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်နေပြီး ကစားသမားကတော့ သူဟာ သတ်မှတ်ထားတဲ့ အကွာအဝေးမှာ နေထိုင်ခဲ့သလို လောလောဆယ် ဆေးစစ်ချက်ကတည်း နဂေးတစ်ဖြစ်လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်စေလိုတယ်လို့ သိရ။

– သောမတ်စ် ပါတေးအတွက် ကစားသမားအရောင်းပိုင်းက အချိန်မီ လုံလောက်တဲ့ ငွေကြေးကို မရှာဖွေနိုင်ခဲ့တာကြောင့် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ အထိ အာဆင်နယ်ပိုင်ရှင် ခရိုယန်ကီက စိုက်ထုတ်ပေးခဲ့ရပြီး လာမယ့်အပြောင်းအရွှေ့တွေမှာလည်း အခုလို ပါဝင်ပတ်သက်စေဖို့ ပရိသတ်တွေ အလိုရှိနေကြ။

– နော့ဝစ်ချ်အသင်းက အငှားနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းထွက်နေခဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာအတွက် ချန်ပီယံရှစ် အသင်းရဲ့ ကွင်းလယ်လူ အီမီလီယာနို ဘွန်ဒီယာနဲ့ တစ်ရာသီအငှားချင်း တိုက်ရိုက်လဲလှယ်ဖို့ အာဆင်နယ်ပရိသတ်တွေ အကြံပြု။

– ဟူဆင်းမ် အောဝါကို ခေါ်ယူဖို့ သူ့ရဲ့အသင်း လီယွန်နဲ့ ဆက်ဆံရေး အဆင်မပြေတော့တဲ့ အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီမှာ ဒီနေရာအတွက် ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကိုပဲ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဖာဘရီဇီယို ရိုမာနိုဖော်ပြ။

REF: NEWSNOW
PHOTOS CREDIT TO OWNERS
SPORTS A2Z.