Other Leagues

မိသားစုကို ကာကွယ်ဖို့ စာချုပ်ထဲမှာ အချက်တစ်ချက်ထည့်ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ လက်တွဲဖော် ဂျော်ဂျီနာ ရိုဒရီဂက်ဇ်နဲ့ ကလေးတွေအပါအဝင် အခြား မိသားစုဝင်တွေကို ကာကွယ်ဖို့အတွက် ၎င်းရဲ့ အလုပ်သမားတွေခန့်အပ်ရာမှာ စာချုပ်ထဲမှာ လျှို့ဝှက်အချက်တစ်ချက်ကို ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုနဲ့ ရိုဒရီဂက်ဇ်တို့ဟာ မကြာသေးမီကမှ မီဒီယာတွေမှာ ၎င်းတို့ရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ထင်ကြေးပေးတဲ့ သတင်းတွေ ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပြီး ပေါ်တူ့ဂီကြယ်ပွင့်တို့ စုံတွဲအတွက်လည်း အဖြစ်အပျက်တွေ စုံလင်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ၎င်းတို့ရဲ့ ကလေးတစ်ဦး ဆုံးရှုံးခဲ့ရတဲ့ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်စဉ်နဲ့ စတင်ခဲ့တာဖြစ်ပြီး အဲဒီကိစ္စအပြီးမှာ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ အငြင်းပွားပြီးနောက် အသင်းကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုတို့ စုံတွဲဟာ ၎င်းတို့ ကလေးတွေထဲက တစ်ဦးဖြစ်တဲ့ အလာနာ မာတီနာ အူခွဲစိတ်မှုလိုမျိုး ကျန်းမာရေး ပြဿနာအချို့ ရှိခဲ့ပြီး ပေါ်တူဂီကြယ်ပွင့် အယ်လ် နာဆာကို ပြောင်းရွှေ့ခဲ့တာကြောင့် တစ်မိသားစုလုံး ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ ထွက်ပေါ်နေတဲ့ ကောလာဟလတွေအရ ရော်နယ်လ်ိဒုဟာ ယခုလာမယ့်နွေရာသီမှာ အသင်းကို စွန့်ခွာဖို့ ကြိုးပမ်းနေတယ်လို့ သိရပြီး ဘယ်လိုပဲဖြစ်ဖြစ် ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ လက်တွဲဖော် ဂျော်ဂျီနာ၊ ကလေးတွေနဲ့ ဆွေမျိုးသားချင်းတွေကို ကာကွယ်ထားတာဖြစ်ပါတယ်။

ဂျာမန်မဂ္ဂဇင်း Der Spiegel က ဂန္တဝင် တိုက်စစ်မှူးဟာ ၎င်းရဲ့ ဝန်ထမ်းအားလုံးကို လျှို့ဝှက် သဘောတူညီချက်တစ်ခု စာချုပ်ထဲမှာ ချုပ်ဆိုထားတယ်လို့ သိရပြီး အဲဒီသဘောတူညီမှုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို သေဆုံးပြီး နှစ် ၇၀ အထိ ဖြစ်တယ်လို့ သိရပါတယ်။

သဘောတူညီမှုထဲမှာ ဝန်ထမ်းတွေဟာ ရော်နယ်လ်ဒို သို့မဟုတ် ၎င်းရဲ့ မိသားစုဘဝအကြောင်းကို ပြင်ပကမ္ဘာက လူတွေကို ဘာသတင်းအချက်အလက်မှ မပေးဖို့ တားမြစ်ထားတာဖြစ်ပြီး ဂျော်ဂျီနာ ရိုဒရီဂက်ဇ်၊ သားသမီးတွေဖြစ်တဲ့ ခရစ္စတီယာနို ဂျူနီယာ၊ အီဗာ၊ မက်တီအို၊ အလာနာ၊ ဘယ်လာ အက်စ်မက်ရယ်ဒါနဲ့ ရော်နယ်လ်ဒိုရဲ့ မွေးချင်းတွေလည်း ပါဝင်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ လက္တြဲေဖာ္ ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂက္ဇ္နဲ႔ ကေလးေတြအပါအဝင္ အျခား မိသားစုဝင္ေတြကို ကာကြယ္ဖို႔အတြက္ ၎ရဲ႕ အလုပ္သမားေတြခန႔္အပ္ရာမွာ စာခ်ဳပ္ထဲမွာ လွ်ိဳ႕ဝွက္အခ်က္တစ္ခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုခဲ့တယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ ႐ိုဒရီဂက္ဇ္တို႔ဟာ မၾကာေသးမီကမွ မီဒီယာေတြမွာ ၎တို႔ရဲ႕ ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး ထင္ေၾကးေပးတဲ့ သတင္းေတြ ေဖာ္ျပျခင္းခံခဲ့ရတာျဖစ္ၿပီး ေပၚတူ႔ဂီၾကယ္ပြင့္တို႔ စုံတြဲအတြက္လည္း အျဖစ္အပ်က္ေတြ စုံလင္တဲ့ႏွစ္တစ္ႏွစ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မွာ ၎တို႔ရဲ႕ ကေလးတစ္ဦး ဆုံးရႈံးခဲ့ရတဲ့ ဝမ္းနည္းေၾကကြဲဖြယ္ျဖစ္စဥ္နဲ႔ စတင္ခဲ့တာျဖစ္ၿပီး အဲဒီကိစၥအၿပီးမွာ ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အျငင္းပြားၿပီးေနာက္ အသင္းကေန ထြက္ခဲ့ရတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုတို႔ စုံတြဲဟာ ၎တို႔ ကေလးေတြထဲက တစ္ဦးျဖစ္တဲ့ အလာနာ မာတီနာ အူခြဲစိတ္မႈလိုမ်ိဳး က်န္းမာေရး ျပႆနာအခ်ိဳ႕ ရွိခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ အယ္လ္ နာဆာကို ေျပာင္းေ႐ႊ႕ခဲ့တာေၾကာင့္ တစ္မိသားစုလုံး ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာ ထြက္ေပၚေနတဲ့ ေကာလာဟလေတြအရ ေရာ္နယ္လ္ိဒုဟာ ယခုလာမယ့္ေႏြရာသီမွာ အသင္းကို စြန႔္ခြာဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရၿပီး ဘယ္လိုပဲျဖစ္ျဖစ္ ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ လက္တြဲေဖာ္ ေဂ်ာ္ဂ်ီနာ၊ ကေလးေတြနဲ႔ ေဆြမ်ိဳးသားခ်င္းေတြကို ကာကြယ္ထားတာျဖစ္ပါတယ္။

ဂ်ာမန္မဂၢဇင္း Der Spiegel က ဂႏၲဝင္ တိုက္စစ္မႉးဟာ ၎ရဲ႕ ဝန္ထမ္းအားလုံးကို လွ်ိဳ႕ဝွက္ သေဘာတူညီခ်က္တစ္ခု စာခ်ဳပ္ထဲမွာ ခ်ဳပ္ဆိုထားတယ္လို႔ သိရၿပီး အဲဒီသေဘာတူညီမႈဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေသဆုံးၿပီး ႏွစ္ ၇၀ အထိ ျဖစ္တယ္လို႔ သိရပါတယ္။

သေဘာတူညီမႈထဲမွာ ဝန္ထမ္းေတြဟာ ေရာ္နယ္လ္ဒို သို႔မဟုတ္ ၎ရဲ႕ မိသားစုဘဝအေၾကာင္းကို ျပင္ပကမာၻက လူေတြကို ဘာသတင္းအခ်က္အလက္မွ မေပးဖို႔ တားျမစ္ထားတာျဖစ္ၿပီး ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂက္ဇ္၊ သားသမီးေတြျဖစ္တဲ့ ခရစၥတီယာႏို ဂ်ဴနီယာ၊ အီဗာ၊ မက္တီအို၊ အလာနာ၊ ဘယ္လာ အက္စ္မက္ရယ္ဒါနဲ႔ ေရာ္နယ္လ္ဒိုရဲ႕ ေမြးခ်င္းေတြလည္း ပါဝင္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.