La Liga UCL&UEL

အစ်တီဟတ်ကွင်းထဲမရောက်ခင်ကတည်းက ပညာပေးခံနေရတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တွေဟာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားရမယ့် အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် မန်ချက်စတာလေဆိပ်အပြင်ဘက်မှာ မိုးတိုးမတ်တပ်တွေ ဖြစ်ခဲ့ကြပါတယ်။

လာလီဂါထိပ်သီးအသင်းကြီးဟာ ယနေ့ညမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေကို ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီပွဲမှာ အနိုင်ရရှိမယ့်အသင်းနဲ့ ရင်ဆိုင်ဖို့ အင်တာမီလန်က ဗိုလ်လုပွဲမှာ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘာနေဗျူးမှာ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ဦးဆောင်ဂိုးကို ကီဗင် ဒီဘရိုင်းနားက အလွန်ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့ ချေပနိုင်ခဲ့ပြီးနောက် ပွဲက ညီမျှသွားခဲ့တာဖြစ်ပြီး ဒီနေ့ညမှာ ဘာမဆို ဖြစ်သွားနိုင်တဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကာလို အန်ချယ်လော့တီရဲ့အသင်းဟာ မန်ချက်စတာလေဆိပ်ရဲ့ ဂိတ် ၂ အပြင်ဘက်မှာ ခရီးမဆက်နိုင်ဘဲ မိုးတိုးမတ်တပ်တွေ ဖြစ်ခဲ့ကြတာကြောင့် ကြိုတင်ပြင်ဆင်ချိန်က ပိုမို နည်းပါးသွားခဲ့တယ်လို့ The Mirror က ဖော်ပြခဲ့ပြီး အင်္ဂလန်ကို ရောက်ရောက်ချင်းပဲ ရီးရဲလ်မက်ဒရစ်ကစားသမားတွေဟာ လာကြိုမယ့်ဘတ်စ်ကား အချိန်မီ ရောက်မလာတာကြောင့် အံ့အားသင့်ခဲ့ကြတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းသားတွေဟာ ခရီးပန်းလာပေမယ့်လည်း ဂိတ် ၂ အပြင်ဘက်မှာ မိနစ် ၄၀ အထိ မိုးတိုးမတ်တပ်နဲ့ စောင့်ဆိုင်းခဲ့ရတယ်လို့ သိရပြီး နောက်ဆုံးမှာတော့ Hyatt Regency ဟိုတယ်ရဲ့ ကြိုပို့ယာဉ်က လာကြိုသွားခဲ့တာဖြစ်ပါတယ်။

အန်ချယ်လော့တီဟာ အင်္ဂလန်ကို ရောက်ရောက်ချင်း ဟိုတယ်ကို ပို့ဆောင်ပေးမယ့် ဘတ်စ်ကားကို လေဆိပ်အပြင်ဘက်မှာ မတ်တပ်ရပ် စောင့်ဆိုင်းခဲ့ရတာကြောင့် မကျေမနပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေတြဟာ မန္ခ်က္စတာစီးတီးနဲ႔ ရင္ဆိုင္ကစားရမယ့္ အေရးႀကီးတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ မန္ခ်က္စတာေလဆိပ္အျပင္ဘက္မွာ မိုးတိုးမတ္တပ္ေတြ ျဖစ္ခဲ့ၾကပါတယ္။

လာလီဂါထိပ္သီးအသင္းႀကီးဟာ ယေန႔ညမွာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူေတြကို ရင္ဆိုင္သြားရမွာျဖစ္ၿပီး ဒီပြဲမွာ အႏိုင္ရရွိမယ့္အသင္းနဲ႔ ရင္ဆိုင္ဖို႔ အင္တာမီလန္က ဗိုလ္လုပြဲမွာ ေစာင့္ဆိုင္းေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ဘာေနဗ်ဴးမွာ ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ ဦးေဆာင္ဂိုးကို ကီဗင္ ဒီဘ႐ိုင္းနားက အလြန္ေကာင္းမြန္တဲ့ အေဝးကန္ခ်က္နဲ႔ ေခ်ပႏိုင္ခဲ့ၿပီးေနာက္ ပြဲက ညီမွ်သြားခဲ့တာျဖစ္ၿပီး ဒီေန႔ညမွာ ဘာမဆို ျဖစ္သြားႏိုင္တဲ့အေျခအေနမွာရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကာလို အန္ခ်ယ္ေလာ့တီရဲ႕အသင္းဟာ မန္ခ်က္စတာေလဆိပ္ရဲ႕ ဂိတ္ ၂ အျပင္ဘက္မွာ ခရီးမဆက္ႏိုင္ဘဲ မိုးတိုးမတ္တပ္ေတြ ျဖစ္ခဲ့ၾကတာေၾကာင့္ ႀကိဳတင္ျပင္ဆင္ခ်ိန္က ပိုမို နည္းပါးသြားခဲ့တယ္လို႔ The Mirror က ေဖာ္ျပခဲ့ၿပီး အဂၤလန္ကို ေရာက္ေရာက္ခ်င္းပဲ ရီးရဲလ္မက္ဒရစ္ကစားသမားေတြဟာ လာႀကိဳမယ့္ဘတ္စ္ကား အခ်ိန္မီ ေရာက္မလာတာေၾကာင့္ အံ့အားသင့္ခဲ့ၾကတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းသားေတြဟာ ခရီးပန္းလာေပမယ့္လည္း ဂိတ္ ၂ အျပင္ဘက္မွာ မိနစ္ ၄၀ အထိ မိုးတိုးမတ္တပ္နဲ႔ ေစာင့္ဆိုင္းခဲ့ရတယ္လို႔ သိရၿပီး ေနာက္ဆုံးမွာေတာ့ Hyatt Regency ဟိုတယ္ရဲ႕ ႀကိဳပို႔ယာဥ္က လာႀကိဳသြားခဲ့တာျဖစ္ပါတယ္။

အန္ခ်ယ္ေလာ့တီဟာ အဂၤလန္ကို ေရာက္ေရာက္ခ်င္း ဟိုတယ္ကို ပို႔ေဆာင္ေပးမယ့္ ဘတ္စ္ကားကို ေလဆိပ္အျပင္ဘက္မွာ မတ္တပ္ရပ္ ေစာင့္ဆိုင္းခဲ့ရတာေၾကာင့္ မေက်မနပ္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.