Serie A UCL&UEL

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့ ကစားချင်လဲ ပြောပြခဲ့တဲ့ ဇနက်တီ

အင်တာမီလန်ဒုဥက္ကဌ ဇေးဗီးယား ဇနက်တီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ထက် မန်ချက်စတာစီးတီးနဲ့ပဲ ကစားချင်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ အင်္ဂါနေ့ညနေက ဆန်စီရိုမှာ အေစီမီလန်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး ၂ ကျော့ပေါင်း ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

စီးရီးအေကလပ်အသင်းဟာ လက်ရှိမှာတော့ ဇွန်လ ၁၀ ရက်နေ့ အတာတုခ်အိုလံပစ်ကွင်းမှာ ဘယ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမလဲဆိုတာကို ယနေ့ည မန်စီးတီးအိမ်ကွင်းမှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။

အစ်တီဟတ်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်ဟာ ပထမအကျော့တုန်းက ဘာနေဗျူးမှာ ၁-၁ နဲ့ သရေကျခဲ့တာကြောင့် အကြိတ်အနယ်ဖြစ်လာတော့မှာဖြစ်ပြီး ဇနက်တီက မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်သမိုင်းကြောင်းကြောင့် မန်စီးတီးကိုပဲ ဗိုလ်လုပွဲတက်စေချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အရမ်းကြီးမားတဲ့ စိတ်ခံစားမှုပါ။ ဒီအစုအဖွဲ့က ဒီစိတ်ခံစားမှုနဲ့ ထိုက်တန်ပါတယ်။ အခု ကျွန်တော်တို့ မနက်ဖြန်မှာ ပြိုင်ဘက်ကို သိရဖို့အတွက် စောင့်မျှော်ရတော့မှာဖြစ်ပေမယ့် အခုအချိန်ကတည်းက တော်တော်များများကတော့ သိထားပြီးသားပါ”

“ကျွန်တော် ရီးရဲလ်မက်ဒရစ်နဲ့ မတွေ့ချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲက ရီးရဲလ်မက်ဒရစ်အတွက် လုပ်ထားသလိုမျိုးဖြစ်နေလို့ပါ။ ဒါပေမယ့် အခု ဗိုလ်လုပွဲမှာ ရှိနေရတာကိုပဲ ကျေနပ်မိတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ ဒါဘီပွဲဆိုတာက အရမ်းကို ခက်ခဲပါတယ်။ ကျွန်တော် ရှုံးနိမ့်တဲ့ကစားသမားတစ်ယောက်အဖြစ်နဲ့ အရင်က ကြုံခဲ့ဖူးပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အင္တာမီလန္ဒုဥကၠဌ ေဇးဗီးယား ဇနက္တီက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္ထက္ မန္ခ်က္စတာစီးတီးနဲ႔ပဲ ကစားခ်င္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

အင္တာမီလန္အသင္းဟာ အဂၤါေန႔ညေနက ဆန္စီ႐ိုမွာ ေအစီမီလန္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ၿပီး ၂ ေက်ာ့ေပါင္း ၃-၀ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

စီးရီးေအကလပ္အသင္းဟာ လက္ရွိမွာေတာ့ ဇြန္လ ၁၀ ရက္ေန႔ အတာတုခ္အိုလံပစ္ကြင္းမွာ ဘယ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမလဲဆိုတာကို ယေန႔ည မန္စီးတီးအိမ္ကြင္းမွာ ကစားမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္ကို ေစာင့္ၾကည့္သြားရေတာ့မွာျဖစ္ပါတယ္။

အစ္တီဟတ္မွာ ကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္ဟာ ပထမအေက်ာ့တုန္းက ဘာေနဗ်ဴးမွာ ၁-၁ နဲ႔ သေရက်ခဲ့တာေၾကာင့္ အႀကိတ္အနယ္ျဖစ္လာေတာ့မွာျဖစ္ၿပီး ဇနက္တီက မက္ဒရစ္ရဲ႕ ခ်န္ပီယံလိဂ္သမိုင္းေၾကာင္းေၾကာင့္ မန္စီးတီးကိုပဲ ဗိုလ္လုပြဲတက္ေစခ်င္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အရမ္းႀကီးမားတဲ့ စိတ္ခံစားမႈပါ။ ဒီအစုအဖြဲ႕က ဒီစိတ္ခံစားမႈနဲ႔ ထိုက္တန္ပါတယ္။ အခု ကြၽန္ေတာ္တို႔ မနက္ျဖန္မွာ ၿပိဳင္ဘက္ကို သိရဖို႔အတြက္ ေစာင့္ေမွ်ာ္ရေတာ့မွာျဖစ္ေပမယ့္ အခုအခ်ိန္ကတည္းက ေတာ္ေတာ္မ်ားမ်ားကေတာ့ သိထားၿပီးသားပါ”

“ကြၽန္ေတာ္ ရီးရဲလ္မက္ဒရစ္နဲ႔ မေတြ႕ခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ ဒီၿပိဳင္ပြဲက ရီးရဲလ္မက္ဒရစ္အတြက္ လုပ္ထားသလိုမ်ိဳးျဖစ္ေနလို႔ပါ။ ဒါေပမယ့္ အခု ဗိုလ္လုပြဲမွာ ရွိေနရတာကိုပဲ ေက်နပ္မိတယ္။ ဆီမီးဖိုင္နယ္အဆင့္မွာ ဒါဘီပြဲဆိုတာက အရမ္းကို ခက္ခဲပါတယ္။ ကြၽန္ေတာ္ ရႈံးနိမ့္တဲ့ကစားသမားတစ္ေယာက္အျဖစ္နဲ႔ အရင္က ႀကဳံခဲ့ဖူးပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.