Analysis UCL&UEL

ယနေ့ညမှာ ရီးရဲလ်ကို မန်စီးတီး အနိုင်ရသွားနိုင်တဲ့အကြောင်းအရင်း ၅ ချက်

မန်ချက်စတာစီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ယနေ့ညမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အစ်တီဟတ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားတော့မှာဖြစ်ပြီး တော်တော်လေး အကြိတ်အနယ်ရှိတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက သမိုင်းကြောင်းကြောင့် လာလီဂါထိပ်သီးအသင်းကြီးနဲ့ ဆန့်ကျင်ပြီး လောင်းကြေးထပ်လို့ ရနိုင်မှာ မဟုတ်ပေမယ့်လည်း မန်ချက်စတာစီးတီးဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံမှာ ရှိနေတာဖြစ်ပါတယ်။

ဒီ ၂ သင်းဟာ ပြီးခဲ့တဲ့နှစ်က ဆီမီးဖိုင်နယ်အဆင့်မှာပဲ တွေ့ဆုံယှဉ်ပြိုင်ခဲ့ဖူးပြီး ရီးရဲလ်မက်ဒရစ်အသင်းက အနိုင်ရရှိသွားခဲ့တာဖြစ်ပေမယ့်လည်း ပထမအကျော့တုန်းက ဘာနေဗျူးမှာ မန်စီးတီးကို အနိုင်မကစားနိုင်ခဲ့ဘဲ ၁-၁ သရေကျခဲ့တာဖြစ်ပါတယ်။

ဒုတိယအကျော့ပွဲစဉ်ဟာ တစ်ဖက်နဲ့တစ်ဖက် ဖွင့်မကစားဘဲ အငိုက်ချောင်းပြီး ထိုးဖောက်မယ့် ပွဲစဉ်ဖြစ်လာမယ်လို့ မျှော်လင့်ရပြီး ရီးရဲလ်မက်ဒရစ်နောက်တဆင့်တက်ဖို့ထက် မန်စီးတီးက ပြီးခဲ့တဲ့ရာသီတုန်းက ဆီမီးဖိုင်နယ်ရှုံးကြွေးကို ဆပ်နိုင်မယ်လို့ ထင်မြင်မိပြီး အဲဒီလို ထင်မြင်ရတဲ့အကြောင်းအရင်းကလည်း ၅ ခု ရှိပါတယ်။

၅။ အိမ်ကွင်းအားသာချက်ရှိနေတဲ့ စီးတီး

ရီးရဲလ်မက်ဒရစ်ဟာ အစ်တီဟတ်ကို နောက်ဆုံးလာရောက်ခဲ့တဲ့ ခရီးစဉ်တွေမှာ ပျော်စရာအမှတ်တရတွေ များများစားစားမရှိခဲ့ဘဲ နောက်ဆုံး ၄ ပွဲမှာ တစ်ပွဲမှ အနိုင်မရခဲ့ဘဲ ၂ ပွဲသရေ ၂ ပွဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် ၂၅ ပွဲကို တစ်ပွဲမှ မရှုံးနိမ့်ခဲ့ဘဲ အစ်တီဟတ်ကို ခံတပ်အဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပြီး အစ်တီဟတ်မှာ ဂွါဒီယိုလာရဲ့အသင်းကို ချန်ပီယံလိဂ်မှာ နောက်ဆုံးအနိုင်ယူခဲ့တဲ့အသင်းကတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းက လီယွန်ဖြစ်ပါတယ်။ ပထမအကျော့မှာ ၁-၁ နဲ့ သရေကျခဲ့တာကြောင့် မန်စီးတီးဟာ ကိုယ့်အိမ်ကွင်း၊ ကိုယ့်ပရိသတ်တွေရှေ့မှာ ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးပိုရှိနေတာဖြစ်ပါတယ်။

၄။ ပိုမိုကောင်းမွန်တဲ့လူစာရင်းပိုင်ဆိုင်ထားတဲ့ စီးတီး

မန်စီးတီးဟာ နေရာတိုင်းနီးပါးမှာ မယုံနိုင်လောက်စရာ အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ကစားသမားတွေရှိပြီး တိုက်စစ်မှာဆိုရင် ဟာလန်း၊ ဂရီးလစ်ရှ်၊ ဘာနာဒို ဆေးလ်ဗားတို့ ပွဲထွက်ပါဝင်ကစားရင်တောင် မာရက်ဇ်၊ ဖိုဒန်၊ ယူလီယန် အယ်လ်ဗာရက်ဇ်တို့က အရန်ခုံမှာ ရှိနေတာဖြစ်ပါတယ်။ ဒီဘရိုင်းနားဟာ အဲဗာတန်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့အပတ်ပွဲစဉ်မှာ အနားပေးခံခဲ့ရတာကြောင့် ကြံ့ခိုင်မှုအပြည့် ရရှိနေမှာဖြစ်ပြီး ယနေ့ညမှာ အင်အားအတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာမှာ သေချာပါတယ်။

၃။ အရမ်းကောင်းတဲ့ခြေစွမ်းရရှိနေတဲ့ မန်စီးတီး

မန်စီးတီးဟာ ပြိုင်ပွဲစုံမှာ နောက်ဆုံး ၂၂ ပွဲမှာ တစ်ပွဲမှ မရှုံးနိမ့်ခဲ့တဲ့ ခြေစွမ်းနဲ့ ယနေ့ည ချန်ပီယံလိဂ်ဆီမီး ဒုတိယအကျော့ကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့က စပါးစ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲက နောက်ဆုံး ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲဆက်တိုက် နိုင်ပွဲ ရရှိခဲ့ပြီး တနင်္ဂနွေနေ့မှာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့မယ်ဆိုရင် ၃ နှစ်ဆက်တက် အမှတ်ပေးဖလားကို ကိုင်မြှောက်သွားနိုင်မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း နောက်ဆုံး ၁၆ ပွဲမှာ ရှုံးပွဲတစ်ပွဲသာ တွေ့ခဲ့ပြီး အဲဒီအပြင် ပြီးခဲ့တဲ့ရာသီ ရီးရဲလ်မက်ဒရစ်ကို ယခုလို ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့ပြီးကတည်းက နောက်ဆုံးကစားခဲ့တဲ့ ဥရောပ ၁၁ ပွဲမှာ ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။

၂။ ဂိုးသွင်းစက် ဟာလန်း ရှိနေခြင်း

ရီးရဲလ်မက်ဒရစ်ဟာ ပထမအကျော့တုန်းက ဟာလန်းကို ထိန်းနိုင်ခဲ့ပြီး ရူဒီဂါက နော်ဝေတိုက်စစ်မှူးကို အသေကပ်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာလန်းက ဒီတစ်ကြိမ်မှာတော့ ရူဒီဂါ ဘယ်လိုမှ ထိန်းမရအောင် ကြိုတင်ပြင်ဆင်လာမှာဖြစ်ပြီး ဒေါ့မွန်ကြယ်ပွင့်ဟောင်းရဲ့ ဂိုးသွင်းစံချိန်က စကားပြောနေတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲမှာ သွင်းဂိုး ၅၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ ယနေ့ညပွဲမှာ ခံစစ်မှာ အမှားလုပ်လို့မရဘဲ ဟာလန်းအပေါ်မှာပဲ အရမ်းအာရုံစိုက်ထားလို့ မရတာဖြစ်ပြီး ကျန်တဲ့ မန်စီးတီးတိုက်စစ်ကစားသမားတွေအားလုံးကလည်း အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နော်ဝေတိုက်စစ်မှူးဟာ ဒီနေ့ညပွဲစဉ်မှာ မန်ချက်စတာစီးတီး ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ ကြီးမားတဲ့အကြောင်းအရင်းတစ်ခု ဖြစ်လာတော့မှာဖြစ်ပါတယ်။

၁။ ရီးရဲလ်မက်ဒရစ်ထက် စိတ်ဓာတ်ပိုမိုတက်ကြွနေတဲ့ မန်စီးတီး

မန်စီးတီးဟာ အသင်းသမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိချင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းက အနီးစပ်ဆုံးအခြေအနေထိ ရောက်ရှိခဲ့ပေမယ့်လည်း ကျရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဂွါဒီယိုလာရဲ့အသင်းဟာ ရှောင်ပြေးနေတဲ့ ဥရောပဆုဖလားကြီးကို အနိုင်ရရှိဖို့ ရှိသမျှ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပြီးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုးပွဲစဉ်တွေဟာ ဂိုးရလဒ်အပေါ်မှာပဲ ဆုံးဖြတ်တာဖြစ်ပြီး မန်စီးတီးက ရီးရဲလ်မက်ဒရစ်ထက်စာရင် ချန်ပီယံလိဂ်ဖလားကို လိုချင်တဲ့စိတ်က အနည်းငယ် ပိုမိုများပြားနေမှာ ဖြစ်တာကြောင့် အဲဒီစိတ်နဲ့ အရည်အသွေးတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီညမှာ သမိုင်းဝင်အောင်ပွဲရဖို့က မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ဟာ ယေန႔ညမွာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ အစ္တီဟတ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားေတာ့မွာျဖစ္ၿပီး ေတာ္ေတာ္ေလး အႀကိတ္အနယ္ရွိတဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက သမိုင္းေၾကာင္းေၾကာင့္ လာလီဂါထိပ္သီးအသင္းႀကီးနဲ႔ ဆန႔္က်င္ၿပီး ေလာင္းေၾကးထပ္လို႔ ရႏိုင္မွာ မဟုတ္ေပမယ့္လည္း မန္ခ်က္စတာစီးတီးဟာ လက္ရွိအခ်ိန္မွာ အေကာင္းဆုံးပုံစံမွာ ရွိေနတာျဖစ္ပါတယ္။

ဒီ ၂ သင္းဟာ ၿပီးခဲ့တဲ့ႏွစ္က ဆီမီးဖိုင္နယ္အဆင့္မွာပဲ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ဖူးၿပီး ရီးရဲလ္မက္ဒရစ္အသင္းက အႏိုင္ရရွိသြားခဲ့တာျဖစ္ေပမယ့္လည္း ပထမအေက်ာ့တုန္းက ဘာေနဗ်ဴးမွာ မန္စီးတီးကို အႏိုင္မကစားႏိုင္ခဲ့ဘဲ ၁-၁ သေရက်ခဲ့တာျဖစ္ပါတယ္။

ဒုတိယအေက်ာ့ပြဲစဥ္ဟာ တစ္ဖက္နဲ႔တစ္ဖက္ ဖြင့္မကစားဘဲ အငိုက္ေခ်ာင္းၿပီး ထိုးေဖာက္မယ့္ ပြဲစဥ္ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ရၿပီး ရီးရဲလ္မက္ဒရစ္ေနာက္တဆင့္တက္ဖို႔ထက္ မန္စီးတီးက ၿပီးခဲ့တဲ့ရာသီတုန္းက ဆီမီးဖိုင္နယ္ရႈံးေႂကြးကို ဆပ္ႏိုင္မယ္လို႔ ထင္ျမင္မိၿပီး အဲဒီလို ထင္ျမင္ရတဲ့အေၾကာင္းအရင္းကလည္း ၅ ခု ရွိပါတယ္။

၅။ အိမ္ကြင္းအားသာခ်က္ရွိေနတဲ့ စီးတီး

ရီးရဲလ္မက္ဒရစ္ဟာ အစ္တီဟတ္ကို ေနာက္ဆုံးလာေရာက္ခဲ့တဲ့ ခရီးစဥ္ေတြမွာ ေပ်ာ္စရာအမွတ္တရေတြ မ်ားမ်ားစားစားမရွိခဲ့ဘဲ ေနာက္ဆုံး ၄ ပြဲမွာ တစ္ပြဲမွ အႏိုင္မရခဲ့ဘဲ ၂ ပြဲသေရ ၂ ပြဲ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးဟာ ေနာက္ဆုံးကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၂၅ ပြဲကို တစ္ပြဲမွ မရႈံးနိမ့္ခဲ့ဘဲ အစ္တီဟတ္ကို ခံတပ္အျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ၿပီး အစ္တီဟတ္မွာ ဂြါဒီယိုလာရဲ႕အသင္းကို ခ်န္ပီယံလိဂ္မွာ ေနာက္ဆုံးအႏိုင္ယူခဲ့တဲ့အသင္းကေတာ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလတုန္းက လီယြန္ျဖစ္ပါတယ္။ ပထမအေက်ာ့မွာ ၁-၁ နဲ႔ သေရက်ခဲ့တာေၾကာင့္ မန္စီးတီးဟာ ကိုယ့္အိမ္ကြင္း၊ ကိုယ့္ပရိသတ္ေတြေရွ႕မွာ ဗိုလ္လုပြဲတက္ဖို႔ အခြင့္အေရးပိုရွိေနတာျဖစ္ပါတယ္။

၄။ ပိုမိုေကာင္းမြန္တဲ့လူစာရင္းပိုင္ဆိုင္ထားတဲ့ စီးတီး

မန္စီးတီးဟာ ေနရာတိုင္းနီးပါးမွာ မယုံႏိုင္ေလာက္စရာ အရည္အခ်င္းကို ပိုင္ဆိုင္ထားတဲ့ကစားသမားေတြရွိၿပီး တိုက္စစ္မွာဆိုရင္ ဟာလန္း၊ ဂရီးလစ္ရွ္၊ ဘာနာဒို ေဆးလ္ဗားတို႔ ပြဲထြက္ပါဝင္ကစားရင္ေတာင္ မာရက္ဇ္၊ ဖိုဒန္၊ ယူလီယန္ အယ္လ္ဗာရက္ဇ္တို႔က အရန္ခုံမွာ ရွိေနတာျဖစ္ပါတယ္။ ဒီဘ႐ိုင္းနားဟာ အဲဗာတန္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ၿပီးခဲ့တဲ့အပတ္ပြဲစဥ္မွာ အနားေပးခံခဲ့ရတာေၾကာင့္ ႀကံ့ခိုင္မႈအျပည့္ ရရွိေနမွာျဖစ္ၿပီး ယေန႔ညမွာ အင္အားအေတာင့္တင္းဆုံး လူစာရင္းနဲ႔ ပြဲထြက္လာမွာ ေသခ်ာပါတယ္။

၃။ အရမ္းေကာင္းတဲ့ေျခစြမ္းရရွိေနတဲ့ မန္စီးတီး

မန္စီးတီးဟာ ၿပိဳင္ပြဲစုံမွာ ေနာက္ဆုံး ၂၂ ပြဲမွာ တစ္ပြဲမွ မရႈံးနိမ့္ခဲ့တဲ့ ေျခစြမ္းနဲ႔ ယေန႔ည ခ်န္ပီယံလိဂ္ဆီမီး ဒုတိယအေက်ာ့ကို ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က စပါးစ္ကို အေဝးကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ပြဲက ေနာက္ဆုံး ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္ကတည္းက မန္ခ်က္စတာစီးတီးဟာ ပရီးမီးယားလိဂ္မွာ ၁၁ ပြဲဆက္တိုက္ ႏိုင္ပြဲ ရရွိခဲ့ၿပီး တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီးကို အႏိုင္ရရွိခဲ့မယ္ဆိုရင္ ၃ ႏွစ္ဆက္တက္ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္သြားႏိုင္မွာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာလည္း ေနာက္ဆုံး ၁၆ ပြဲမွာ ရႈံးပြဲတစ္ပြဲသာ ေတြ႕ခဲ့ၿပီး အဲဒီအျပင္ ၿပီးခဲ့တဲ့ရာသီ ရီးရဲလ္မက္ဒရစ္ကို ယခုလို ဆီမီးဖိုင္နယ္အဆင့္မွာ ရႈံးနိမ့္ခဲ့ၿပီးကတည္းက ေနာက္ဆုံးကစားခဲ့တဲ့ ဥေရာပ ၁၁ ပြဲမွာ ရႈံးပြဲမရွိခဲ့တာျဖစ္ပါတယ္။

၂။ ဂိုးသြင္းစက္ ဟာလန္း ရွိေနျခင္း

ရီးရဲလ္မက္ဒရစ္ဟာ ပထမအေက်ာ့တုန္းက ဟာလန္းကို ထိန္းႏိုင္ခဲ့ၿပီး ႐ူဒီဂါက ေနာ္ေဝတိုက္စစ္မႉးကို အေသကပ္ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဟာလန္းက ဒီတစ္ႀကိမ္မွာေတာ့ ႐ူဒီဂါ ဘယ္လိုမွ ထိန္းမရေအာင္ ႀကိဳတင္ျပင္ဆင္လာမွာျဖစ္ၿပီး ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းရဲ႕ ဂိုးသြင္းစံခ်ိန္က စကားေျပာေနတာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီ မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံ ၄၈ ပြဲမွာ သြင္းဂိုး ၅၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ေပးထားတာ ျဖစ္ပါတယ္။ ရီးရဲလ္အေနနဲ႔ ယေန႔ညပြဲမွာ ခံစစ္မွာ အမွားလုပ္လို႔မရဘဲ ဟာလန္းအေပၚမွာပဲ အရမ္းအာ႐ုံစိုက္ထားလို႔ မရတာျဖစ္ၿပီး က်န္တဲ့ မန္စီးတီးတိုက္စစ္ကစားသမားေတြအားလုံးကလည္း အလြန္ေကာင္းမြန္တဲ့ ဂိုးသြင္းစြမ္းရည္ကို ပိုင္ဆိုင္ထားၾကတာျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေနာ္ေဝတိုက္စစ္မႉးဟာ ဒီေန႔ညပြဲစဥ္မွာ မန္ခ်က္စတာစီးတီး ဗိုလ္လုပြဲတက္ေရာက္ႏိုင္ဖို႔ ႀကီးမားတဲ့အေၾကာင္းအရင္းတစ္ခု ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

၁။ ရီးရဲလ္မက္ဒရစ္ထက္ စိတ္ဓာတ္ပိုမိုတက္ႂကြေနတဲ့ မန္စီးတီး

မန္စီးတီးဟာ အသင္းသမိုင္းေၾကာင္းတေလွ်ာက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရရွိခ်င္ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက အနီးစပ္ဆုံးအေျခအေနထိ ေရာက္ရွိခဲ့ေပမယ့္လည္း က်ရႈံးခဲ့ရတာျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ ဂြါဒီယိုလာရဲ႕အသင္းဟာ ေရွာင္ေျပးေနတဲ့ ဥေရာပဆုဖလားႀကီးကို အႏိုင္ရရွိဖို႔ ရွိသမွ် နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးပမ္းဖို႔ စိတ္ပိုင္းျဖတ္ထားခဲ့ၿပီးျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ လႊမ္းမိုးထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီလိုမ်ိဳးပြဲစဥ္ေတြဟာ ဂိုးရလဒ္အေပၚမွာပဲ ဆုံးျဖတ္တာျဖစ္ၿပီး မန္စီးတီးက ရီးရဲလ္မက္ဒရစ္ထက္စာရင္ ခ်န္ပီယံလိဂ္ဖလားကို လိုခ်င္တဲ့စိတ္က အနည္းငယ္ ပိုမိုမ်ားျပားေနမွာ ျဖစ္တာေၾကာင့္ အဲဒီစိတ္နဲ႔ အရည္အေသြးေတြကို ေပါင္းစပ္လိုက္မယ္ဆိုရင္ ဒီညမွာ သမိုင္းဝင္ေအာင္ပြဲရဖို႔က မျဖစ္ႏိုင္ဘူးလို႔ ေျပာလို႔မရပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.