Premier League Serie A

ကစားသမားနဲ့သဘောတူညီမှုရပြီးနောက် နာပိုလီကို ပေးမယ့်ပမာဏကို ပြောပြခဲ့တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ နာပိုလီအသင်းကို နောက်ခံကစာသးမား ကင်မင်ဂျေးကိုခေါ်ယူဖို့အတွက် စာချုပ်လျော်ကြေးကို ပေးချေဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့တယ်လို့ သတင်းသစ်တွေအရ သိရပါတယ်။

အီတလီသတင်းဌာန Il Mattino ရဲ့ ဖော်ပြချက်အရ တနင်္လာနေ့မှာ ကင်က ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီး အသေးစိတ်အချက်အလက်တွေကတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲရစ် တန်ဟက်ရဲ့ အသင်းဟာ နာပိုလီနောက်ခံကစားသမားကို ကြီးမားတဲ့ လစာပမာဏ ကမ်းလှမ်းခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမားဟာ ယခုရာသီမှာ စီးရီးအေချန်ပီယံတွေအတွက် အဓိကကစားသမားအဖြစ် ကစားပေးခဲ့သူဖြစ်ပါတယ်။

ကင်မင်ဂျေးဟာ မန်ချက်စတာယူနိုက်တက်နောက်တန်းမှာ ရာဖေးလ် ဗာရွမ်း၊ လီဆန်ဒရို မာတီနက်ဇ်တို့အပြင် နောက်ထပ် အရည်အသွေးတွေ ထပ်မံယူဆောင်ပေးနိုင်မယ့် ကစားသမားဖြစ်လာမှာဖြစ်ပြီး တောင်ကိုရီးယားနောက်ခံလူကို နာပိုလီနည်းပြ စပယ်လက်တီက ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံလူလို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက တစ်နှစ်လုပ်ခလစာ ယူရို ၉ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီးနောက် ကင်မင်ဂျေးက အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာဖြစ်ပြီး အဓိကအချက်က တန်ဟက်ရဲ့အသင်းဟာ ယခုနွေရာသီမှာ နာပိုလီကို ကစားသမားရဲ့ စာချုပ်လျော်ကြေးအတိုင်း ပေးချေသွားမယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။

ကင်မင်ဂျေးရဲ့ စာချုပ်လျော်ကြေးဟာ ယူရို ၅၆ သန်းရှိပြီး မန်ချက်စတာယူနိုက်တက်သာ အဲဒီစာချုပ်လျော်ကြေးကို အသက်သွင်းနိုင်ခဲ့မယ်ဆိုရင် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးညှိနှိုင်းလို့ ရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခြား စာချုပ်တွေမှာ ပါဝင်တဲ့ လျော်ကြေးအချက်တွေနဲ့ မတူညီတာက ကင်မင်ဂျေးရဲ့ စာချုပ်လျော်ကြေးကို ယခုနွေရာသီ ဇူလိုင် ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အတွင်းသာ အသက်သွင်းလို့ ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် အဲရစ် တန်ဟက်ရဲ့အသင်းဟာ တောင်ကိုရီးယားနောက်ခံလူနဲ့ သဘောတူညီမှုကို လျင်လျင်မြန်မြန် ရအောင် လုပ်ဆောင်ဖို့ လိုအပ်ပြီး ဇူလိုင် ၁၅ ရက်နေ့အထိ မခေါ်ယူနိုင်ဘူးဆိုရင်တော့ နာပိုလီအသင်းဟာ ကင်မင်ဂျေးအတွက် ပြောင်းရွှေ့ကြေးကို စိတ်ကြိုက်တိုးတောင်းနိုင်တော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ နာပိုလီအသင္းကို ေနာက္ခံကစာသးမား ကင္မင္ေဂ်းကိုေခၚယူဖို႔အတြက္ စာခ်ဳပ္ေလ်ာ္ေၾကးကို ေပးေခ်ဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာၾကားခဲ့တယ္လို႔ သတင္းသစ္ေတြအရ သိရပါတယ္။

အီတလီသတင္းဌာန Il Mattino ရဲ႕ ေဖာ္ျပခ်က္အရ တနလၤာေန႔မွာ ကင္က ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခဲ့ၿပီး အေသးစိတ္အခ်က္အလက္ေတြကေတာ့ ေဆြးေႏြးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

အဲရစ္ တန္ဟက္ရဲ႕ အသင္းဟာ နာပိုလီေနာက္ခံကစားသမားကို ႀကီးမားတဲ့ လစာပမာဏ ကမ္းလွမ္းခဲ့တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ယခုရာသီမွာ စီးရီးေအခ်န္ပီယံေတြအတြက္ အဓိကကစားသမားအျဖစ္ ကစားေပးခဲ့သူျဖစ္ပါတယ္။

ကင္မင္ေဂ်းဟာ မန္ခ်က္စတာယူႏိုက္တက္ေနာက္တန္းမွာ ရာေဖးလ္ ဗာ႐ြမ္း၊ လီဆန္ဒ႐ို မာတီနက္ဇ္တို႔အျပင္ ေနာက္ထပ္ အရည္အေသြးေတြ ထပ္မံယူေဆာင္ေပးႏိုင္မယ့္ ကစားသမားျဖစ္လာမွာျဖစ္ၿပီး ေတာင္ကိုရီးယားေနာက္ခံလူကို နာပိုလီနည္းျပ စပယ္လက္တီက ကမာၻေပၚက အေကာင္းဆုံးေနာက္ခံလူလို႔ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းက တစ္ႏွစ္လုပ္ခလစာ ယူ႐ို ၉ သန္းနဲ႔ ကမ္းလွမ္းခဲ့ၿပီးေနာက္ ကင္မင္ေဂ်းက အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခဲ့တာျဖစ္ၿပီး အဓိကအခ်က္က တန္ဟက္ရဲ႕အသင္းဟာ ယခုေႏြရာသီမွာ နာပိုလီကို ကစားသမားရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးအတိုင္း ေပးေခ်သြားမယ္လို႔ အသိေပးခဲ့တာျဖစ္ပါတယ္။

ကင္မင္ေဂ်းရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ယူ႐ို ၅၆ သန္းရွိၿပီး မန္ခ်က္စတာယူႏိုက္တက္သာ အဲဒီစာခ်ဳပ္ေလ်ာ္ေၾကးကို အသက္သြင္းႏိုင္ခဲ့မယ္ဆိုရင္ ကစားသမားနဲ႔ ပုဂၢိဳလ္ေရးအခ်က္ေတြကို လြတ္လြတ္လပ္လပ္ ေဆြးေႏြးညႇိႏႈိင္းလို႔ ရမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အျခား စာခ်ဳပ္ေတြမွာ ပါဝင္တဲ့ ေလ်ာ္ေၾကးအခ်က္ေတြနဲ႔ မတူညီတာက ကင္မင္ေဂ်းရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးကို ယခုေႏြရာသီ ဇူလိုင္ ၁ ရက္ေန႔ကေန ဇူလိုင္လ ၁၅ ရက္ေန႔အတြင္းသာ အသက္သြင္းလို႔ ရမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ေတာင္ကိုရီးယားေနာက္ခံလူနဲ႔ သေဘာတူညီမႈကို လ်င္လ်င္ျမန္ျမန္ ရေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္ၿပီး ဇူလိုင္ ၁၅ ရက္ေန႔အထိ မေခၚယူႏိုင္ဘူးဆိုရင္ေတာ့ နာပိုလီအသင္းဟာ ကင္မင္ေဂ်းအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို စိတ္ႀကိဳက္တိုးေတာင္းႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.