La Liga Match Report Premier League UCL&UEL

ရူးကြောင်ကြောင် အန်ချယ်လော့တီရဲ့ ရီးရဲလ်ကို ဖုတ်လွှတ်ပြီး ဖိုင်နယ်တက်တဲ့ ဂွါဒီစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ဝေါ်လ်ကာနဲ့ အာကန်ဂျီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂျွန်စတုန်းစ်၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂရီးလစ်ရှ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ရီးရဲလ်မက်ဒရစ်တို့ကတော့ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အယ်ဒါ မီလီတို၊ အလာဘာ၊ ကာဗာဟယ်လ်နဲ့ ကာမာဗင်ဂါတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ တိုနီ ခရူးစ်နဲ့ ဗယ်လ်ဗာဒီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂို၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကို ခင်းကျင်းလာခဲ့တာပါ။

ရီးရဲလ်နည်းပြ အန်ချယ်လော့တီကတော့ ရူးနေသလားလို့တောင် မေးရမလိုဖြစ်ခဲ့ပြီး အဝေးကွင်းမှာ ခံစစ်ညံ့လွန်းတဲ့ ကာဗာဟယ်လ်၊ ဂျပုတွေ ဖြစ်ကြတဲ့ မီလီတိုနဲ့ အလာဘာတို့နဲ့ နောက်တန်းမှာ နေရာချခဲ့တာက တုံးအလွန်းသလို ကွင်းလယ်မှာလည်း မိုဒရစ်ချ်က ပွဲကြီးတစ်ပွဲရဲ့ ကစားအားကို မမီတော့ချိန်မှာ ဗယ်လ်ဗာဒီကတော့ ပါလို့ပါမှန်းတောင် မသိဘဲဖြစ်နေခဲ့တာက မန်စီးတီးတို့အတွက် ပွဲတော်ကြီးဖြစ်ခဲ့ရပါတယ်။

ဂွါဒီယိုလာရဲ့ ၃-၂-၄-၁ ကစားကွက်ရဲ့ ပွဲကို ထိန်းချုပ်နိုင်မှုနဲ့ Pressing ကို ရီးရဲလ်တို့ ယှဉ်ကစားဖို့ ဉာဏ်မမီခဲ့သလို အမြန်နှုန်းနဲ့ ဗျူဟာပိုင်းမှာပါ မလိုက်နိုင်ခဲ့တာဖြစ်ပြီး ချွာမင်နီနဲ့ ရူဒီဂါတို့ကို မာမာထန်ထန် ကစားနိုင်တဲ့ ကွင်းလယ်နဲ့ ခံစစ်သမားတွေကို ထည့်မထားခဲ့တာကတော့ ဘယ်လိုတွေတောင်လားလို့ တအံ့တဩ မေးခွန်းထုတ်ရဖို့ပဲ ဖြစ်ခဲ့တာပါ။

ဘန်ဇီးမားနဲ့ ဗီနီးရှပ်စ်တို့ဆီကို ဘောလုံးမရောက်တော့ချိန်မှာ ခေါင်းမပါတဲ့ ကြက်ကလေးတွေလိုဖြစ်နေတဲ့ ရီးရဲလ်ခံစစ်ကလည်း ဘာနာဒို ဆေးလ်ဗား၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ လှုပ်သမျှအောက်မှာ နေရာလွတ်တွေချည်း လှိုင်လှိုင်ပေးနေခဲ့တာကြောင့် ဂွါဒီယိုလာရဲ့ လူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ တိုက်စစ်ကစားခဲ့ကြပြီး ဧည့်သည်ဂိုးသမား ကူတွာကတော့ ကူကယ်ရာမဲ့နေခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ပေါ့ပေါ့လျော့လျော့ ကစားနေတဲ့ အလာဘာနဲ့ ကာမာဗင်ဂါတို့ကြားကနေ ဒီဘရိုင်းနားက လှလှပပ ခင်းပေးခဲ့ရာမှာ ဘာနာဒို ဆေးလ်ဗားက ဧရိယာအတွင်းကနေ ဂိုးသမား ကူတွာရဲ့ အပေါ်ဘက်ကို လှည့်စားကန်သွင်းသွားခဲ့တာကြောင့် ရီးရဲလ်တို့ ငိုပြရင်တောင် သနားစရာမကောင်းဘဲဖြစ်ခဲ့ရတာပါ။

ဂိုးပေးလိုက်ရအပြီးမှာ မန်စီးတီးတို့ ဖိကစားခဲ့ပေမယ့် ကူတွာ ကယ်နေခဲ့တာကြောင့် အခွင့်အရေးတချို့ ဂိုးမဖြစ်ခဲ့သလို ရီးရဲလ်တို့ဘက်ကတော့ ပထမဆုံး ရရှိတဲ့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို ဧည့်သည်တွေရဲ့ ကွင်းလယ်မှာ လူလူသူသူဆိုလို့ သူပဲရှိတဲ့ တိုနီ ခရူးစ်က ဧရိယာထိပ်ကနေ အပြင်းကန်သွင်းရာမှာ ဘားထိပြီး ထွက်ခဲ့လို့ အိမ်ရှင်တွေ ကံကောင်းခဲ့ပြီး ရှေ့ဆက်ခွင့် ရရှိသွားခဲ့ကြတာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ကြသလို ဘယ်ခြမ်းကနေ ဧရိယာထဲ ဝင်လာပြီး ကန်သွင်းတဲ့ ဂွန်ဒိုးဝမ်ရဲ့ ကန်ချက်ကို ကူတွာ လက်တစ်ဖက်နဲ့ တားဆီးနိုင်ခဲ့ပေမယ့် ထွက်လာတဲ့ ဘောလုံးကို ကိုယ့်နေရာ ဘယ်ခြမ်းမှာ ကိုယ်မနေဘဲ ကြောင်ပျောက်ပြီး အထဲဝင်သွားတဲ့ ကာမာဗင်ဂါကြောင့် ရခဲ့တဲ့ နေရာလွတ်ကနေ ဘာနာဒို ဆေးလ်ဗားက အသာလေး ခေါင်းတိုက်ထည့်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရရှိခဲ့တဲ့ မန်စီးတီးတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း အမှတ် ရှိပုံ မပေါ်သေးတဲ့ အန်ချယ်လော့တီအနေနဲ့ လူတစ်ယောက်မှ မလဲဘဲ ဆက်ကစားခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဖရီးကစ်ကနေ အလာဘာရဲ့ တိုက်ရိုက် ကန်သွင်းခြိမ်းခြောက်မှုကို အီဒါဆန် ပုတ်ထုတ်ကာကွယ်ခဲ့ရတာပါ။

ရီးရဲလ်တို့ဘက်က လူစလဲခဲ့ပေမယ့် သုံးစားမရတဲ့ ဗယ်လ်ဗာဒီအစား မိုဒရစ်ချ်နဲ့ ကရူးစ်တို့ကို ထုတ်ပြီး ရူဒီဂါနဲ့ အဆန်စီယိုတို့ကို ထည့်ခဲ့သလို မန်စီးတီးတို့ကတော့ ဂွန်ဒိုးဝမ် အဝါထိခဲ့ပေမယ့် ရစ်သစ်မိနေတဲ့ ဒီလူတွေနဲ့ပဲ ဆက်ကစားခဲ့ပြီး ဟားလန်းကတော့ အနီးကပ် အခွင့်အရေးကို ညာခြေနဲ့ ဝင်အောင် မကန်နိုင်ခဲ့လို့ စိတ်ပျက်စရာပဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယ ဦးဆောင်ဂိုးကို ရရှိခဲ့ကြသလို ဂရီးလစ်ရှ်ကို ကာမာဗင်ဂါ ဖျက်တာကြမ်းလို့ ရတဲ့ ဖရီးကစ်ကနေ ဒီဘရိုင်းနား ကန်တင်ပေးရာမှာ နောက်ခံလူ အာကန်ဂျီက ခေါင်းတိုက်သွင်းခဲ့ရာမှာ ကြားဖြတ်တားဆီးဖို့ ကြိုးစားတဲ့ မီလီတိုကို မှန်ပြီး ဂိုးထဲကို လမ်းကြောင်းပြောင်းဝင်သွားခဲ့တာကြောင့် ရီးရဲလ်ဂိုးသမား ကူတွာ ငုတ်တုတ်မေ့ခဲ့ရတာပါ။

တတိယဂိုးရအပြီးမှာ မန်စီးတီးတို့ဘက်က ဂွန်ဒိုးဝမ်အစား မာရက်ဇ်ကို ထည့်သွင်းခဲ့ပြီး ရီးရဲလ်တို့ဘက်ကတော့ နောက်ထပ် လဒူတစ်ယောက် ဖြစ်တဲ့ ကာဗာဟယ်လ်ကို အခုမှပဲ လူးကပ်စ် ဗက်ဇ်ကေးဇ်နဲ့လဲဖို့ အန်ချယ်လော့တီက သတိရခဲ့သလို ကာမာဗင်ဂါနဲ့ ရိုဒရီဂိုတို့အစား ချွာမင်နီနဲ့ ဒါနီ စီယာယော့စ်တို့ကို ထပ်ထည့်ခဲ့ပြီး ဂွါဒီယိုလာကတော့ ဒီဘရိုင်းနားကို ဖိုဒန်နဲ့လဲပြီး အနားပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ဟားလန်းအစား အယ်လ်ဗာရက်ဇ်ကို မန်စီးတီးတို့ လူစားလဲခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာတော့ စတုတ္ထဂိုး ရခဲ့သလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဖိုဒန်က ရီးရဲလ်ခံစစ်နှစ်ဦးဖြစ်တဲ့ ရူဒီဂါနဲ့ ချွာမင်နီတို့ကြားကနေ ဧရိယာထဲ ခင်းပေးခဲ့ရာမှာ ဟားလန်း မကျော်နိုင်ခဲ့တဲ့ ကူတွာရဲ့ ဘယ်ဘက်ထောင့်ကို အယ်လ်ဗာရက်ဇ်က အနိမ့်ဘော ကန်သွင်းယူပြခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ရူးကြောင်ကြောင် ကလေးကွက်နဲ့ အင်္ဂလန်မှာ လာယားတဲ့ အန်ချယ်လော့တီကို မျက်နှာမဖော်ရဲအောင် မန်စီးတီးတို့က လေးဂိုးပြတ် နှိပ်ကွပ်ပေးနိုင်ခဲ့ကြပြီး နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-တစ်ဂိုးနဲ့ အစ်တီဟတ်မှာ အောင်ပွဲခံနိုင်ခဲ့ကြသလို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပရာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ အင်တာမီလန်နဲ့ တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ ေဝၚလ္ကာနဲ႔ အာကန္ဂ်ီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြၽန္စတုန္းစ္၊ ဂြန္ဒိုးဝမ္၊ ဒီဘ႐ိုင္းနား၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဂရီးလစ္ရွ္တို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းကိုပဲ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ရီးရဲလ္မက္ဒရစ္တို႔ကေတာ့ ဂိုးသမား ကူတြာ၊ ခံစစ္မွာ အယ္ဒါ မီလီတို၊ အလာဘာ၊ ကာဗာဟယ္လ္နဲ႔ ကာမာဗင္ဂါတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုဒရစ္ခ်္၊ တိုနီ ခ႐ူးစ္နဲ႔ ဗယ္လ္ဗာဒီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ႐ိုဒရီဂို၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ဘင္ဇီးမားတို႔ကို ခင္းက်င္းလာခဲ့တာပါ။

ရီးရဲလ္နည္းျပ အန္ခ်ယ္ေလာ့တီကေတာ့ ႐ူးေနသလားလို႔ေတာင္ ေမးရမလိုျဖစ္ခဲ့ၿပီး အေဝးကြင္းမွာ ခံစစ္ညံ့လြန္းတဲ့ ကာဗာဟယ္လ္၊ ဂ်ပုေတြ ျဖစ္ၾကတဲ့ မီလီတိုနဲ႔ အလာဘာတို႔နဲ႔ ေနာက္တန္းမွာ ေနရာခ်ခဲ့တာက တုံးအလြန္းသလို ကြင္းလယ္မွာလည္း မိုဒရစ္ခ်္က ပြဲႀကီးတစ္ပြဲရဲ႕ ကစားအားကို မမီေတာ့ခ်ိန္မွာ ဗယ္လ္ဗာဒီကေတာ့ ပါလို႔ပါမွန္းေတာင္ မသိဘဲျဖစ္ေနခဲ့တာက မန္စီးတီးတို႔အတြက္ ပြဲေတာ္ႀကီးျဖစ္ခဲ့ရပါတယ္။

ဂြါဒီယိုလာရဲ႕ ၃-၂-၄-၁ ကစားကြက္ရဲ႕ ပြဲကို ထိန္းခ်ဳပ္ႏိုင္မႈနဲ႔ Pressing ကို ရီးရဲလ္တို႔ ယွဥ္ကစားဖို႔ ဉာဏ္မမီခဲ့သလို အျမန္ႏႈန္းနဲ႔ ဗ်ဴဟာပိုင္းမွာပါ မလိုက္ႏိုင္ခဲ့တာျဖစ္ၿပီး ခြၽာမင္နီနဲ႔ ႐ူဒီဂါတို႔ကို မာမာထန္ထန္ ကစားႏိုင္တဲ့ ကြင္းလယ္နဲ႔ ခံစစ္သမားေတြကို ထည့္မထားခဲ့တာကေတာ့ ဘယ္လိုေတြေတာင္လားလို႔ တအံ့တဩ ေမးခြန္းထုတ္ရဖို႔ပဲ ျဖစ္ခဲ့တာပါ။

ဘန္ဇီးမားနဲ႔ ဗီနီးရွပ္စ္တို႔ဆီကို ေဘာလုံးမေရာက္ေတာ့ခ်ိန္မွာ ေခါင္းမပါတဲ့ ၾကက္ကေလးေတြလိုျဖစ္ေနတဲ့ ရီးရဲလ္ခံစစ္ကလည္း ဘာနာဒို ေဆးလ္ဗား၊ ဂရီးလစ္ရွ္နဲ႔ ဟားလန္းတို႔ လႈပ္သမွ်ေအာက္မွာ ေနရာလြတ္ေတြခ်ည္း လႈိင္လႈိင္ေပးေနခဲ့တာေၾကာင့္ ဂြါဒီယိုလာရဲ႕ လူေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ တိုက္စစ္ကစားခဲ့ၾကၿပီး ဧည့္သည္ဂိုးသမား ကူတြာကေတာ့ ကူကယ္ရာမဲ့ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ကစားေနတဲ့ အလာဘာနဲ႔ ကာမာဗင္ဂါတို႔ၾကားကေန ဒီဘ႐ိုင္းနားက လွလွပပ ခင္းေပးခဲ့ရာမွာ ဘာနာဒို ေဆးလ္ဗားက ဧရိယာအတြင္းကေန ဂိုးသမား ကူတြာရဲ႕ အေပၚဘက္ကို လွည့္စားကန္သြင္းသြားခဲ့တာေၾကာင့္ ရီးရဲလ္တို႔ ငိုျပရင္ေတာင္ သနားစရာမေကာင္းဘဲျဖစ္ခဲ့ရတာပါ။

ဂိုးေပးလိုက္ရအၿပီးမွာ မန္စီးတီးတို႔ ဖိကစားခဲ့ေပမယ့္ ကူတြာ ကယ္ေနခဲ့တာေၾကာင့္ အခြင့္အေရးတခ်ိဳ႕ ဂိုးမျဖစ္ခဲ့သလို ရီးရဲလ္တို႔ဘက္ကေတာ့ ပထမဆုံး ရရွိတဲ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတာကို ဧည့္သည္ေတြရဲ႕ ကြင္းလယ္မွာ လူလူသူသူဆိုလို႔ သူပဲရွိတဲ့ တိုနီ ခ႐ူးစ္က ဧရိယာထိပ္ကေန အျပင္းကန္သြင္းရာမွာ ဘားထိၿပီး ထြက္ခဲ့လို႔ အိမ္ရွင္ေတြ ကံေကာင္းခဲ့ၿပီး ေရွ႕ဆက္ခြင့္ ရရွိသြားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူခဲ့ၾကသလို ဘယ္ျခမ္းကေန ဧရိယာထဲ ဝင္လာၿပီး ကန္သြင္းတဲ့ ဂြန္ဒိုးဝမ္ရဲ႕ ကန္ခ်က္ကို ကူတြာ လက္တစ္ဖက္နဲ႔ တားဆီးႏိုင္ခဲ့ေပမယ့္ ထြက္လာတဲ့ ေဘာလုံးကို ကိုယ့္ေနရာ ဘယ္ျခမ္းမွာ ကိုယ္မေနဘဲ ေၾကာင္ေပ်ာက္ၿပီး အထဲဝင္သြားတဲ့ ကာမာဗင္ဂါေၾကာင့္ ရခဲ့တဲ့ ေနရာလြတ္ကေန ဘာနာဒို ေဆးလ္ဗားက အသာေလး ေခါင္းတိုက္ထည့္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၂ ရာခိုင္ႏႈန္းအထိ ရရွိခဲ့တဲ့ မန္စီးတီးတို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း အမွတ္ ရွိပုံ မေပၚေသးတဲ့ အန္ခ်ယ္ေလာ့တီအေနနဲ႔ လူတစ္ေယာက္မွ မလဲဘဲ ဆက္ကစားခဲ့ၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဖရီးကစ္ကေန အလာဘာရဲ႕ တိုက္႐ိုက္ ကန္သြင္းၿခိမ္းေျခာက္မႈကို အီဒါဆန္ ပုတ္ထုတ္ကာကြယ္ခဲ့ရတာပါ။

ရီးရဲလ္တို႔ဘက္က လူစလဲခဲ့ေပမယ့္ သုံးစားမရတဲ့ ဗယ္လ္ဗာဒီအစား မိုဒရစ္ခ်္နဲ႔ က႐ူးစ္တို႔ကို ထုတ္ၿပီး ႐ူဒီဂါနဲ႔ အဆန္စီယိုတို႔ကို ထည့္ခဲ့သလို မန္စီးတီးတို႔ကေတာ့ ဂြန္ဒိုးဝမ္ အဝါထိခဲ့ေပမယ့္ ရစ္သစ္မိေနတဲ့ ဒီလူေတြနဲ႔ပဲ ဆက္ကစားခဲ့ၿပီး ဟားလန္းကေတာ့ အနီးကပ္ အခြင့္အေရးကို ညာေျခနဲ႔ ဝင္ေအာင္ မကန္ႏိုင္ခဲ့လို႔ စိတ္ပ်က္စရာပဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ရရွိခဲ့ၾကသလို ဂရီးလစ္ရွ္ကို ကာမာဗင္ဂါ ဖ်က္တာၾကမ္းလို႔ ရတဲ့ ဖရီးကစ္ကေန ဒီဘ႐ိုင္းနား ကန္တင္ေပးရာမွာ ေနာက္ခံလူ အာကန္ဂ်ီက ေခါင္းတိုက္သြင္းခဲ့ရာမွာ ၾကားျဖတ္တားဆီးဖို႔ ႀကိဳးစားတဲ့ မီလီတိုကို မွန္ၿပီး ဂိုးထဲကို လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာေၾကာင့္ ရီးရဲလ္ဂိုးသမား ကူတြာ ငုတ္တုတ္ေမ့ခဲ့ရတာပါ။

တတိယဂိုးရအၿပီးမွာ မန္စီးတီးတို႔ဘက္က ဂြန္ဒိုးဝမ္အစား မာရက္ဇ္ကို ထည့္သြင္းခဲ့ၿပီး ရီးရဲလ္တို႔ဘက္ကေတာ့ ေနာက္ထပ္ လဒူတစ္ေယာက္ ျဖစ္တဲ့ ကာဗာဟယ္လ္ကို အခုမွပဲ လူးကပ္စ္ ဗက္ဇ္ေကးဇ္နဲ႔လဲဖို႔ အန္ခ်ယ္ေလာ့တီက သတိရခဲ့သလို ကာမာဗင္ဂါနဲ႔ ႐ိုဒရီဂိုတို႔အစား ခြၽာမင္နီနဲ႔ ဒါနီ စီယာေယာ့စ္တို႔ကို ထပ္ထည့္ခဲ့ၿပီး ဂြါဒီယိုလာကေတာ့ ဒီဘ႐ိုင္းနားကို ဖိုဒန္နဲ႔လဲၿပီး အနားေပးခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ဟားလန္းအစား အယ္လ္ဗာရက္ဇ္ကို မန္စီးတီးတို႔ လူစားလဲခဲ့ၿပီး နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ စတုတၳဂိုး ရခဲ့သလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဖိုဒန္က ရီးရဲလ္ခံစစ္ႏွစ္ဦးျဖစ္တဲ့ ႐ူဒီဂါနဲ႔ ခြၽာမင္နီတို႔ၾကားကေန ဧရိယာထဲ ခင္းေပးခဲ့ရာမွာ ဟားလန္း မေက်ာ္ႏိုင္ခဲ့တဲ့ ကူတြာရဲ႕ ဘယ္ဘက္ေထာင့္ကို အယ္လ္ဗာရက္ဇ္က အနိမ့္ေဘာ ကန္သြင္းယူျပခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ႐ူးေၾကာင္ေၾကာင္ ကေလးကြက္နဲ႔ အဂၤလန္မွာ လာယားတဲ့ အန္ခ်ယ္ေလာ့တီကို မ်က္ႏွာမေဖာ္ရဲေအာင္ မန္စီးတီးတို႔က ေလးဂိုးျပတ္ ႏွိပ္ကြပ္ေပးႏိုင္ခဲ့ၾကၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ငါးဂိုး-တစ္ဂိုးနဲ႔ အစ္တီဟတ္မွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ က်င္းပရာ တူရကီႏိုင္ငံ အစၥတန္ဘူလ္မွာ အင္တာမီလန္နဲ႔ ေတြ႕ဆုံဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.