La Liga

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေတဲ့ လီဗန်ဒေါ့ဗ်စကီး

ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ဘာစီလိုနာအသင်းသာ ၎င်းကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဘိုင်ယန်မြူးနစ်ထက် ပရီးမီးယားလိဂ်ကို ပိုမိုပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

သောမတ်စ် တူဟယ်ရဲ့ လီဗန်ဒေါ့ဗ်စကီးနဲ့ပတ်သက်ပြီး နောက်ဆုံး မှတ်ချက်က ပိုလန် တိုက်စစ်မှူးကို ခေါ်ယူချင်နေတယ်ဆိုတာကို သဲလွန်စ ပေးခဲ့ပုံပေါ်ပြီး ဘွန်ဒက်စ်လီဂါ ဂိုးသွင်းစက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကို ယူရိုသန်း ၄၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ကြောက်မက်ဖွယ် ဂိုးသွင်းနှုန်းကို ပြသခဲ့တာဖြစ်ပြီး ၃၇၅ ပွဲမှာ ၃၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်သလို နူးကမ့်မှာလည်း ဂိုးသွင်းခြေစွမ်းကောင်းကို ဆက်လက် ပြသနေခဲ့တာဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ယခုရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ကတ်တလန်အသင်းကြီးအနေနဲ့ အားကောင်းတဲ့ ပွဲဦးထွက်ရာသီ ပိုင်ဆိုင်ခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီးကို ရောင်းထုတ်မလားဆိုတာကိုပဲ စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟောင်းဟာ မေလ ၁၄ ရက်နေ့က အက်စ်ပန်ညိုကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး အဲဒီနိုင်ပွဲက ဇာဗီရဲ့အသင်းအနေနဲ့ လာလီဂါဖလားကို ရရှိခဲ့ပြီဆိုတာကို အတည်ပြု ပေးခဲ့တာဖြစ်ပါတယ်။

ပိုလန် တိုက်စစ်မှူးဟာ လက်ရှိမှာတော့ မတူညီတဲ့ နိုင်ငံ ၃ ခုမှာ ပထမတန်းလိဂ်ဖလားကို အနိုင်ရရှိခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးဟာ ၂၀၀၉-၂၀၁၀ ရာသီမှာ ပိုလန်လိဂ် Ekstraklasa မှာ လက်ချ် ပေါ့ဇ်နမ်နဲ့ ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ဘာစီလိုနာအသင္းသာ ၎ကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ဘိုင္ယန္ျမဴးနစ္ထက္ ပရီးမီးယားလိဂ္ကို ပိုမိုေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။

ေသာမတ္စ္ တူဟယ္ရဲ႕ လီဗန္ေဒါ့ဗ္စကီးနဲ႔ပတ္သက္ၿပီး ေနာက္ဆုံး မွတ္ခ်က္က ပိုလန္ တိုက္စစ္မႉးကို ေခၚယူခ်င္ေနတယ္ဆိုတာကို သဲလြန္စ ေပးခဲ့ပုံေပၚၿပီး ဘြန္ဒက္စ္လီဂါ ဂိုးသြင္းစက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘာစီလိုနာကို ယူ႐ိုသန္း ၄၀ နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ေၾကာက္မက္ဖြယ္ ဂိုးသြင္းႏႈန္းကို ျပသခဲ့တာျဖစ္ၿပီး ၃၇၅ ပြဲမွာ ၃၄၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္သလို ႏူးကမ့္မွာလည္း ဂိုးသြင္းေျခစြမ္းေကာင္းကို ဆက္လက္ ျပသေနခဲ့တာျဖစ္ပါတယ္။

ပိုလန္တိုက္စစ္မႉးဟာ ယခုရာသီမွာ ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၂ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၃၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ကတ္တလန္အသင္းႀကီးအေနနဲ႔ အားေကာင္းတဲ့ ပြဲဦးထြက္ရာသီ ပိုင္ဆိုင္ခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီးကို ေရာင္းထုတ္မလားဆိုတာကိုပဲ ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ေဟာင္းဟာ ေမလ ၁၄ ရက္ေန႔က အက္စ္ပန္ညိဳကို ၄-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ သြင္းဂိုး ၂ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ၿပီး အဲဒီႏိုင္ပြဲက ဇာဗီရဲ႕အသင္းအေနနဲ႔ လာလီဂါဖလားကို ရရွိခဲ့ၿပီဆိုတာကို အတည္ျပဳ ေပးခဲ့တာျဖစ္ပါတယ္။

ပိုလန္ တိုက္စစ္မႉးဟာ လက္ရွိမွာေတာ့ မတူညီတဲ့ ႏိုင္ငံ ၃ ခုမွာ ပထမတန္းလိဂ္ဖလားကို အႏိုင္ရရွိခဲ့တဲ့ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး လီဗန္ေဒါ့ဗ္စကီးဟာ ၂၀၀၉-၂၀၁၀ ရာသီမွာ ပိုလန္လိဂ္ Ekstraklasa မွာ လက္ခ်္ ေပါ့ဇ္နမ္နဲ႔ ခ်န္ပီယံျဖစ္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.