La Liga

အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့အပြုအမူကို ပြသခဲ့တဲ့ ပယ်ဒရီ

ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ပယ်ဒရီက အသင်းရဲ့ အမိုးဖွင့်ကားနဲ့ လှည့်လည်အောင်ပွဲခံချိန်အတွင်း အန်ဆူ ဖာတီရဲ့ နာမည်ကို သီဆိုကြဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ခန့်မှန်းခြေ ၇၆၀၀၀ နီးပါးရှိတဲ့ ပရိသတ်တွေဟာ တနင်္လာနေ့ညနေမှာ အသင်းရဲ့ ၄ နှစ်အတွင်း ပထမဆုံး လာလီဂါဖလားအောင်မြင်မှုကို အောင်ပွဲခံဖို့ ကာတာလိုးနီးယားက လမ်းမတွေပေါ်မှာ စုရုံးခဲ့ကြတာဖြစ်ပါတယ်။

ဇာဗီရဲ့ ဘာစီလိုနာအသင်းအတွက် အမှတ်ရစရာ ရာသီဖြစ်ခဲ့တာဖြစ်ပြီး လာလီဂါ ၄ ပွဲ ကစားဖို့ ကျန်ရှိနေသေးချိန်မှာ ရီးရဲလ်မက်ဒရစ်ထက် ၁၄ မှတ်အသာနဲ့ ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဘာစီလိုနာရဲ့ အပြောင်မြောက်ဆုံး စွမ်းဆောင်ရှင်တွေထဲက တစ်ဦးဖြစ်ခဲ့တဲ့သူကတော့ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမား ပယ်ဒရီ ဖြစ်ပြီး စပိန်လက်ရွေးစင်ကြယ်ပွင့်ဟာ လာလီဂါ ၂၆ ပွဲမှာ သွင်းဂိုး ၆ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပယ်ဒရီဟာ ၂၀၂၀ ပြည့်နှစ်မှာ လာ့စ် ပါးလ်မတ်စ်အသင်းကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ယခုရာသီမှာ ပထမအသင်းအတွက် ပွဲကစားချိန် အများစုကို ရရှိခဲ့တာဖြစ်ပေမယ့်လည်း အသင်းဖော် အန်ဆူ ဖာတီကတော့ ဇာဗီရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အန်ဆူ ဖာတီဟာ ယခုရာသီ လာလီဂါမှာ ၃၁ ပွဲ ပါဝင်ကစားပေးခွင့် ရရှိခဲ့ရာမှာ ၁၁ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး နူးကမ့်မှာ သေးငယ်တဲ့အစိတ်အပိုင်းအဖြစ်သာ ပါဝင်ခွင့်ရခဲ့တာကြောင့် ယခုနွေရာသီမှာ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေပြီး ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်စ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အန်ဆူ ဖာတီဟာ ဘာစီလိုနာအသင်းရဲ့ အမိုးဖွင့် ဘတ်စ်ကားနဲ့ အောင်ပွဲခံလှည့်လည်ရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အသက် ၂၀ အရွယ်ကစားသမားဟာ ပယ်ဒရီရဲ့ ဘေးမှာ မတ်တပ်ရပ်နေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဘာစီလိုနာအသင်းရဲ့ အောင်ပွဲခံလှည့်လည်မှုအတွင်း ပယ်ဒရီရဲ့ နာမည်ကို တောက်လျှောက် အော်ဟစ်ခဲ့ကြတာဖြစ်ပြီး တစ်ချိန်မှာတော့ စပိန်ကွင်းလယ်ကစားသမားက ဘာဆာပရိသတ်တွေကို ဖာတီရဲ့ နာမည်ကို ကြွေးကြော်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ပယ်ဒရီဟာ ခက်ခဲတဲ့ရာသီကို ရင်ဆိုင်ခဲ့ရတဲ့ အသင်းဖော်ကို အသိအမှတ်ပြု ချီးကျူးတဲ့ အပြုအမူကို ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တစ်ဦးက “ကောင်းလိုက်တဲ့အပြုအမူ ကိုယ့်လူရေ”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ရွှေရောင်နှလုံးသားရှိတဲ့လူ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာကြင္းလယ္ၾကယ္ပြင့္ ပယ္ဒရီက အသင္းရဲ႕ အမိုးဖြင့္ကားနဲ႔ လွည့္လည္ေအာင္ပြဲခံခ်ိန္အတြင္း အန္ဆူ ဖာတီရဲ႕ နာမည္ကို သီဆိုၾကဖို႔ ပရိသတ္ေတြကို ေတာင္းဆိုခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ခန႔္မွန္းေျခ ၇၆၀၀၀ နီးပါးရွိတဲ့ ပရိသတ္ေတြဟာ တနလၤာေန႔ညေနမွာ အသင္းရဲ႕ ၄ ႏွစ္အတြင္း ပထမဆုံး လာလီဂါဖလားေအာင္ျမင္မႈကို ေအာင္ပြဲခံဖို႔ ကာတာလိုးနီးယားက လမ္းမေတြေပၚမွာ စု႐ုံးခဲ့ၾကတာျဖစ္ပါတယ္။

ဇာဗီရဲ႕ ဘာစီလိုနာအသင္းအတြက္ အမွတ္ရစရာ ရာသီျဖစ္ခဲ့တာျဖစ္ၿပီး လာလီဂါ ၄ ပြဲ ကစားဖို႔ က်န္ရွိေနေသးခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ထက္ ၁၄ မွတ္အသာနဲ႔ ခ်န္ပီယံျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဒီရာသီမွာ ဘာစီလိုနာရဲ႕ အေျပာင္ေျမာက္ဆုံး စြမ္းေဆာင္ရွင္ေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့သူကေတာ့ အသက္ ၂၀ အ႐ြယ္ ကြင္းလယ္ကစားသမား ပယ္ဒရီ ျဖစ္ၿပီး စပိန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ လာလီဂါ ၂၆ ပြဲမွာ သြင္းဂိုး ၆ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပယ္ဒရီဟာ ၂၀၂၀ ျပည့္ႏွစ္မွာ လာ့စ္ ပါးလ္မတ္စ္အသင္းကေန ဘာစီလိုနာကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကစားသမားျဖစ္ၿပီး ယခုရာသီမွာ ပထမအသင္းအတြက္ ပြဲကစားခ်ိန္ အမ်ားစုကို ရရွိခဲ့တာျဖစ္ေပမယ့္လည္း အသင္းေဖာ္ အန္ဆူ ဖာတီကေတာ့ ဇာဗီရဲ႕အသင္းမွာ ပုံမွန္ပြဲထြက္ကစားခြင့္ ရရွိဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

အန္ဆူ ဖာတီဟာ ယခုရာသီ လာလီဂါမွာ ၃၁ ပြဲ ပါဝင္ကစားေပးခြင့္ ရရွိခဲ့ရာမွာ ၁၁ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ႏူးကမ့္မွာ ေသးငယ္တဲ့အစိတ္အပိုင္းအျဖစ္သာ ပါဝင္ခြင့္ရခဲ့တာေၾကာင့္ ယခုေႏြရာသီမွာ ထြက္ခြာဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနၿပီး ပရီးမီးယားလိဂ္ကလပ္ ဝုလ္ဗ္စ္က ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အန္ဆူ ဖာတီဟာ ဘာစီလိုနာအသင္းရဲ႕ အမိုးဖြင့္ ဘတ္စ္ကားနဲ႔ ေအာင္ပြဲခံလွည့္လည္ရာမွာ တက္တက္ႂကြႂကြ ပါဝင္ခဲ့ၿပီး အသက္ ၂၀ အ႐ြယ္ကစားသမားဟာ ပယ္ဒရီရဲ႕ ေဘးမွာ မတ္တပ္ရပ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ဘာစီလိုနာအသင္းရဲ႕ ေအာင္ပြဲခံလွည့္လည္မႈအတြင္း ပယ္ဒရီရဲ႕ နာမည္ကို ေတာက္ေလွ်ာက္ ေအာ္ဟစ္ခဲ့ၾကတာျဖစ္ၿပီး တစ္ခ်ိန္မွာေတာ့ စပိန္ကြင္းလယ္ကစားသမားက ဘာဆာပရိသတ္ေတြကို ဖာတီရဲ႕ နာမည္ကို ေႂကြးေၾကာ္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

ပယ္ဒရီဟာ ခက္ခဲတဲ့ရာသီကို ရင္ဆိုင္ခဲ့ရတဲ့ အသင္းေဖာ္ကို အသိအမွတ္ျပဳ ခ်ီးက်ဴးတဲ့ အျပဳအမူကို ျပဳလုပ္ခဲ့တာျဖစ္ၿပီး ပရိသတ္တစ္ဦးက “ေကာင္းလိုက္တဲ့အျပဳအမူ ကိုယ့္လူေရ”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ေ႐ႊေရာင္ႏွလုံးသားရွိတဲ့လူ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.