Premier League

အရည်အချင်းနဲ့ ဖလားရတာတောင် အပြစ်ပြောခံနေရတဲ့ မန်ချက်စတာစီးတီး

ဘောလုံးပရိသတ်အချို့ဟာ ပရီးမီးယားလိဂ်က ဘွန်ဒက်စ်လီဂါနဲ့ လာလီဂါလိုမျိုး တစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲအဖြစ် ပြောင်းလဲလာနေတယ်လို့ ယုံကြည်နေကြပါတယ်။

မန်စီးတီးရဲ့ တနင်္ဂနွေနေ့နေ့လယ်က အဲဗာတန်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာရှိနေပြီ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းက အနိုင်ရရှိခဲ့ချိန်မှာ အာဆင်နယ်က ဘရိုက်တန်အသင်းကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် ထပ်မံ လျော့ကျခဲ့ပြီး ယခုလအစောပိုင်းမှာ အာတီတာက ဂန်းနားတွေဟာ ဒုတိယနေရာနဲ့ ကျေနပ်နေမှာမဟုတ်ဘူးလို့ ပြောခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဒုတိယနေရာမှာပဲ ရာသီပြီးဆုံးရဖို့ များနေပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ရမှတ် ၈၅ မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေချိန်မှာ talkSPORT စီစဉ်တင်ဆက်သူတွေက အင်္ဂလိပ်ဘောလုံးလိဂ်ဟာ ဂျာမနီ ဘွန်ဒက်စ်လီဂါနဲ့ စပိန် လာလီဂါလိုမျိုး ပြိုင်ဆိုင်မှု ကင်းမဲ့တဲ့ လိဂ်ဖြစ်လာတော့မှာလားလို့ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်က ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ပြောဆိုဆွေးနွေးမှုက ပရီးမီးယားလိဂ်ဟာ မြင်းတစ်ကောင်တည်း ပြေးတဲ့ ပြိုင်ပွဲ ဖြစ်လာတော့မှာလားဆိုတဲ့ မေးခွန်းထုတ်မှုဆီကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

“မန်ချက်စတာစီးတီးကို တစ်ရာသီ ၃၈ ပွဲ ကစားရတဲ့နေရာမှာ ယှဉ်ပြိုင်ဖို့က မဖြစ်နိုင်သလောက် နီးပါးပါပဲ။ ပရီးမီးယားလိဂ်အတွက် အဲဒါက ကောင်းလား။ ဘာလို့လဲဆိုတော့ ဒါက မန်စီးတီးအတွက် ၃ ကြိမ်ဆက် ဖလားဖြစ်လာမှာမို့လို့ပဲ။ သူတို့တွေက ရာသီကို သူတို့ရဲ့ အဆင့်အတန်းအရဆိုရင် တော်တော်လေး နှေးနှေးကွေးကွေးစတင်ခဲ့တာတောင်မှပေါ့”

ပြီးတဲ့နောက်မှာ ယခုရာသီ အာလင်း ဟာလန်းကို ခေါ်ယူခဲ့မှုကို ချီးကျူးပြောဆိုခဲ့ပြီး “သူတို့တွေ ကမ္ဘာပေါ်က ဂိုးသွင်းစံချိန်တိုင်းကို ချိုးဖျက်မယ့် အာလင်း ဟာလန်းကို ခေါ်ယူခဲ့တယ်။ ပရီးမီးယားလိဂ်က ဘွန်ဒက်စ်လီဂါအသစ်ဖြစ်လာနိုင်လုနီးပါးဖြစ်နေတဲ့ အန္တရာယ်ရှိနေလားပြီလား။ ဒါမှ မဟုတ် လာလီဂါအသစ်ဖြစ်လာမှာလား။ အသင်းတစ်သင်းတည်းကပဲ လွှမ်းမိုးပြီး တစ်ရာသီပြီး တစ်ရာသီ အနိုင်ရရှိနေတဲ့ လိဂ်ကို ခင်ဗျားသိလား”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးပရိသတ္အခ်ိဳ႕ဟာ ပရီးမီးယားလိဂ္က ဘြန္ဒက္စ္လီဂါနဲ႔ လာလီဂါလိုမ်ိဳး တစ္ေကာင္တည္းေျပးတဲ့ ၿပိဳင္ပြဲအျဖစ္ ေျပာင္းလဲလာေနတယ္လို႔ ယုံၾကည္ေနၾကပါတယ္။

မန္စီးတီးရဲ႕ တနဂၤေႏြေန႔ေန႔လယ္က အဲဗာတန္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ဂြါဒီယိုလာရဲ႕အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ၃ ႏွစ္ဆက္တိုက္ ကိုင္ေျမႇာက္ႏိုင္ဖို႔ အနီးစပ္ဆုံး အေျခအေနမွာရွိေနၿပီ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းက အႏိုင္ရရွိခဲ့ခ်ိန္မွာ အာဆင္နယ္က ဘ႐ိုက္တန္အသင္းကို အိမ္ကြင္း အမ္းမရိတ္စ္မွာ ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ရမွတ္ ထပ္မံ ေလ်ာ့က်ခဲ့ၿပီး ယခုလအေစာပိုင္းမွာ အာတီတာက ဂန္းနားေတြဟာ ဒုတိယေနရာနဲ႔ ေက်နပ္ေနမွာမဟုတ္ဘူးလို႔ ေျပာခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ဒုတိယေနရာမွာပဲ ရာသီၿပီးဆုံးရဖို႔ မ်ားေနၿပီျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ရမွတ္ ၈၅ မွတ္နဲ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနခ်ိန္မွာ talkSPORT စီစဥ္တင္ဆက္သူေတြက အဂၤလိပ္ေဘာလုံးလိဂ္ဟာ ဂ်ာမနီ ဘြန္ဒက္စ္လီဂါနဲ႔ စပိန္ လာလီဂါလိုမ်ိဳး ၿပိဳင္ဆိုင္မႈ ကင္းမဲ့တဲ့ လိဂ္ျဖစ္လာေတာ့မွာလားလို႔ ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္က ဘ႐ိုက္တန္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ေျပာဆိုေဆြးေႏြးမႈက ပရီးမီးယားလိဂ္ဟာ ျမင္းတစ္ေကာင္တည္း ေျပးတဲ့ ၿပိဳင္ပြဲ ျဖစ္လာေတာ့မွာလားဆိုတဲ့ ေမးခြန္းထုတ္မႈဆီကို ဦးတည္ခဲ့တာ ျဖစ္ပါတယ္။

“မန္ခ်က္စတာစီးတီးကို တစ္ရာသီ ၃၈ ပြဲ ကစားရတဲ့ေနရာမွာ ယွဥ္ၿပိဳင္ဖို႔က မျဖစ္ႏိုင္သေလာက္ နီးပါးပါပဲ။ ပရီးမီးယားလိဂ္အတြက္ အဲဒါက ေကာင္းလား။ ဘာလို႔လဲဆိုေတာ့ ဒါက မန္စီးတီးအတြက္ ၃ ႀကိမ္ဆက္ ဖလားျဖစ္လာမွာမို႔လို႔ပဲ။ သူတို႔ေတြက ရာသီကို သူတို႔ရဲ႕ အဆင့္အတန္းအရဆိုရင္ ေတာ္ေတာ္ေလး ေႏွးေႏွးေကြးေကြးစတင္ခဲ့တာေတာင္မွေပါ့”

ၿပီးတဲ့ေနာက္မွာ ယခုရာသီ အာလင္း ဟာလန္းကို ေခၚယူခဲ့မႈကို ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး “သူတို႔ေတြ ကမာၻေပၚက ဂိုးသြင္းစံခ်ိန္တိုင္းကို ခ်ိဳးဖ်က္မယ့္ အာလင္း ဟာလန္းကို ေခၚယူခဲ့တယ္။ ပရီးမီးယားလိဂ္က ဘြန္ဒက္စ္လီဂါအသစ္ျဖစ္လာႏိုင္လုနီးပါးျဖစ္ေနတဲ့ အႏၲရာယ္ရွိေနလားၿပီလား။ ဒါမွ မဟုတ္ လာလီဂါအသစ္ျဖစ္လာမွာလား။ အသင္းတစ္သင္းတည္းကပဲ လႊမ္းမိုးၿပီး တစ္ရာသီၿပီး တစ္ရာသီ အႏိုင္ရရွိေနတဲ့ လိဂ္ကို ခင္ဗ်ားသိလား”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.