Premier League

ပိုချက်တီနိုကို ခန့်အပ်မယ့် ချဲလ်ဆီးရဲ့ အလားအလာကို ဟောကိန်းထုတ်ခဲ့တဲ့ နဗီး

ဂယ်ရီ နဗီးက ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့်နှစ်မှာ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ပိုချက်တီနိုဟာ ချဲလ်ဆီးရဲ့ လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအပြင် ဆောက်သမ်တန်၊ ပီအက်စ်ဂျီအသင်းတို့ကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်း နည်းပြသစ်ဖြစ်လာဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်တွေဟာ ယခုရာသီအစောပိုင်းမှာ ပေါ့တားကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ကို ရှာဖွေနေကြတာဖြစ်ပြီး လမ်းပတ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ၅ နှစ်အတွင်း ချဲလ်ဆီးအသင်းရဲ့ ဆဌမမြောက် အမြဲတမ်းနည်းပြသစ်ဖြစ်လာမယ့် ၃ နှစ်စာချုပ်ကို ချုပ်ဆိုသွားမှာဖြစ်ပြီး လာမယ့် မေလ ၂၈ ရက်နေ့ ရာသီနောက်ဆုံးပွဲစဉ်အပြီးမှာ နည်းပြသစ်အဖြစ် စတင်တာဝန်ယူသွားမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ စိတ်ပျက်ဖွယ်ရာသီကို ရင်ဆိုင်ခဲ့ရပြီးနောက် အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့ပြီး ယာယီနည်းပြ လမ်းပတ်လက်ထက် ၈ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရခဲ့ပေမယ့် နဗီးက ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီ ပိုချက်တီနိုလက်အောက်မှာ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် ပိုချက်တီနိုကို နှစ်သက်တယ်။ ချဲလ်ဆီးသာ ပိုချက်တီနိုကို ခေါ်ပြီး လူစာရင်းကို နည်းနည်းလေး မွမ်းမံလိုက်ရင် သူတို့တွေ လာမယ့်နှစ်မှာ အရမ်းကောင်းတဲ့ရာသီကို ပိုင်ဆိုင်လိမ့်မယ်လို့ ကျွန်တော် အမြဲတမ်း တွေးမိခဲ့ပါတယ်။ ပိုချက်တီနိုက ကြီးမားတဲ့ အလားအလာရှိတယ်လို့ မထင်ဘူးဆိုရင် နည်းပြရာထူးကို လက်ခံမယ့်သူမျိုးမဟုတ်ပါဘူး။ သူက ချဲလ်ဆီးကို အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်ပို့ဆောင်ပေးနိုင်တယ်လို့ ထင်မြင်နေတာ သိသာပါတယ်”

“သူ အဲဒါကို တော့တင်ဟမ်မှာတုန်းက လုပ်ခဲ့ပြီး ချဲလ်ဆီးမှာလည်း အရမ်းကြီး ကွာခြားတဲ့ အခြေအနေမဟုတ်ပါဘူး။ သူ့ကို စောစော ခန့်အပ်ပြီး ရာသီကြိုမတိုင်ခင် သူ့လက်သူ့ခြေ လုပ်ခွင့်ပေးတာက တည်ငြိမ်မှုကို ယူဆောင်ပေးနိုင်ပါလိမ့်မယ်။ အဲဒါက တကယ်ကောင်းတဲ့ အပြောင်းအရွှေ့လို့ ကျွန်တော် ထင်တယ်။ ချဲလ်ဆီးက ဒီခန့်အပ်မှုကြောင့် အရှုံးမရှိနိုင်ဘူးလို့ ကျွန်တော် ထင်တယ်။ သူက ချက်ချင်းပဲ ကြီးမားတဲ့ တိုးတက်မှုတွေ ပြုလုပ်ပေးပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးက ပိုခ်က္တီႏိုကို နည္းျပသစ္အျဖစ္ ထုတ္ေဖာ္မိတ္ဆက္ဖို႔ ျပင္ဆင္ေနတဲ့ ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ႏွစ္မွာ အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ပိုခ်က္တီႏိုဟာ ခ်ဲလ္ဆီးရဲ႕ လန္ဒန္ၿပိဳင္ဘက္ေတြျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအျပင္ ေဆာက္သမ္တန္၊ ပီအက္စ္ဂ်ီအသင္းတို႔ကို တာဝန္ယူကိုင္တြယ္ခဲ့သူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္း နည္းျပသစ္ျဖစ္လာဖို႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတြဟာ ယခုရာသီအေစာပိုင္းမွာ ေပါ့တားကို နည္းျပရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ နည္းျပသစ္ကို ရွာေဖြေနၾကတာျဖစ္ၿပီး လမ္းပတ္ကို ယာယီနည္းျပအျဖစ္ ရာသီကုန္အထိ တာဝန္ေပးအပ္ခဲ့တာျဖစ္ပါတယ္။

ပိုခ်က္တီႏိုဟာ ၅ ႏွစ္အတြင္း ခ်ဲလ္ဆီးအသင္းရဲ႕ ဆဌမေျမာက္ အၿမဲတမ္းနည္းျပသစ္ျဖစ္လာမယ့္ ၃ ႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး လာမယ့္ ေမလ ၂၈ ရက္ေန႔ ရာသီေနာက္ဆုံးပြဲစဥ္အၿပီးမွာ နည္းျပသစ္အျဖစ္ စတင္တာဝန္ယူသြားမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ စိတ္ပ်က္ဖြယ္ရာသီကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ အဆင့္ ၁၁ ေနရာအထိ က်ဆင္းသြားခဲ့ၿပီး ယာယီနည္းျပ လမ္းပတ္လက္ထက္ ၈ ပြဲမွာ ၁ ပြဲသာ ႏိုင္ပြဲရခဲ့ေပမယ့္ နဗီးက ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ရာသီ ပိုခ်က္တီႏိုလက္ေအာက္မွာ အမွတ္ေပးဇယားထိပ္ကို တက္လွမ္းႏိုင္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ပိုခ်က္တီႏိုကို ႏွစ္သက္တယ္။ ခ်ဲလ္ဆီးသာ ပိုခ်က္တီႏိုကို ေခၚၿပီး လူစာရင္းကို နည္းနည္းေလး မြမ္းမံလိုက္ရင္ သူတို႔ေတြ လာမယ့္ႏွစ္မွာ အရမ္းေကာင္းတဲ့ရာသီကို ပိုင္ဆိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ အၿမဲတမ္း ေတြးမိခဲ့ပါတယ္။ ပိုခ်က္တီႏိုက ႀကီးမားတဲ့ အလားအလာရွိတယ္လို႔ မထင္ဘူးဆိုရင္ နည္းျပရာထူးကို လက္ခံမယ့္သူမ်ိဳးမဟုတ္ပါဘူး။ သူက ခ်ဲလ္ဆီးကို အမွတ္ေပးဇယားထိပ္ဆုံးကို ျပန္လည္ပို႔ေဆာင္ေပးႏိုင္တယ္လို႔ ထင္ျမင္ေနတာ သိသာပါတယ္”

“သူ အဲဒါကို ေတာ့တင္ဟမ္မွာတုန္းက လုပ္ခဲ့ၿပီး ခ်ဲလ္ဆီးမွာလည္း အရမ္းႀကီး ကြာျခားတဲ့ အေျခအေနမဟုတ္ပါဘူး။ သူ႔ကို ေစာေစာ ခန႔္အပ္ၿပီး ရာသီႀကိဳမတိုင္ခင္ သူ႔လက္သူ႔ေျခ လုပ္ခြင့္ေပးတာက တည္ၿငိမ္မႈကို ယူေဆာင္ေပးႏိုင္ပါလိမ့္မယ္။ အဲဒါက တကယ္ေကာင္းတဲ့ အေျပာင္းအေ႐ႊ႕လို႔ ကြၽန္ေတာ္ ထင္တယ္။ ခ်ဲလ္ဆီးက ဒီခန႔္အပ္မႈေၾကာင့္ အရႈံးမရွိႏိုင္ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ သူက ခ်က္ခ်င္းပဲ ႀကီးမားတဲ့ တိုးတက္မႈေတြ ျပဳလုပ္ေပးပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.