La Liga

ဘာဆာရဲ့ရွှေရောင်နေ့ရက်တွေဆီပြန်ပို့နိုင်အောင် စည်းမျဉ်း ၁၀ ခု သတ်မှတ်ခဲ့တဲ့ ဇာဗီ

ဇာဗီ ဟာနန်ဒက်ဇ်ဟာ ဘာစီလိုနာအသင်းဆီကို ရွှေရောင်နေ့ရက်တွေ ပြန်လည်ယူဆောင်ပေးနိုင်ဖို့အတွက် တင်းကြပ်တဲ့ စည်းမျဉ်းတွေကို ချက်ချင်း သတ်မှတ်ခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် နည်းပြဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ရော်နယ် ကိုးမန်းကို ဘာစီလိုနာအသင်းက ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဇာဗီ စတင်တာဝန်ယူချိန်မှာ ၁၂ ပွဲကနေ ၄ ပွဲသာ အနိုင်ရရှိခဲ့ပြီး လာလီဂါမှာ အဆင့် ၁၀ နဲ့ လမ်းပျောက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန်ဂန္တဝင်ကွင်းလယ်ကစားသမားက နူးကမ့်ကို ကောင်းမွန်တဲ့ အချိန်တွေကို ပြန်လည်ယူဆောင်လာပေးခဲ့ပြီး အက်စ်ပန်ညိုကို ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးနဲ့ ၂၇ လုံးမြောက် လာလီဂါဖလားရရှိအောင် ဘာစီလိုနာအသင်းအတွက် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ရော်နယ် ကိုးမန်းရဲ့နေရာမှာ ဇာဗီကို အစားထိုးခန့်အပ်ခဲ့ချိန်မှာ အသင်းခေါင်းဆောင် ဆာဂီယို ဘူးစ်ကတ်က အသင်းမှာ ဘာစည်းမျဉ်းစည်းကမ်းမှ မရှိဘဲ ဖြစ်ချင်သလိုတွေ ဖြစ်နေတယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။

ဇာဗီက ချက်ချင်းပဲ စည်းမျဉ်း ၁၀ ခုကို ပြဌာန်းခဲ့ပြီး ESPN ရဲ့ ဖော်ပြချက်အရ နောက်ကျတဲ့ ဘယ်သူ့ကိုမဆို ဒဏ်ငွေချမှတ်ပြီး တူညီတဲ့ စည်းကမ်းချိုးဖောက်မှုမျိုး ထပ်ခါထပ်ခါလုပ်သူတွေကို ဒဏ်ကြေး ၂ ဆအထိ ပြစ်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇာဗီဟာ ကစားသမားတွေ စောစောလေ့ကျင့်ရေးကို လာပြီး မနက်စာ အတူတူ စားနိုင်အောင်နဲ့ ကစားသမားတွေရဲ့ ကွင်းပြင်ပ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အပြင် ကောင်းမွန်တဲ့ပုံရိပ်ကို ထိန်းသိမ်းနိုင်အောင်ပါ ညမထွက်ရအမိန့်ပါ ထုတ်ခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ စည်းကမ်းတွေက အန္တရာယ်ရှိတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းကို တားမြစ်ခြင်းဖြစ်ပြီး ရီကီ ပုဟာ ဘာစီလိုနာမြို့က လူသွားလမ်းပေါ်မှာ လျှပ်စစ် စကူတာ မောင်းနှင်ခဲ့တာကြောင့် ဒဏ်ရိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဇာဗီ ချမှတ်ခဲ့တဲ့ စည်းမျဉ်း ၁၀ ခု

၁။ ကစားသမားတွေအနေနဲ့ လေ့ကျင့်ရေးမစတင်ခင် မိနစ် ၉၀ အလိုမှာ အရောက်လာရန်။

၂။ အသင်းဝန်ထမ်းတွေအနေနဲပ လေ့ကျင့်ရေး မစတင်ခင် ၂ နာရီအလိုမှာ အရောက်လာရန်။

၃။အသင်းလေ့ကျင့်ရေးကွင်းမှာသာ ကစားသမားတွေ စားသောက်ရန်။

၄။ ဒဏ်ကြေးရိုက်တဲ့စည်းကမ်း ပြန်လည်ကျင့်သုံးရန်။

၅။ တူညီတဲ့ စည်းကမ်းချိုးဖောက်မှု၊ ချိုးဖောက်သူတွေကို ဒဏ်ကြေး ၂ ဆ ချမှတ်ရန်။

၆။ ကစားသမားတွေအနေနဲ့ ပွဲမတိုင်ခင် ၂ ရက် ညမနက်ခင် အိမ်အရောက်ပြန်ရန်။

၇။ ကစားသမားတွေအနေနဲ့ လေ့ကျင့်ရေးမှာ မခိုမကပ်ဘဲ အားကုန်ထုတ်ရန်။

၈။ ကစားသမားတွေရဲ့ ကွင်းပြင်ပ လုပ်ဆောင်မှုတွေကို စောင့်ကြည့်သွားရန်။

၉။ အန္တရာယ်ရှိတဲ့ လုပ်ဆောင်မှုတွေကို ခွင့်မပြု။

၁၀။ မရှိမဖြစ် ကောင်းမွန်တဲ့ပုံရိပ်ကို ထိန်းသိမ်းရန်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇာဗီ ဟာနန္ဒက္ဇ္ဟာ ဘာစီလိုနာအသင္းဆီကို ေ႐ႊေရာင္ေန႔ရက္ေတြ ျပန္လည္ယူေဆာင္ေပးႏိုင္ဖို႔အတြက္ တင္းၾကပ္တဲ့ စည္းမ်ဥ္းေတြကို ခ်က္ခ်င္း သတ္မွတ္ခဲ့ပါတယ္။

အသက္ ၄၃ ႏွစ္အ႐ြယ္ နည္းျပဟာ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလမွာ ေရာ္နယ္ ကိုးမန္းကို ဘာစီလိုနာအသင္းက ထုတ္ပယ္ခဲ့ၿပီးေနာက္ နည္းျပသစ္အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ဘာစီလိုနာဟာ ဇာဗီ စတင္တာဝန္ယူခ်ိန္မွာ ၁၂ ပြဲကေန ၄ ပြဲသာ အႏိုင္ရရွိခဲ့ၿပီး လာလီဂါမွာ အဆင့္ ၁၀ နဲ႔ လမ္းေပ်ာက္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စပိန္ဂႏၲဝင္ကြင္းလယ္ကစားသမားက ႏူးကမ့္ကို ေကာင္းမြန္တဲ့ အခ်ိန္ေတြကို ျပန္လည္ယူေဆာင္လာေပးခဲ့ၿပီး အက္စ္ပန္ညိဳကို ၄-၂ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးနဲ႔ ၂၇ လုံးေျမာက္ လာလီဂါဖလားရရွိေအာင္ ဘာစီလိုနာအသင္းအတြက္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ေရာ္နယ္ ကိုးမန္းရဲ႕ေနရာမွာ ဇာဗီကို အစားထိုးခန႔္အပ္ခဲ့ခ်ိန္မွာ အသင္းေခါင္းေဆာင္ ဆာဂီယို ဘူးစ္ကတ္က အသင္းမွာ ဘာစည္းမ်ဥ္းစည္းကမ္းမွ မရွိဘဲ ျဖစ္ခ်င္သလိုေတြ ျဖစ္ေနတယ္လို႔ အသိေပးခဲ့တာျဖစ္ပါတယ္။

ဇာဗီက ခ်က္ခ်င္းပဲ စည္းမ်ဥ္း ၁၀ ခုကို ျပဌာန္းခဲ့ၿပီး ESPN ရဲ႕ ေဖာ္ျပခ်က္အရ ေနာက္က်တဲ့ ဘယ္သူ႔ကိုမဆို ဒဏ္ေငြခ်မွတ္ၿပီး တူညီတဲ့ စည္းကမ္းခ်ိဳးေဖာက္မႈမ်ိဳး ထပ္ခါထပ္ခါလုပ္သူေတြကို ဒဏ္ေၾကး ၂ ဆအထိ ျပစ္ဒဏ္ေပးခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဇာဗီဟာ ကစားသမားေတြ ေစာေစာေလ့က်င့္ေရးကို လာၿပီး မနက္စာ အတူတူ စားႏိုင္ေအာင္နဲ႔ ကစားသမားေတြရဲ႕ ကြင္းျပင္ပ လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ဖို႔အျပင္ ေကာင္းမြန္တဲ့ပုံရိပ္ကို ထိန္းသိမ္းႏိုင္ေအာင္ပါ ညမထြက္ရအမိန႔္ပါ ထုတ္ခဲ့တယ္လို႔ သိရပါတယ္။

ေနာက္ထပ္ စိတ္ဝင္စားစရာ စည္းကမ္းေတြက အႏၲရာယ္ရွိတဲ့ လႈပ္ရွားမႈေတြမွာ ပါဝင္ျခင္းကို တားျမစ္ျခင္းျဖစ္ၿပီး ရီကီ ပုဟာ ဘာစီလိုနာၿမိဳ႕က လူသြားလမ္းေပၚမွာ လွ်ပ္စစ္ စကူတာ ေမာင္းႏွင္ခဲ့တာေၾကာင့္ ဒဏ္႐ိုက္ခံခဲ့ရတာျဖစ္ပါတယ္။

ဇာဗီ ခ်မွတ္ခဲ့တဲ့ စည္းမ်ဥ္း ၁၀ ခု

၁။ ကစားသမားေတြအေနနဲ႔ ေလ့က်င့္ေရးမစတင္ခင္ မိနစ္ ၉၀ အလိုမွာ အေရာက္လာရန္။

၂။ အသင္းဝန္ထမ္းေတြအေနနဲပ ေလ့က်င့္ေရး မစတင္ခင္ ၂ နာရီအလိုမွာ အေရာက္လာရန္။

၃။အသင္းေလ့က်င့္ေရးကြင္းမွာသာ ကစားသမားေတြ စားေသာက္ရန္။

၄။ ဒဏ္ေၾကး႐ိုက္တဲ့စည္းကမ္း ျပန္လည္က်င့္သုံးရန္။

၅။ တူညီတဲ့ စည္းကမ္းခ်ိဳးေဖာက္မႈ၊ ခ်ိဳးေဖာက္သူေတြကို ဒဏ္ေၾကး ၂ ဆ ခ်မွတ္ရန္။

၆။ ကစားသမားေတြအေနနဲ႔ ပြဲမတိုင္ခင္ ၂ ရက္ ညမနက္ခင္ အိမ္အေရာက္ျပန္ရန္။

၇။ ကစားသမားေတြအေနနဲ႔ ေလ့က်င့္ေရးမွာ မခိုမကပ္ဘဲ အားကုန္ထုတ္ရန္။

၈။ ကစားသမားေတြရဲ႕ ကြင္းျပင္ပ လုပ္ေဆာင္မႈေတြကို ေစာင့္ၾကည့္သြားရန္။

၉။ အႏၲရာယ္ရွိတဲ့ လုပ္ေဆာင္မႈေတြကို ခြင့္မျပဳ။

၁၀။ မရွိမျဖစ္ ေကာင္းမြန္တဲ့ပုံရိပ္ကို ထိန္းသိမ္းရန္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.