La Liga Premier League

၈ မိနစ်ပဲကစားပြီး ကစားသမားဘဝ ပထမဆုံးလိဂ်ဖလားရခဲ့တဲ့ အူဘာမီယန်း

အူဘာမီယန်းဟာ ယခုရာသီမှာ စိတ်ပျက်ဖွယ်ရာသီကို ပိုင်ဆိုင်နေတဲ့ ချဲလ်ဆီးအသင်းအတွက် ကစားပေးခဲ့ပေမယ့်လည်း ၎င်းရဲ့ ကစားသမားဘဝမှာ ပထမဆုံး လိဂ်ဖလားကို အနိုင်ရရှိခဲ့ပါတယ်။

အူဘာမီယန်းရဲ့ ပြီးခဲ့တဲ့ ၁၈ လကို နားလည်အောင် ကြိုးစားရင် ခေါင်းကုတ်မိချင်စရာဖြစ်နေမှာဖြစ်ပြီး အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းရဲ့ ရှုပ်ထွေးတဲ့ ဇာတ်လမ်းက မြောက်လန်ဒန်ဒါဘီအတွက် လေ့ကျင့်ရေးကို နောက်ကျရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ဂါဘွန်တိုက်စစ်မှူးကို အသင်းကနေ ထုတ်ပယ်ဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အူဘာမီယန်းရဲ့ အမ်းမရိတ်စ်က စာချုပ်ကို ဖျက်သိမ်းပြီးနောက် ဘာစီလိုနာကို အလွတ်နဲ့ ပြောင်းရွှေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်းဟာ ဘာစီလိုနာအတွက် ရာသီဒုတိယပိုင်းမှာ ကောင်းကောင်း ကစားပေးနိုင်ခဲ့ပြီး လာလီဂါမှာ ၁၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီးနောက် နွေရာသီမှာ ချဲလ်ဆီးအသင်းကို ဒေါ့မွန်နည်းပြဟောင်း တူဟယ်နဲ့ ပြန်လည်ဆုံစည်းဖို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

တူဟယ်ဟာ ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ အံ့အားသင့်ဖွယ် ထုတ်ပယ်ခံခဲ့ရပြီး ဂါဘွန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ၁၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၅ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး သွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မတ်လတုန်းက ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့ပြီးနောက် အဝတ်လဲခန်းထဲမှာ အောင်ပွဲခံနေကြချိန်အတွင်း အူဘာမီယန်းကို မြင်တွေ့ခဲ့ပြီး လက်ရှိမှာတော့ ဂါဘွန်တိုက်စစ်မှူးအနေနဲ့ အောင်ပွဲခံဖို့ နောက်ထပ်အကြောင်းအရင်းတစ်ခု ရရှိခဲ့ပြီဖြစ်ပါတယ်။

အူဘာမီယန်းဟာ ယခုရာသီ အဖွင့်ပွဲစဉ်အဖြစ် ဗယ်လက်ကာနိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဇာဗီရဲ့အသင်းအတွက် ၈ မိနစ် ပါဝင်ကစားပေးခဲ့ပြီး ယော်ဒီ အယ်လ်ဘာရဲ့ နေရာမှာ လူစားဝင်ကစားပေးခဲ့တာကြောင့် ၎င်းဟာ တရားဝင် လာလီဂါချန်ပီယံဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံဆုတံဆိပ်ရရှိဖို့အတွက် ကစားသမားတစ်ဦးဟာ တစ်ရာသီအတွင်း အနည်းဆုံး ၅ ပွဲ ပါဝင်ကစားပေးဖို့ လိုအပ်မှာဖြစ်ပေမယ့်လည်း ဥရောပက လိဂ်တိုင်းမှာ အဲဒီစည်းမျဉ်းက ရှိတာမဟုတ်ဘဲ အဲဒါကြောင့်ပဲ ကင်းစလီ ကိုးမန်းက လက်ရှိအချိန်အထိ ၎င်းရဲ့ ကစားသမားဘဝမှာ ရာသီတိုင်း လိဂ်ဖလားကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်းလိုမျိုး ခြေစွမ်း ဆိုးဆိုးရွားရွားကစားခဲ့တဲ့ ကစားသမားကို လက်ရှိ ချဲလ်ဆီးအသင်းမှာ ချန်ပီယံအဖြစ် သတ်မှတ်ရတာက တော်တော်လေး ရယ်စရာကောင်းမှာဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ယခုနွေရာသီမှာ နူးကမ့်ကို အလွတ်နဲ့ ပြန်လည်ပြောင်းရွှေ့မယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အူဘာမီယန္းဟာ ယခုရာသီမွာ စိတ္ပ်က္ဖြယ္ရာသီကို ပိုင္ဆိုင္ေနတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ကစားေပးခဲ့ေပမယ့္လည္း ၎ရဲ႕ ကစားသမားဘဝမွာ ပထမဆုံး လိဂ္ဖလားကို အႏိုင္ရရွိခဲ့ပါတယ္။

အူဘာမီယန္းရဲ႕ ၿပီးခဲ့တဲ့ ၁၈ လကို နားလည္ေအာင္ ႀကိဳးစားရင္ ေခါင္းကုတ္မိခ်င္စရာျဖစ္ေနမွာျဖစ္ၿပီး အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္းရဲ႕ ရႈပ္ေထြးတဲ့ ဇာတ္လမ္းက ေျမာက္လန္ဒန္ဒါဘီအတြက္ ေလ့က်င့္ေရးကို ေနာက္က်ရာကေန စတင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာက ဂါဘြန္တိုက္စစ္မႉးကို အသင္းကေန ထုတ္ပယ္ဖို႔ လိုအပ္ၿပီလို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ အူဘာမီယန္းရဲ႕ အမ္းမရိတ္စ္က စာခ်ဳပ္ကို ဖ်က္သိမ္းၿပီးေနာက္ ဘာစီလိုနာကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

အူဘာမီယန္းဟာ ဘာစီလိုနာအတြက္ ရာသီဒုတိယပိုင္းမွာ ေကာင္းေကာင္း ကစားေပးႏိုင္ခဲ့ၿပီး လာလီဂါမွာ ၁၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၁ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းကို ေဒါ့မြန္နည္းျပေဟာင္း တူဟယ္နဲ႔ ျပန္လည္ဆုံစည္းဖို႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။

တူဟယ္ဟာ ရက္သတၱပတ္အနည္းငယ္အၾကာမွာပဲ အံ့အားသင့္ဖြယ္ ထုတ္ပယ္ခံခဲ့ရၿပီး ဂါဘြန္တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ ၁၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၅ ပြဲသာ ပြဲထြက္ခြင့္ရခဲ့ၿပီး သြင္းဂိုး ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မတ္လတုန္းက ဘာစီလိုနာအသင္းက ရီးရဲလ္မက္ဒရစ္ကို အႏိုင္ရရွိခဲ့ၿပီးေနာက္ အဝတ္လဲခန္းထဲမွာ ေအာင္ပြဲခံေနၾကခ်ိန္အတြင္း အူဘာမီယန္းကို ျမင္ေတြ႕ခဲ့ၿပီး လက္ရွိမွာေတာ့ ဂါဘြန္တိုက္စစ္မႉးအေနနဲ႔ ေအာင္ပြဲခံဖို႔ ေနာက္ထပ္အေၾကာင္းအရင္းတစ္ခု ရရွိခဲ့ၿပီျဖစ္ပါတယ္။

အူဘာမီယန္းဟာ ယခုရာသီ အဖြင့္ပြဲစဥ္အျဖစ္ ဗယ္လက္ကာႏိုနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဇာဗီရဲ႕အသင္းအတြက္ ၈ မိနစ္ ပါဝင္ကစားေပးခဲ့ၿပီး ေယာ္ဒီ အယ္လ္ဘာရဲ႕ ေနရာမွာ လူစားဝင္ကစားေပးခဲ့တာေၾကာင့္ ၎ဟာ တရားဝင္ လာလီဂါခ်န္ပီယံျဖစ္တယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာေတာ့ ခ်န္ပီယံဆုတံဆိပ္ရရွိဖို႔အတြက္ ကစားသမားတစ္ဦးဟာ တစ္ရာသီအတြင္း အနည္းဆုံး ၅ ပြဲ ပါဝင္ကစားေပးဖို႔ လိုအပ္မွာျဖစ္ေပမယ့္လည္း ဥေရာပက လိဂ္တိုင္းမွာ အဲဒီစည္းမ်ဥ္းက ရွိတာမဟုတ္ဘဲ အဲဒါေၾကာင့္ပဲ ကင္းစလီ ကိုးမန္းက လက္ရွိအခ်ိန္အထိ ၎ရဲ႕ ကစားသမားဘဝမွာ ရာသီတိုင္း လိဂ္ဖလားကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အူဘာမီယန္းလိုမ်ိဳး ေျခစြမ္း ဆိုးဆိုး႐ြား႐ြားကစားခဲ့တဲ့ ကစားသမားကို လက္ရွိ ခ်ဲလ္ဆီးအသင္းမွာ ခ်န္ပီယံအျဖစ္ သတ္မွတ္ရတာက ေတာ္ေတာ္ေလး ရယ္စရာေကာင္းမွာျဖစ္ၿပီး အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ယခုေႏြရာသီမွာ ႏူးကမ့္ကို အလြတ္နဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.