La Liga

မက်ဆီအတွက် အာဂျင်တီးနားအသင်းဖော်ကိုပါ တွဲကစားဖို့ ခေါ်ပေးမယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လီယွန်နယ် မက်ဆီနဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း အိန်ဂျယ် ဒီမာရီယာတို့ကို ပြန်လည်ဆုံစည်းဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အီတလီသတင်းဌာန Tuttosport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ လာမယ့် နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူလို့ရမယ့် ဒီမာရီယာကို ခေါ်ယူသွားဖို့ ကြိုးပမ်းနေတယ်လို့ သိရပြီး El Nacional က ကတ်တလန်အသင်းကြီးဟာ ၂၀၂၂ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်အတွဲကို နူးကမ့်မှာ ပြန်လည်ပုံဖော်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ဂျူဗင်တပ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်နေမှာဖြစ်ပြီး နူးကမ့်မှာ လစာလျှော့ယူရမယ်ဆိုရင်တောင်မှ လီယွန်နယ် မက်ဆီနဲ့ တွဲကစားနိုင်မယ့်အခွင့်အရေးကို အမိအရယူသွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ ရဲတင်းတဲ့ အပြောင်းအရွှေ့ဟာ အခက်အခဲတွေရှိနေပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် ပိုမိုငယ်ရွယ်လာမှာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဘောလုံးလောကမှာ ရေရှည်ကစားနိုင်စွမ်းရှိပါ့မလားလို့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာထိပ်ပိုင်းတာဝန်ရှိသူတွေဟာ လီယွန်နယ် မက်ဆီရဲ့ အပြောင်းအရွှေ့ဖြစ်နိုင်ခြေရှိနေမှုနဲ့အတူ ဒီအပြောင်းအရွှေ့ကို အပြီးသတ်ရမယ့်အချိန်ကျရင် မရေရာမသေချာမှုတွေနဲ့ နပမ်းလုံးရမှာဖြစ်ပြီး အသက်အရွယ်နဲ့ ကြံ့ခိုင်မှု စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း ဒီမာရီယာဟာ ပီအက်စ်ဂျီကြယ်ပွင့်ကို နူးကမ့်ပြန်လည်ခေါ်ယူရာမှာ ပေါင်းကူးတံတားတစ်ခုဖြစ်လာနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင်းဟာ လီယွန်နယ် မက်ဆီနဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း အိန်ဂျယ် ဒီမာရီယာတို့ကို ပြန်လည်ဆုံစည်းဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။





REF: INTERNET SOURCES
SPORTS A2Z.