Premier League

ခီဗီယောကို အရှက်ရစရာအဖြစ် ဝေဖန်လိုက်တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက အာဆင်နယ်နောက်ခံလူ ခီဗီယောဟာ ဘရိုက်တန်ရဲ့ အဖွင့်ဂိုးအတွက် တိုက်စစ်ဆင်နေချိန်မှာ လဲကျနေတဲ့အတွက် အရှက်ရစရာလို့ ဝေဖန်ခဲ့ပါတယ်။

ဂန်းနားတွေဟာ တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ၃ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်မယ့် မျှော်လင့်ချက်လည်း အဆုံးသတ်သွားခဲ့ရတာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ အမှတ်ပေးဇယားဦးဆောင်သူ မန်ချက်စတာစီးတီးနဲ့ ၄ မှတ်အထိ ကွာဟနေခဲ့ပြီးဖြစ်ပေမယ့်လည်း ဂန်းနားတွေရဲ့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့မှုကြောင့် ဂွါဒီယိုလာရဲ့အသင်းဟာ ၃ နှစ်ဆက်တိုက် ဖလား ရယူနိုင်ဖို့ နိုင်ပွဲ ၁ ပွဲသာ လိုအပ်တော့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ မြောက်လန်ဒန်မှာ မကြုံစဖူး ထူးခြားတဲ့ နိုင်ပွဲကို ရယူသွားနိုင်ခဲ့တာဖြစ်ပြီး ၅၁ မိနစ်မှာ အန်ဆီဆိုက လူကပ်ခံမထားရဘဲ လွတ်လွတ်ကျွတ်ကျွတ် အနီးကပ် ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဒီသွင်းဂိုးဟာ တိုက်စစ်စတင်ချိန်မှာ ခီဗီယောက ပင်နယ်တီဧရိယာထဲမှာ လဲကျသွားခဲ့ပြီးနောက် ခွင့်ပြုမပေးသင့်တဲ့သွင်းဂိုးလို့ ပြောဆိုမှုတွေရှိခ့ပေမယ့်လည်း ရုပ်သံအနှေးပြကွက်ထဲမှာ ဘရိုက်တန်အသင်းရဲ့ ဂိုးသွင်းရှင်နဲ့ သေးငယ်တဲ့ထိတွေ့မှုသာရှိခဲ့တယ်ဆိုတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်နောက်ခံလူ ကာရေဂါက ခီဗီယောအတွက် အရှက်ရစရာအခိုက်အတန့်လို့ ခံစားခဲ့ရပြီး အဆင်နယ်နောက်ခံလူအနေနဲ့ ပြန်ထပြီး ဘရိုက်တန်ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုအပေါ်မှာ ၎င်းရဲ့အသက်က မူတည်နေသလိုမျိုး ကာကွယ်ခဲ့သင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ခီဗီယောက ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရသည်ဖြစ်စေ၊ မခံခဲ့ရသည်ဖြစ်စေ အဲဒီလို လဲနေတာက အရှက်ရစရာဖြစ်ခဲ့တယ်။ သူနဲ့ပတ်သက်ပြီး အရမ်းသေးသေးလေး မှားနေတာ ရှိခဲ့ပါတယ်။ မတ်တပ်ထပြီး ခင်ဗျားရဲ့ အသက်က အဲဒီအပေါ်မှာ မူတည်နေသလိုမျိုး ခုခံပါ”လို့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်မီ ကာေရဂါက အာဆင္နယ္ေနာက္ခံလူ ခီဗီေယာဟာ ဘ႐ိုက္တန္ရဲ႕ အဖြင့္ဂိုးအတြက္ တိုက္စစ္ဆင္ေနခ်ိန္မွာ လဲက်ေနတဲ့အတြက္ အရွက္ရစရာလို႔ ေဝဖန္ခဲ့ပါတယ္။

ဂန္းနားေတြဟာ တနဂၤေႏြေန႔က အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ပြဲစဥ္ ဒုတိယပိုင္းမွာ ၃ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီး ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္မယ့္ ေမွ်ာ္လင့္ခ်က္လည္း အဆုံးသတ္သြားခဲ့ရတာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ အမွတ္ေပးဇယားဦးေဆာင္သူ မန္ခ်က္စတာစီးတီးနဲ႔ ၄ မွတ္အထိ ကြာဟေနခဲ့ၿပီးျဖစ္ေပမယ့္လည္း ဂန္းနားေတြရဲ႕ ဘ႐ိုက္တန္ကို ရႈံးနိမ့္ခဲ့မႈေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းဟာ ၃ ႏွစ္ဆက္တိုက္ ဖလား ရယူႏိုင္ဖို႔ ႏိုင္ပြဲ ၁ ပြဲသာ လိုအပ္ေတာ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္အသင္းဟာ ေျမာက္လန္ဒန္မွာ မႀကဳံစဖူး ထူးျခားတဲ့ ႏိုင္ပြဲကို ရယူသြားႏိုင္ခဲ့တာျဖစ္ၿပီး ၅၁ မိနစ္မွာ အန္ဆီဆိုက လူကပ္ခံမထားရဘဲ လြတ္လြတ္ကြၽတ္ကြၽတ္ အနီးကပ္ ေခါင္းတိုက္ခ်က္နဲ႔ ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဲဒီသြင္းဂိုးဟာ တိုက္စစ္စတင္ခ်ိန္မွာ ခီဗီေယာက ပင္နယ္တီဧရိယာထဲမွာ လဲက်သြားခဲ့ၿပီးေနာက္ ခြင့္ျပဳမေပးသင့္တဲ့သြင္းဂိုးလို႔ ေျပာဆိုမႈေတြရွိခ့ေပမယ့္လည္း ႐ုပ္သံအေႏွးျပကြက္ထဲမွာ ဘ႐ိုက္တန္အသင္းရဲ႕ ဂိုးသြင္းရွင္နဲ႔ ေသးငယ္တဲ့ထိေတြ႕မႈသာရွိခဲ့တယ္ဆိုတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးလ္ေနာက္ခံလူ ကာေရဂါက ခီဗီေယာအတြက္ အရွက္ရစရာအခိုက္အတန႔္လို႔ ခံစားခဲ့ရၿပီး အဆင္နယ္ေနာက္ခံလူအေနနဲ႔ ျပန္ထၿပီး ဘ႐ိုက္တန္ရဲ႕ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈအေပၚမွာ ၎ရဲ႕အသက္က မူတည္ေနသလိုမ်ိဳး ကာကြယ္ခဲ့သင့္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ခီဗီေယာက ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရသည္ျဖစ္ေစ၊ မခံခဲ့ရသည္ျဖစ္ေစ အဲဒီလို လဲေနတာက အရွက္ရစရာျဖစ္ခဲ့တယ္။ သူနဲ႔ပတ္သက္ၿပီး အရမ္းေသးေသးေလး မွားေနတာ ရွိခဲ့ပါတယ္။ မတ္တပ္ထၿပီး ခင္ဗ်ားရဲ႕ အသက္က အဲဒီအေပၚမွာ မူတည္ေနသလိုမ်ိဳး ခုခံပါ”လို႔ တြစ္တာမွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.