Premier League

ဘရိုက်တန်နဲ့ပွဲမှာ ပြင်းပြင်းထန်ထန် ဝေဖန်ရမယ့် ဂန်းနားကြယ်ပွင့်ကို ပြောပြခဲ့တဲ့ အီယန် ရိုက်

အီယန် ရိုက်က အာဆင်နယ်နောက်ခံလူ ဘန် ဝှိုက်ဟာ ဘရိုက်တန်အသင်းကို အမ်းမရိတ်စ်မှာ ရှုံးနိမ့်ခဲ့ပြီး ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်ကို ဆုံးရှုံးခဲ့စေတဲ့ ပွဲစဉ်အတွင်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခံရအောင် အလုပ်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘန် ဝှိုက်ဟာ တနင်္ဂနွေနေ့ညနေက အမ်းမရိတ်စ်မှာ ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်အသင်းရဲ့ တက်ကြွလှုပ်ရှားတဲ့ တောင်ပံကစားသမားတွေကို ထိန်းသိမ်းဖို့ ရုန်းကန်ခဲ့ရတာကြောင့် မေ့ပစ်ချင်စရာ ညနေခင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘရိုက်တန်အသင်းကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးကို ၁ မှတ်အကွာကနေ လိုက်လံဖိအားပေးနိုင်မှာဖြစ်ပေမယ့်လည်း ဒုတိယပိုင်းမှာ တလွဲတွေချည်း ရွေးလုပ်ခဲ့တဲ့အတွက် ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်ဟာ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ လက်ရှိမှာတော့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် နောက်ဆုံး ကစားရမယ့် ၃ ပွဲကနေ ၃ မှတ် ရရှိဖို့သာ လိုအပ်တော့တာ ဖြစ်ပါတယ်။

အီယန် ရိုက်က ဘရိုက်တန်နဲ့ပွဲစဉ်ဟာ ဆုဖလားစိန်ခေါ်နေတဲ့ အာဆင်နယ်အတွက် တော်တော်လေး ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး ဘန် ဝှိုက်ဟာ ဟိုးအရင်တုန်းက မြင်တွေ့ခဲ့တဲ့အတိုင်း ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မှု ခံရအောင် အလုပ်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

“အာဆင်နယ်က အခုဆိုရင် သူတို့ ဘာလုပ်ဖို့ လိုအပ်ခဲ့လဲဆိုတာကို သိခဲ့တာ ရက်သတ္တပတ်တော်တော်လေး ကြာခဲ့ပြီ။ ဒါပေမယ့် ဘရိုက်တန်ပွဲက အမြဲတမ်း အမှားလုပ်မိနိုင်တဲ့ အလားအလာရှိတဲ့ပွဲလိုမျိုး ဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်အသင်း ကစားကွက်ခင်းကျင်းလာတဲ့ပုံ၊ သူတို့တွေ အာဆင်နယ်ကို ဖိအားပေးချင်ခဲ့ပြီး အာဆင်နယ်က ဟန်ချက်ပျက်တဲ့အချိန်မှာ သူတို့တွေ ဖြတ်ကျော်သွားခဲ့တယ်”

“မိတိုမာက ကျွန်တော် မြင်ခဲ့တာ တော်တော်လေး ကြာခဲ့ပြီဖြစ်တဲ့ ဘန် ဝှိုက်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခံရအောင် လုပ်ခဲ့တယ်။ ဒီကစားသမား(ဘန် ဝှိုက်)က ဒီရာသီမှာ ကောင်းကောင်း ကစားနေခဲ့တဲ့သူပါ။ အာဆင်နယ်က ဘယ်လိုမှ ထိန်းလို့မရခဲ့ဘူး။ ဘရိုက်တန်က ချီးကျူးမှု အများကြီးရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အတွက် ကောင်းကောင်း ကစားနိုင်သင့်သလောက် မကစားနိုင်ခဲ့တဲ့ပွဲဖြစ်ပါလိမ့်မယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီယန္ ႐ိုက္က အာဆင္နယ္ေနာက္ခံလူ ဘန္ ဝႈိက္ဟာ ဘ႐ိုက္တန္အသင္းကို အမ္းမရိတ္စ္မွာ ရႈံးနိမ့္ခဲ့ၿပီး ဂန္းနားေတြရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ကို ဆုံးရႈံးခဲ့ေစတဲ့ ပြဲစဥ္အတြင္း ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္ခံရေအာင္ အလုပ္ခံခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘန္ ဝႈိက္ဟာ တနဂၤေႏြေန႔ညေနက အမ္းမရိတ္စ္မွာ ဘ႐ိုက္တန္ကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ၿပိဳင္ဘက္အသင္းရဲ႕ တက္ႂကြလႈပ္ရွားတဲ့ ေတာင္ပံကစားသမားေတြကို ထိန္းသိမ္းဖို႔ ႐ုန္းကန္ခဲ့ရတာေၾကာင့္ ေမ့ပစ္ခ်င္စရာ ညေနခင္းတစ္ခုကို ပိုင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဘ႐ိုက္တန္အသင္းကိုသာ အႏိုင္ကစားႏိုင္ခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ဆုံးက မန္ခ်က္စတာစီးတီးကို ၁ မွတ္အကြာကေန လိုက္လံဖိအားေပးႏိုင္မွာျဖစ္ေပမယ့္လည္း ဒုတိယပိုင္းမွာ တလြဲေတြခ်ည္း ေ႐ြးလုပ္ခဲ့တဲ့အတြက္ ဂန္းနားေတြရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ဟာ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ လက္ရွိမွာေတာ့ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း ၅ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔အတြက္ ေနာက္ဆုံး ကစားရမယ့္ ၃ ပြဲကေန ၃ မွတ္ ရရွိဖို႔သာ လိုအပ္ေတာ့တာ ျဖစ္ပါတယ္။

အီယန္ ႐ိုက္က ဘ႐ိုက္တန္နဲ႔ပြဲစဥ္ဟာ ဆုဖလားစိန္ေခၚေနတဲ့ အာဆင္နယ္အတြက္ ေတာ္ေတာ္ေလး ခက္ခဲတဲ့ပြဲစဥ္ျဖစ္ခဲ့ၿပီး ဘန္ ဝႈိက္ဟာ ဟိုးအရင္တုန္းက ျမင္ေတြ႕ခဲ့တဲ့အတိုင္း ျပင္းထန္တဲ့ ျပစ္တင္ေဝဖန္မႈ ခံရေအာင္ အလုပ္ခံခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“အာဆင္နယ္က အခုဆိုရင္ သူတို႔ ဘာလုပ္ဖို႔ လိုအပ္ခဲ့လဲဆိုတာကို သိခဲ့တာ ရက္သတၱပတ္ေတာ္ေတာ္ေလး ၾကာခဲ့ၿပီ။ ဒါေပမယ့္ ဘ႐ိုက္တန္ပြဲက အၿမဲတမ္း အမွားလုပ္မိႏိုင္တဲ့ အလားအလာရွိတဲ့ပြဲလိုမ်ိဳး ျဖစ္ခဲ့ပါတယ္။ ဘ႐ိုက္တန္အသင္း ကစားကြက္ခင္းက်င္းလာတဲ့ပုံ၊ သူတို႔ေတြ အာဆင္နယ္ကို ဖိအားေပးခ်င္ခဲ့ၿပီး အာဆင္နယ္က ဟန္ခ်က္ပ်က္တဲ့အခ်ိန္မွာ သူတို႔ေတြ ျဖတ္ေက်ာ္သြားခဲ့တယ္”

“မိတိုမာက ကြၽန္ေတာ္ ျမင္ခဲ့တာ ေတာ္ေတာ္ေလး ၾကာခဲ့ၿပီျဖစ္တဲ့ ဘန္ ဝႈိက္ကို ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္ခံရေအာင္ လုပ္ခဲ့တယ္။ ဒီကစားသမား(ဘန္ ဝႈိက္)က ဒီရာသီမွာ ေကာင္းေကာင္း ကစားေနခဲ့တဲ့သူပါ။ အာဆင္နယ္က ဘယ္လိုမွ ထိန္းလို႔မရခဲ့ဘူး။ ဘ႐ိုက္တန္က ခ်ီးက်ဴးမႈ အမ်ားႀကီးရဖို႔ ထိုက္တန္ပါတယ္။ ဒါေပမယ့္ အာဆင္နယ္အတြက္ ေကာင္းေကာင္း ကစားႏိုင္သင့္သေလာက္ မကစားႏိုင္ခဲ့တဲ့ပြဲျဖစ္ပါလိမ့္မယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.