La Liga

ဘာစီလိုနာအသင္းမွ အစားထိုးတုိက္စစ္မွဴးအျဖစ္ ဘရိတ္သ္ဝိတ္အား ေခၚယူ

ဘာစီလိုနာအသင္းဟာ သူတုိ႔ရဲ႕ တိုက္စစ္မွဴးေတြ ဒဏ္ရာရေနခ်ိန္မွာ လာလီဂါေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ အထူးခြင့္ျပဳခ်က္နဲ႔ အစားထိုးေခၚယူမွဳ ရရွိခဲ့ရာမွာ လီဟာနက္စ္အသင္းရဲ႕ တိုက္စစ္မွဴး မာတင္ ဘရိတ္သ္ဝိတ္ကို ေခၚယူလုိက္ေၾကာင္း သိရပါတယ္။

ဒီအသက္ ၂၈ ႏွစ္အရြယ္ ဒိန္းမတ္လက္ေရြးစင္တုိက္စစ္မွဴးအတြက္ ဘာစီလိုနာအသင္းဟာ လီဟာနက္စ္အသင္းဘက္က သတ္မွတ္ထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၁၅ သန္း(ယူ႐ို ၁၈ သန္း)ေပးေခ်ခဲ့ရၿပီး ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ကာ အသင္းနဲ႔ စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ ေပါင္သန္း ၂၅၀ ျပန္လည္ထည့္သြင္းခဲ့တယ္လုိ႔လည္း သိရပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ တုိက္စစ္မွာ အေထာင္တိုက္စစ္မွဴးတစ္ဦးမွ မရွိဘဲ ကစားေနခဲ့ရတာမွာ နည္းျပသစ္ ကီေကး ဆယ္တီယန္အေနနဲ႔ ဂိုးရဖို႔ ႐ုန္းကန္ေနရၿပီး အသင္းေခါင္းေဆာင္ မက္ဆီနဲ႔ ဂရစ္ဇ္မန္းတုိ႔ေတြရဲ႕ ကစားေပါက္ေတြကိုလည္း ဖြင့္ေပးမယ့္သူမရွိတာေၾကာင့္ အလုပ္သိပ္မျဖစ္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ျပင္သစ္ကလပ္ တူးလူးစ္အသင္းမွာ လူသိမ်ားလာခဲ့ၿပီး မစ္ဒယ္ဘေရာ့၊ ေဘာ္ဒိုးအသင္းေတြကေန လီဟာနက္အသင္းကို ေရာက္လာခဲ့တဲ့ ဘရိတ္သ္ဝိတ္ဟာ ဂိုင္ယာနာႏြယ္ဖြားတစ္ဦးျဖစ္ၿပီး ေမြးဖြားခဲ့တဲ့ ဒိန္းမတ္ႏုိင္ငံကို ကိုယ္စားျပဳၿပီး ၃၉ ပြဲမွာ ၇ ဂိုး သြင္းယူထားႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။

လီဟာနက္စ္အသင္းနဲ႔အတူ ဒီႏွစ္လာလီဂါမွာ ၂၄ ပြဲကစား ဂိုးေပါက္တည့္မွဳ ၁၈ ႀကိမ္နဲ႔ ၆ ဂိုး ရယူထားႏုိင္တဲ့ ဘရိတ္သ္ဝိတ္ဟာ ဘာစီလိုနာနဲ႔ ပုိေကာင္းလာဖို႔ ေမွ်ာ္လင့္ရၿပီး ခ်န္ပီယံလိဂ္မွာေတာ့ ကစားသမားမွတ္ပုံတင္မွဳက ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ကတည္းက ပိတ္သြားခဲ့အတြက္ ကစားခြင့္ ရရွိမွာမဟုတ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: SKY SPORTS & DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးတွေ ဒဏ်ရာရနေချိန်မှာ လာလီဂါဘောလုံးအဖွဲ့ချုပ်ရဲ့ အထူးခွင့်ပြုချက်နဲ့ အစားထိုးခေါ်ယူမှု ရရှိခဲ့ရာမှာ လီဟာနက်စ်အသင်းရဲ့ တိုက်စစ်မှူး မာတင် ဘရိတ်သ်ဝိတ်ကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

ဒီအသက် ၂၈ နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးအတွက် ဘာစီလိုနာအသင်းဟာ လီဟာနက်စ်အသင်းဘက်က သတ်မှတ်ထားတဲ့ စာချုပ်လျော်ကြေး ပေါင် ၁၅ သန်း(ယူရို ၁၈ သန်း)ပေးချေခဲ့ရပြီး လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ကာ အသင်းနဲ့ စာချုပ်လျော်ကြေးအဖြစ် ပေါင်သန်း ၂၅၀ ပြန်လည်ထည့်သွင်းခဲ့တယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ တိုက်စစ်မှာ အထောင်တိုက်စစ်မှူးတစ်ဦးမှ မရှိဘဲ ကစားနေခဲ့ရတာမှာ နည်းပြသစ် ကီကေး ဆယ်တီယန်အနေနဲ့ ဂိုးရဖို့ ရုန်းကန်နေရပြီး အသင်းခေါင်းဆောင် မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့တွေရဲ့ ကစားပေါက်တွေကိုလည်း ဖွင့်ပေးမယ့်သူမရှိတာကြောင့် အလုပ်သိပ်မဖြစ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပြင်သစ်ကလပ် တူးလူးစ်အသင်းမှာ လူသိများလာခဲ့ပြီး မစ်ဒယ်ဘရော့၊ ဘော်ဒိုးအသင်းတွေကနေ လီဟာနက်အသင်းကို ရောက်လာခဲ့တဲ့ ဘရိတ်သ်ဝိတ်ဟာ ဂိုင်ယာနာနွယ်ဖွားတစ်ဦးဖြစ်ပြီး မွေးဖွားခဲ့တဲ့ ဒိန်းမတ်နိုင်ငံကို ကိုယ်စားပြုပြီး ၃၉ ပွဲမှာ ၇ ဂိုး သွင်းယူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လီဟာနက်စ်အသင်းနဲ့အတူ ဒီနှစ်လာလီဂါမှာ ၂၄ ပွဲကစား ဂိုးပေါက်တည့်မှု ၁၈ ကြိမ်နဲ့ ၆ ဂိုး ရယူထားနိုင်တဲ့ ဘရိတ်သ်ဝိတ်ဟာ ဘာစီလိုနာနဲ့ ပိုကောင်းလာဖို့ မျှော်လင့်ရပြီး ချန်ပီယံလိဂ်မှာတော့ ကစားသမားမှတ်ပုံတင်မှုက ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ပိတ်သွားခဲ့အတွက် ကစားခွင့် ရရှိမှာမဟုတ်ကြောင်းလည်း သိရှိရပါတယ်။

REF: SKY SPORTS & DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.