La Liga

မက္ဆီရဲ႕ သြင္းဂိုးေလးဂိုးနဲ႔ ရလဒ္ဆုိးေတြကေန ဘာစီလိုနာ ႐ုန္းထြက္ႏုိင္ၿပီလား

ၿပီးခဲ့တဲ့ စေနေန႔က ဘာစီလိုနာအသင္းနဲ႔ အီဘာအသင္းတုိ႔ရဲ႕ ႏူးကမ့္ကြင္းက လာလီဂါပြဲစဥ္ ၂၅ မွာ အိမ္ရွင္ဘာစီလိုနာအသင္းက ဧည့္သည္ အီဘာအသင္းကို ငါးဂုိး-ဂိုးမရွိနဲ႔ အႏုိင္ရရွိၿပီး အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီက အထူးေျခစြမ္းျပၿပီး ၄ ဂိုးသြင္းယူေပးႏုိင္ခဲ့ပါတယ္။

ေျခစြမ္းခ်င္းကြာဟေပမယ့္ ႀက့ံခိုင္မွဳနဲ႔ လ်င္ျမန္မွဳေတြကို အသုံးခ်ၿပီး အင္အားသုံးထိုးေဖာက္မွဳေတြနဲ႔ တန္ျပန္တုိက္စစ္ေတြ ကစားတတ္တဲ့ ဧည့္သည္ အီဘာအသင္းရဲ႕ တုံ႔ျပန္မွဳေတြကို တစ္ခ်က္ခ်က္မွာ ဘာစီလိုနာေနာက္တန္းက ခက္ခက္ခဲခဲကာကြယ္ေနခဲ့ရၿပီး ဂိုးသမား တာစတီဂ်န္နဲ႔ ေနာက္ခံလူ ဂ်ရတ္ ပီေကး၊ ကေလမြန္ လြန္ဂေလတုိ႔ အလုပ္မ်ားခဲ့ရပါတယ္။

မက္ဆီရဲ႕ တစ္ဦးခ်င္းေျခစြမ္းကေတာ့ ဒီပြဲမွာ ေျပာစမွတ္ျပဳစရာျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၁၄၊ ၃၇၊ ၄၀ နဲ႔ ၈၇ မိနစ္ေတြမွာ ၄ ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၄ ပြဲဆက္တုိက္ ဂိုးေပါက္ေပ်ာက္ဆုံးမွဳကို ျပန္လည္အေၾကြးဆပ္ခဲ့တာလည္းျဖစ္သလို လီဗန္ေတးအသင္းကို အေဝးကြင္းမွာ ရွဳံးနိမ့္သြားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကိုလည္း ေက်ာ္တက္ၿပီး ဇယားထိပ္ဆုံးကို ျပန္လည္ေရာက္လာႏုိင္ခဲ့ပါတယ္။

တြဲဖက္တုိက္စစ္မွဴး အြန္ထြာ ဂရစ္ဇ္မန္းကေတာ့ အက္သလက္တီကိုက ေျခစြမ္းမ်ဳိး မရွိခဲ့ဘဲ အေလအလြင့္ေတြ မ်ားေနခဲ့ၿပီး တတိယဂိုးမွာဆုိရင္ မက္ဆီက သူ႕ကို ဖန္တီးေပးခဲ့တာကို အဆုံး မသတ္ႏုိင္ခဲ့ဘဲ ျပန္ထြက္လာတာကိုမွာ မက္ဆီက ျပန္ၿပီးပိတ္သြင္းသြားခဲ့ရတာပါ။

အသင္းကို ေလာေလာလတ္လတ္ေခၚယူထားတဲ့ ဒိန္းမတ္တုိက္စစ္မွဴး မာတင္ ဘရိတ္သ္ဝိတ္ကေတာ့ ပြဲခ်ိန္ ၇၂ မိနစ္မွာ လူစားဝင္ကစားခဲ့ၿပီး မက္ဆီရဲ႕ စတုတၳသြင္းဂိုးကို ဖန္တီးေပးႏုိင္ခဲ့သလို ေနာက္ဆုံးဂိုးကလည္း သူကန္သြင္းလုိ႔ ျပန္ထြက္လာတာကို ကြင္းလယ္လူ အာသာ မယ္လိုက ထပ္ဆင့္ပိတ္သြင္းခဲ့ရတာျဖစ္ၿပီး အနည္ဆုံးေတာ့ ဘာစီလိုနာကို ေျခာက္လတာ အလုပ္အေကၽြးျပဳႏုိင္မယ့္သူတစ္ဦးကို ေခၚယူႏုိင္ခဲ့ၿပီလုိ႔ ဆုိရမွာျဖစ္သလို အသင္းရဲ႕ တိုက္စစ္က်ဆင္းမွဳေတြကေန ႐ုန္းထြက္ႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL & YOUTUBE
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ စနေနေ့က ဘာစီလိုနာအသင်းနဲ့ အီဘာအသင်းတို့ရဲ့ နူးကမ့်ကွင်းက လာလီဂါပွဲစဉ် ၂၅ မှာ အိမ်ရှင်ဘာစီလိုနာအသင်းက ဧည့်သည် အီဘာအသင်းကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိပြီး အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက အထူးခြေစွမ်းပြပြီး ၄ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ခြေစွမ်းချင်းကွာဟပေမယ့် ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုတွေကို အသုံးချပြီး အင်အားသုံးထိုးဖောက်မှုတွေနဲ့ တန်ပြန်တိုက်စစ်တွေ ကစားတတ်တဲ့ ဧည့်သည် အီဘာအသင်းရဲ့ တုံ့ပြန်မှုတွေကို တစ်ချက်ချက်မှာ ဘာစီလိုနာနောက်တန်းက ခက်ခက်ခဲခဲကာကွယ်နေခဲ့ရပြီး ဂိုးသမား တာစတီဂျန်နဲ့ နောက်ခံလူ ဂျရတ် ပီကေး၊ ကလေမွန် လွန်ဂလေတို့ အလုပ်များခဲ့ရပါတယ်။

မက်ဆီရဲ့ တစ်ဦးချင်းခြေစွမ်းကတော့ ဒီပွဲမှာ ပြောစမှတ်ပြုစရာဖြစ်ခဲ့ပြီး ပွဲချိန် ၁၄၊ ၃၇၊ ၄၀ နဲ့ ၈၇ မိနစ်တွေမှာ ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၄ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးမှုကို ပြန်လည်အကြွေးဆပ်ခဲ့တာလည်းဖြစ်သလို လီဗန်တေးအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်သွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း ကျော်တက်ပြီး ဇယားထိပ်ဆုံးကို ပြန်လည်ရောက်လာနိုင်ခဲ့ပါတယ်။

တွဲဖက်တိုက်စစ်မှူး အွန်ထွာ ဂရစ်ဇ်မန်းကတော့ အက်သလက်တီကိုက ခြေစွမ်းမျိုး မရှိခဲ့ဘဲ အလေအလွင့်တွေ များနေခဲ့ပြီး တတိယဂိုးမှာဆိုရင် မက်ဆီက သူ့ကို ဖန်တီးပေးခဲ့တာကို အဆုံး မသတ်နိုင်ခဲ့ဘဲ ပြန်ထွက်လာတာကိုမှာ မက်ဆီက ပြန်ပြီးပိတ်သွင်းသွားခဲ့ရတာပါ။

အသင်းကို လောလောလတ်လတ်ခေါ်ယူထားတဲ့ ဒိန်းမတ်တိုက်စစ်မှူး မာတင် ဘရိတ်သ်ဝိတ်ကတော့ ပွဲချိန် ၇၂ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး မက်ဆီရဲ့ စတုတ္ထသွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို နောက်ဆုံးဂိုးကလည်း သူကန်သွင်းလို့ ပြန်ထွက်လာတာကို ကွင်းလယ်လူ အာသာ မယ်လိုက ထပ်ဆင့်ပိတ်သွင်းခဲ့ရတာဖြစ်ပြီး အနည်ဆုံးတော့ ဘာစီလိုနာကို ခြောက်လတာ အလုပ်အကျွေးပြုနိုင်မယ့်သူတစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်သလို အသင်းရဲ့ တိုက်စစ်ကျဆင်းမှုတွေကနေ ရုန်းထွက်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL & YOUTUBE
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.