Premier League

ဆုဖလားပြိုင်ပွဲမှာ ဂန်းနားတွေက စီးတီးထက် တစ်ကွက်သာနေသေးတယ်ဆိုတဲ့ ဗီယာရာ

ခရစ္စတယ် ပဲလေ့စ်နည်းပြဟောင်း ပက်ထရစ် ဗီယာရာက အာဆင်နယ်က ပရီးမီးယားလိဂ်ဖလား ပြိုင်ဘက် မန်ချက်တာစီးတီးအသင်းကို လိုက်မီနိုင်ဖို့ မျှော်လင့်ချက်ရှိနေသေးတယ်လို့ ထင်မြင်နေပါတယ်။

ဂန်းနားတွေဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ယနေ့ညပွဲမတိုင်ခင် မန်စီးတီးနဲ့ ၁ မှတ်အကွာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ မန်ချက်စတာစီးတီးက အဲဗာတန်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ပြီးနောက် ယနေ့ညနေမှာ ဥရောပဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

“အာဆင်နယ်က တကယ်ကို အကောင်းမြင်စိတ်ရှိနေရမယ်လို့ ကျွန်တော် ထင်နေပါသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ပွဲတော်တော်များများ ကစားဖို့ ကျန်နေသေးပြီး ဆုဖလားပြိုင်ပွဲမှာ ရှိနေသေးလို့ပါ။ မန်စီးတီးက ရမှတ်တွေလျော့ကျလိမ့်မယ်လို့ ခင်ဗျား ယုံကြည်ရမယ်။ ဒါမှမဟုတ် ကစားသမားတွေကို ယုံကြည်အောင် လုပ်ရမယ်”

“ခင်ဗျား မန်စီးတီးက ချန်ပီယံလိဂ်မှာ ကစားနေတာကို မြင်မှာဖြစ်ပြီး သူတို့တွေရဲ့ စိတ်က ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ပွဲနဲ့ ဗိုလ်လုပွဲအပေါ်မှာပဲ ရှိနေပါလိမ့်မယ်။ သူတို့တွေက ချန်ပီယံလိဂ်ကို လိုချင်နေမှာ သိသာပြီး အဲဒီလို ရဖို့ကလည်း အင်အားတွေ အများကြီး သုံးရပါလိမ့်မယ်။ အာဆင်နယ်ကစားသမားတွေကို ပေးရမယ့် မက်ဆေ့က မန်စီးတီးက ရမှတ်တွေ လျော့ကျလိမ့်မယ်”

“အာဆင်နယ်က သူတို့ကိုယ်သူတို့အတွက် စိတ်မကောင်းဖြစ်နေလို့မရဘူး။ သူတို့တွေ ကျန်တဲ့ပွဲတွေအားလုံးကို အနိုင်ကစားဖို့လိုပြီး မန်စီးတီး အမှတ်လျော့ဖို့ မျှော်လင့်ရမယ်။ အာဆင်နယ်က အဲဒါကို စိတ်ထဲမှာ ရှိနေမယ်လို့ ကျွန်တော် ယုံကြည်ပြီး အဲဒါကြောင့်ပဲ အခုကနေ ရာသီကုန်အထိ သူတို့ အနိုင်ရဖို့ အရေးကြီးပြီး မန်စီးတီး ရမှတ်လျော့ဖို့ကို မျှော်လင့်နေရမှာပါ။ အာဆင်နယ်က ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းခဲ့ရပြီး မန်စီးတီးက ထိပ်ဆုံးကို ပြန်ရောက်လာတယ်။ ဒါပေမယ့် အရာအားလုံး ပြောင်းလဲနိုင်တဲ့ ပွဲအနည်းငယ် ကျန်နေပါသေးတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတယ္ ပဲေလ့စ္နည္းျပေဟာင္း ပက္ထရစ္ ဗီယာရာက အာဆင္နယ္က ပရီးမီးယားလိဂ္ဖလား ၿပိဳင္ဘက္ မန္ခ်က္တာစီးတီးအသင္းကို လိုက္မီႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနေသးတယ္လို႔ ထင္ျမင္ေနပါတယ္။

ဂန္းနားေတြဟာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး ယေန႔ညပြဲမတိုင္ခင္ မန္စီးတီးနဲ႔ ၁ မွတ္အကြာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ မန္ခ်က္စတာစီးတီးက အဲဗာတန္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ၿပီးေနာက္ ယေန႔ညေနမွာ ဥေရာပဝင္ခြင့္အတြက္ ႀကိဳးပမ္းေနတဲ့ ဘ႐ိုက္တန္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

“အာဆင္နယ္က တကယ္ကို အေကာင္းျမင္စိတ္ရွိေနရမယ္လို႔ ကြၽန္ေတာ္ ထင္ေနပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက ပြဲေတာ္ေတာ္မ်ားမ်ား ကစားဖို႔ က်န္ေနေသးၿပီး ဆုဖလားၿပိဳင္ပြဲမွာ ရွိေနေသးလို႔ပါ။ မန္စီးတီးက ရမွတ္ေတြေလ်ာ့က်လိမ့္မယ္လို႔ ခင္ဗ်ား ယုံၾကည္ရမယ္။ ဒါမွမဟုတ္ ကစားသမားေတြကို ယုံၾကည္ေအာင္ လုပ္ရမယ္”

“ခင္ဗ်ား မန္စီးတီးက ခ်န္ပီယံလိဂ္မွာ ကစားေနတာကို ျမင္မွာျဖစ္ၿပီး သူတို႔ေတြရဲ႕ စိတ္က ရီးရဲလ္မက္ဒရစ္နဲ႔ ကစားခဲ့တဲ့ပြဲနဲ႔ ဗိုလ္လုပြဲအေပၚမွာပဲ ရွိေနပါလိမ့္မယ္။ သူတို႔ေတြက ခ်န္ပီယံလိဂ္ကို လိုခ်င္ေနမွာ သိသာၿပီး အဲဒီလို ရဖို႔ကလည္း အင္အားေတြ အမ်ားႀကီး သုံးရပါလိမ့္မယ္။ အာဆင္နယ္ကစားသမားေတြကို ေပးရမယ့္ မက္ေဆ့က မန္စီးတီးက ရမွတ္ေတြ ေလ်ာ့က်လိမ့္မယ္”

“အာဆင္နယ္က သူတို႔ကိုယ္သူတို႔အတြက္ စိတ္မေကာင္းျဖစ္ေနလို႔မရဘူး။ သူတို႔ေတြ က်န္တဲ့ပြဲေတြအားလုံးကို အႏိုင္ကစားဖို႔လိုၿပီး မန္စီးတီး အမွတ္ေလ်ာ့ဖို႔ ေမွ်ာ္လင့္ရမယ္။ အာဆင္နယ္က အဲဒါကို စိတ္ထဲမွာ ရွိေနမယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ၿပီး အဲဒါေၾကာင့္ပဲ အခုကေန ရာသီကုန္အထိ သူတို႔ အႏိုင္ရဖို႔ အေရးႀကီးၿပီး မန္စီးတီး ရမွတ္ေလ်ာ့ဖို႔ကို ေမွ်ာ္လင့္ေနရမွာပါ။ အာဆင္နယ္က ခက္ခဲတဲ့အခ်ိန္ကာလကို ျဖတ္သန္းခဲ့ရၿပီး မန္စီးတီးက ထိပ္ဆုံးကို ျပန္ေရာက္လာတယ္။ ဒါေပမယ့္ အရာအားလုံး ေျပာင္းလဲႏိုင္တဲ့ ပြဲအနည္းငယ္ က်န္ေနပါေသးတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.