Premier League

ချဲလ်ဆီးကို သွေးသစ်လောင်းမယ့် အပြောင်းအရွှေ့ ၄ ခုသတ်မှတ်ခဲ့တဲ့ ပိုချက်တီနို

ပိုချက်တီနိုဟာ ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံး တာဝန်ယူကိုင်တွယ်ရမယ့် နွေရာသီမှာ ကစားသမားခေါ်ယူမှု ၄ ခုအထိ ပစ်မှတ်ထားနေပြီး တပည့်ဟောင်းဖြစ်သူ ဟာရီ ကိန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြဟာ ချဲလ်ဆီးအသင်းနည်းပြသစ် ဖြစ်လာဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး သိပ်မကြာခင် အချိန်အတွင်း တရားဝင်ကြေညာမှု ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်း ခံနေရတာဖြစ်ပါတယ်။ စပါးစ်နည်းပြဟောင်းဟာ ချဲလ်ဆီးအသင်းမှာ လူများပြီး ပွဲမစည်တဲ့ကိစ္စကို ရှင်းလင်းရမယ့် တာဝန်ရှိနေပြီး ကစားသမား ၁၂ ဦးအထိ စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်ခွာရနိုင်တဲ့ အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပိုချက်တီနိုက ကစားသမားသစ်အများအပြား ခေါ်ယူဖို့လည်း အသင်းနဲ့ ဆွေးနွေးခဲ့ပြီး အဲဒီကစားသမားသစ်တွေထဲမှာ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟာရီ ကိန်းလည်း အပါအဝင်ဖြစ်တယ်လို့ The Independent က ဖော်ပြခဲ့ပါတယ်။

ကိန်းဟာ ပိုချက်တီနိုလက်အောက်မှာ ဥရောပရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့သူ ဖြစ်ပမေယ့်လည်း စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် မြောက်လန်ဒန်က ၎င်းရဲ့ အနာဂတ်ဟာ မရေရာမသေချာဖြစ်နေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကိုလည်း ပိုချက်တီနိုက လိုချင်နေပြီး ချဲလ်ဆီးအသင်းဟာ လူငယ်အကယ်ဒမီ ကစားသမားဟောင်းဖြစ်တဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားကို ကာလရှည် စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်ကြယ်ပွင့် မက်ကယ်လစ္စတာကလည်း ပိုချက်တီနိုရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပြီး အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့်ဟာ ယခုနွေရာသီမှာ ဘရိုက်တန်ကို စွန့်ခွာမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

ပိုချက်တီနိုက နောက်ထပ် အာဂျင်တီးနားကစားသမားတစ်ဦးကိုလည်း ၎င်းရဲ့ ကာလရှည် ကျောနံပါတ် ၁ ကစားသမားအဖြစ် ခေါ်ယူချင်နေပြီး အဲဒီကစားသမားကတော့ ၂၀၂၂ ကမ္ဘာ့ဖလား ရွှေလက်အိတ်ဆုရှင် အီမီလီယာနို မာတီနက်ဇ်ဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပိုခ်က္တီႏိုဟာ ခ်ဲလ္ဆီးနည္းျပအျဖစ္ ပထမဆုံး တာဝန္ယူကိုင္တြယ္ရမယ့္ ေႏြရာသီမွာ ကစားသမားေခၚယူမႈ ၄ ခုအထိ ပစ္မွတ္ထားေနၿပီး တပည့္ေဟာင္းျဖစ္သူ ဟာရီ ကိန္းလည္း ပါဝင္တယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ ခ်ဲလ္ဆီးအသင္းနည္းျပသစ္ ျဖစ္လာဖို႔ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ၿပီး သိပ္မၾကာခင္ အခ်ိန္အတြင္း တရားဝင္ေၾကညာမႈ ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္း ခံေနရတာျဖစ္ပါတယ္။ စပါးစ္နည္းျပေဟာင္းဟာ ခ်ဲလ္ဆီးအသင္းမွာ လူမ်ားၿပီး ပြဲမစည္တဲ့ကိစၥကို ရွင္းလင္းရမယ့္ တာဝန္ရွိေနၿပီး ကစားသမား ၁၂ ဦးအထိ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကေန ထြက္ခြာရႏိုင္တဲ့ အႏၲရာယ္ ရွိေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပိုခ်က္တီႏိုက ကစားသမားသစ္အမ်ားအျပား ေခၚယူဖို႔လည္း အသင္းနဲ႔ ေဆြးေႏြးခဲ့ၿပီး အဲဒီကစားသမားသစ္ေတြထဲမွာ ေတာ့တင္ဟမ္ေဟာ့စပါး တိုက္စစ္မႉး ဟာရီ ကိန္းလည္း အပါအဝင္ျဖစ္တယ္လို႔ The Independent က ေဖာ္ျပခဲ့ပါတယ္။

ကိန္းဟာ ပိုခ်က္တီႏိုလက္ေအာက္မွာ ဥေရာပရဲ႕ ေၾကာက္စရာအေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ တိုးတက္လာခဲ့သူ ျဖစ္ပေမယ့္လည္း စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တာေၾကာင့္ ေျမာက္လန္ဒန္က ၎ရဲ႕ အနာဂတ္ဟာ မေရရာမေသခ်ာျဖစ္ေနတာျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ဒီကလန္ ႐ိုက္စ္ကိုလည္း ပိုခ်က္တီႏိုက လိုခ်င္ေနၿပီး ခ်ဲလ္ဆီးအသင္းဟာ လူငယ္အကယ္ဒမီ ကစားသမားေဟာင္းျဖစ္တဲ့ အဂၤလန္ကြင္းလယ္ကစားသမားကို ကာလရွည္ စိတ္ဝင္စားေနခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္ၾကယ္ပြင့္ မက္ကယ္လစၥတာကလည္း ပိုခ်က္တီႏိုရဲ႕ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ အာဂ်င္တီးနားလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ယခုေႏြရာသီမွာ ဘ႐ိုက္တန္ကို စြန႔္ခြာမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ပါတယ္။

ပိုခ်က္တီႏိုက ေနာက္ထပ္ အာဂ်င္တီးနားကစားသမားတစ္ဦးကိုလည္း ၎ရဲ႕ ကာလရွည္ ေက်ာနံပါတ္ ၁ ကစားသမားအျဖစ္ ေခၚယူခ်င္ေနၿပီး အဲဒီကစားသမားကေတာ့ ၂၀၂၂ ကမာၻ႔ဖလား ေ႐ႊလက္အိတ္ဆုရွင္ အီမီလီယာႏို မာတီနက္ဇ္ျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.