Premier League

ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ ဦးစားပေးရမယ့်အရာကို ပြောပြခဲ့တဲ့ ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာက လာမယ့်အပတ် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်က နီးကပ်နေပြီဖြစ်ပေမယ့်လည်း ယနေ့ညနေ အဲဗာတန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အပေါ်မှာ အာရုံစိုက်ဖို့ ကစားသမားတွေကို ပြောစရာလိုအပ်တယ်လို့ ခံစားနေရခြင်းမရှိတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ယခုအပတ် မက်ဒရစ်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ၁-၁ သရေ ကျခဲ့တာဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ပွဲမကစားခင် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အရေးကြီးတဲ့ အနိုင် ၃ မှတ်ရဖို့ ဂွတ်ဒီဆင် ပါ့ခ်ကို သွားရောက်ပြီး အဲဗာတန်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက ပရီးမီးယားလိဂ်ဟာ မန်ချက်စတာစီးတီးရဲ့ နံပတ် ၁ ဦးစားပေးအဖြစ် ရှိနေဆဲဖြစ်ပြီး ၎င်းရဲ့ ကစားသမားတွေကလည်း ယခုအပတ်မှာ ကစားရမယ့်ကြီးမားတဲ့ ပွဲစဉ် ၂ ပွဲမတိုင်ခင် တူညီတဲ့ သဘောထားရှိနေကြတာဖြစ်ပါတယ်။

“ကစားသမားတွေက အရမ်းကို နှိမ့်ချတတ်ပြီး ပြိုင်ဘက်တွေကို လေးစားမှုရှိပါတယ်။ သူတို့တွေ အဲဗာတန်က ဘယ်လောက်ထိ ကစားရခက်လဲဆိုတာ အတိအကျ သိပါတယ်။ သူတို့တွေ ကြုံဖူးပြီး အရင်ကလည်း သိခဲ့ပါတယ်။ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် သူတို့တွေက မယုံနိုင်စရာကောင်းလောက်အောင် ဂွတ်ဒီဆင်ပါ့ခ်မှာ အာရုံစိုက်ကြမယ်လို့ ကျွန်တော် ယုံတယ်။ ပရီးမီးယားလိဂ်က အရမ်းအရေးကြီးတဲ့ ဆုဖလားပါ။ ချန်ပီယံလိဂ်ကလည်း အရမ်း ထူးခြားတယ်ဆိုတာကို ကျွန်တော် သိတယ်။ ဒါပေမယ့်(ပရီးမီးယားလိဂ်က) လများပေါင်းများ၊ ခက်ခဲတဲ့ပွဲပေါင်းများစွာ၊ မယုံနိုင်စရာ အားထုတ်မှုတွေနဲ့ပါ။ ခင်ဗျား ရှိနေရမယ့် မှန်ကန်တဲ့နေရာမှာ ခံယူချက်အတွက် အားထုတ်ပါ။”

စနေနေ့က လီဗာပူးလ်မှာ ယူရိုဗွီးရှင်း သီချင်းဆိုပြိုင်ပွဲ ပြုလုပ်ခဲ့တာကြောင့် တစ်နေ့တည်း မြို့ထဲမှာ ပွဲကျင်းပလို့မရတာကြောင့် အဲဗာတန်နဲ့ပွဲကို တနင်္ဂနွေနေ့မှာ ကစားဖို့ စီစဉ်ထားတာနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ဖို့ လုံလောက်တဲ့ အချိန်ရရှိထားတယ်လို့ လက်ခံခဲ့တာဖြစ်ပါတယ်။

“၃ ရက်အပြီးမှာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲအတွက် ကျွန်တော်တို့ လူတွေ၊ ပရိသတ်တွေနဲ့အတူ ကျွန်တော်တို့ရဲ့ အကောင်းဆုံးကို နောက်ထပ်တစ်ကြိမ် လုပ်နိုင်အောင်ကြိုးစားပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ လုံလောက်တဲ့အချိန်ပါ။ အဲဗာတန်နဲ့ ပွဲပြီးက ကျွန်တော်တို့ ပြိုင်ပွဲထဲမှာ မယုံနိုင်စရာပွဲစဉ်ရှိခဲ့တဲ့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အဆုံးမှာ ကျွန်တော်တို့ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာပါ။ အဲဗာတန်က ဘတ်စ်နဲ့ဆို ၁ နာရီလောက်ပဲ သွားရတယ်။ ခင်ဗျားက ချန်ပီယံလိဂ်အဝေးကွင်းကစားရပြီး ၃ ရက်အကြာမှာ အင်္ဂလန်တောင်ပိုင်းက ဆောက်သမ်တန် ဒါမှမဟုတ် ဘရိုက်တန်နဲ့ ကစားရပြီး လေယာဉ်စီးရမယ်ဆိုတာကတော့ အရမ်းကြီး တောင်းဆိုမှုမဟုတ်ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပက္ ဂြါဒီယိုလာက လာမယ့္အပတ္ ရီးရဲလ္မက္ဒရစ္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္က နီးကပ္ေနၿပီျဖစ္ေပမယ့္လည္း ယေန႔ညေန အဲဗာတန္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အေပၚမွာ အာ႐ုံစိုက္ဖို႔ ကစားသမားေတြကို ေျပာစရာလိုအပ္တယ္လို႔ ခံစားေနရျခင္းမရွိတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ယခုအပတ္ မက္ဒရစ္မွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာ ၁-၁ သေရ က်ခဲ့တာျဖစ္ေပမယ့္လည္း ခ်န္ပီယံလိဂ္ပြဲမကစားခင္ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ အေရးႀကီးတဲ့ အႏိုင္ ၃ မွတ္ရဖို႔ ဂြတ္ဒီဆင္ ပါ့ခ္ကို သြားေရာက္ၿပီး အဲဗာတန္နဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

ဂြါဒီယိုလာက ပရီးမီးယားလိဂ္ဟာ မန္ခ်က္စတာစီးတီးရဲ႕ နံပတ္ ၁ ဦးစားေပးအျဖစ္ ရွိေနဆဲျဖစ္ၿပီး ၎ရဲ႕ ကစားသမားေတြကလည္း ယခုအပတ္မွာ ကစားရမယ့္ႀကီးမားတဲ့ ပြဲစဥ္ ၂ ပြဲမတိုင္ခင္ တူညီတဲ့ သေဘာထားရွိေနၾကတာျဖစ္ပါတယ္။

“ကစားသမားေတြက အရမ္းကို ႏွိမ့္ခ်တတ္ၿပီး ၿပိဳင္ဘက္ေတြကို ေလးစားမႈရွိပါတယ္။ သူတို႔ေတြ အဲဗာတန္က ဘယ္ေလာက္ထိ ကစားရခက္လဲဆိုတာ အတိအက် သိပါတယ္။ သူတို႔ေတြ ႀကဳံဖူးၿပီး အရင္ကလည္း သိခဲ့ပါတယ္။ဘာေတြျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္ မသိဘူး။ ဒါေပမယ့္ သူတို႔ေတြက မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ဂြတ္ဒီဆင္ပါ့ခ္မွာ အာ႐ုံစိုက္ၾကမယ္လို႔ ကြၽန္ေတာ္ ယုံတယ္။ ပရီးမီးယားလိဂ္က အရမ္းအေရးႀကီးတဲ့ ဆုဖလားပါ။ ခ်န္ပီယံလိဂ္ကလည္း အရမ္း ထူးျခားတယ္ဆိုတာကို ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္(ပရီးမီးယားလိဂ္က) လမ်ားေပါင္းမ်ား၊ ခက္ခဲတဲ့ပြဲေပါင္းမ်ားစြာ၊ မယုံႏိုင္စရာ အားထုတ္မႈေတြနဲ႔ပါ။ ခင္ဗ်ား ရွိေနရမယ့္ မွန္ကန္တဲ့ေနရာမွာ ခံယူခ်က္အတြက္ အားထုတ္ပါ။”

စေနေန႔က လီဗာပူးလ္မွာ ယူ႐ိုဗြီးရွင္း သီခ်င္းဆိုၿပိဳင္ပြဲ ျပဳလုပ္ခဲ့တာေၾကာင့္ တစ္ေန႔တည္း ၿမိဳ႕ထဲမွာ ပြဲက်င္းပလို႔မရတာေၾကာင့္ အဲဗာတန္နဲ႔ပြဲကို တနဂၤေႏြေန႔မွာ ကစားဖို႔ စီစဥ္ထားတာနဲ႔ပတ္သက္ၿပီး ဂြါဒီယိုလာက စိတ္ပ်က္မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္လည္း စီးတီးဟာ ရီးရဲလ္မက္ဒရစ္ကို ရင္ဆိုင္ဖို႔ လုံေလာက္တဲ့ အခ်ိန္ရရွိထားတယ္လို႔ လက္ခံခဲ့တာျဖစ္ပါတယ္။

“၃ ရက္အၿပီးမွာ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲအတြက္ ကြၽန္ေတာ္တို႔ လူေတြ၊ ပရိသတ္ေတြနဲ႔အတူ ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံးကို ေနာက္ထပ္တစ္ႀကိမ္ လုပ္ႏိုင္ေအာင္ႀကိဳးစားၿပီး ဗိုလ္လုပြဲတက္ေရာက္ႏိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ လုံေလာက္တဲ့အခ်ိန္ပါ။ အဲဗာတန္နဲ႔ ပြဲၿပီးက ကြၽန္ေတာ္တို႔ ၿပိဳင္ပြဲထဲမွာ မယုံႏိုင္စရာပြဲစဥ္ရွိခဲ့တဲ့ ပထမဆုံးအႀကိမ္မဟုတ္ပါဘူး။ အဆုံးမွာ ကြၽန္ေတာ္တို႔ ဒုတိယအေက်ာ့ကို အိမ္ကြင္းမွာ ကစားရမွာပါ။ အဲဗာတန္က ဘတ္စ္နဲ႔ဆို ၁ နာရီေလာက္ပဲ သြားရတယ္။ ခင္ဗ်ားက ခ်န္ပီယံလိဂ္အေဝးကြင္းကစားရၿပီး ၃ ရက္အၾကာမွာ အဂၤလန္ေတာင္ပိုင္းက ေဆာက္သမ္တန္ ဒါမွမဟုတ္ ဘ႐ိုက္တန္နဲ႔ ကစားရၿပီး ေလယာဥ္စီးရမယ္ဆိုတာကေတာ့ အရမ္းႀကီး ေတာင္းဆိုမႈမဟုတ္ပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.