Premier League

အဲဗာတန်ကြယ်ပွင့်ကို တောင်းသလောက်ပေးဝယ်ဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ အဲဗာတန်ကွင်းလယ်ကစားသမား အမာဒူ အိုနာနာကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို နောက်ထပ်တစ်ဆင့်မြှင့်လိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။

အဲရစ် တန်ဟက်ဟာ ယခုနွေရာသီမှာ ကွင်းလယ်ကစားသမားသစ် ခေါ်ယူဖို့ စျေးကွက်ထဲမှာ ရှာဖွေနေတာဖြစ်ပြီး အိုနာနာကို ဒတ်ချ်လူမျိုးနည်းပြက အလွန်သဘောကျနှစ်သက်နေတာကြောင့် အသက် ၂၁ နှစ်အရွယ်ကွင်းလယ်ကြယ်ပွင့်ဟာ ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

အမှန်တကယ်လည်း တန်ဟက်က အိုနာနာကို ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ Football Insider က ဖော်ပြခဲ့ပြီး အဲဗာတန် ကွင်းလယ်ကစားသမားရဲ့ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုက အိုးထရက်ဖို့ဒ်မှာ မဖြစ်မနေလိုအပ်နေတဲ့ ဖြည့်စွက်မှုအဖြစ် ရှုမြင်ခြင်းခံထားရတာဖြစ်ပါတယ်။

ရှောင် ဒိုက်ချ်သာ မာဆေးဆိုဒ်ကလပ်အသင်းကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင်တော့ အခြေအနေတွေအားလုံးက အပြောင်းအလဲ ဖြစ်လာမှာ ဖြစ်ပြီး အဲဗာတန်ဟာ လက်ရှိမှာ တန်းဆင်းဇုန်ရဲ့အထက် ၁ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရှောင် ဒိုက်ချ်ရဲ့အသင်းဟာ ယနေ့ညနေမှာ အမှတ်ပေးဇယားဦးဆောင်သူ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ယခုရာသီကုန်မှာ တန်းဆင်းရမယ်ဆိုရင် ယခုနွေရာသီမှာ ပေါင်သန်း ၅၀ လောက်ရမယ်ဆိုရင် အိုနာနာနဲ့ လမ်းခွဲဖို့ လက်ခံချင်တဲ့ဆန္ဒရှိတယ်လို့ Football Insider က ဖော်ပြခဲ့ပြီး ဘယ်လ်ဂျီယမ်ကွင်းလယ်ကစားသမားကလည်း အသင်းကနေ ထွက်ဖို့ အဆင်သင့်ဖြစ်နေတာ ဖြစ်ပါတယ်။

အိုနာနာသာ ဂွတ်ဒီဆင်ပါ့ခ်ကို စွန့်ခွာမယ်ဆိုရင် မန်ချက်စတာယူနိုက်တက်က ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတာဖြစ်ပေမယ့်လည်း အဲဗာတန်သာ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်မယ်ဆိုရင်တော့ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အနည်းဆုံးနောက်ထပ်တစ်နှစ် ထပ်ကစားပေးဖို့ စည်းရုံးသွားမှာ ဖြစ်ပါတယ်။

အိုနာနာဟာ ယခုရာသီမှာ အဲဗာတန်အတွက် ၃၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကွင်းလယ်မှာ မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ဟာ အသင်းကနေ ထွက်ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေသလို ကာစီမီရိုနဲ့ အဲရစ်ဆင်တို့ကလည်း ဒီထက်ပိုပြီး ငယ်လာတော့မှာမဟုတ်တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ အဲဗာတန္ကြင္းလယ္ကစားသမား အမာဒူ အိုနာနာကို ေခၚယူဖို႔ ႀကိဳးပမ္းမႈကို ေနာက္ထပ္တစ္ဆင့္ျမႇင့္လိုက္ၿပီလို႔ သတင္းေတြအရ သိရပါတယ္။

အဲရစ္ တန္ဟက္ဟာ ယခုေႏြရာသီမွာ ကြင္းလယ္ကစားသမားသစ္ ေခၚယူဖို႔ ေစ်းကြက္ထဲမွာ ရွာေဖြေနတာျဖစ္ၿပီး အိုနာနာကို ဒတ္ခ်္လူမ်ိဳးနည္းျပက အလြန္သေဘာက်ႏွစ္သက္ေနတာေၾကာင့္ အသက္ ၂၁ ႏွစ္အ႐ြယ္ကြင္းလယ္ၾကယ္ပြင့္ဟာ ပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

အမွန္တကယ္လည္း တန္ဟက္က အိုနာနာကို ေခၚယူေပးဖို႔ ဘုတ္အဖြဲ႕ကို ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ Football Insider က ေဖာ္ျပခဲ့ၿပီး အဲဗာတန္ ကြင္းလယ္ကစားသမားရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အားေကာင္းမႈက အိုးထရက္ဖို႔ဒ္မွာ မျဖစ္မေနလိုအပ္ေနတဲ့ ျဖည့္စြက္မႈအျဖစ္ ရႈျမင္ျခင္းခံထားရတာျဖစ္ပါတယ္။

ေရွာင္ ဒိုက္ခ်္သာ မာေဆးဆိုဒ္ကလပ္အသင္းကို ပရီးမီးယားလိဂ္ကေန တန္းမဆင္းရေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ဘူးဆိုရင္ေတာ့ အေျခအေနေတြအားလုံးက အေျပာင္းအလဲ ျဖစ္လာမွာ ျဖစ္ၿပီး အဲဗာတန္ဟာ လက္ရွိမွာ တန္းဆင္းဇုန္ရဲ႕အထက္ ၁ မွတ္အကြာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရွာင္ ဒိုက္ခ်္ရဲ႕အသင္းဟာ ယေန႔ညေနမွာ အမွတ္ေပးဇယားဦးေဆာင္သူ မန္ခ်က္စတာစီးတီးနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းဟာ ပရီးမီးယားလိဂ္မွာ ၁၃ ပြဲဆက္တိုက္ ရႈံးပြဲမရွိ စံခ်ိန္ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

အဲဗာတန္အသင္းဟာ ယခုရာသီကုန္မွာ တန္းဆင္းရမယ္ဆိုရင္ ယခုေႏြရာသီမွာ ေပါင္သန္း ၅၀ ေလာက္ရမယ္ဆိုရင္ အိုနာနာနဲ႔ လမ္းခြဲဖို႔ လက္ခံခ်င္တဲ့ဆႏၵရွိတယ္လို႔ Football Insider က ေဖာ္ျပခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ကြင္းလယ္ကစားသမားကလည္း အသင္းကေန ထြက္ဖို႔ အဆင္သင့္ျဖစ္ေနတာ ျဖစ္ပါတယ္။

အိုနာနာသာ ဂြတ္ဒီဆင္ပါ့ခ္ကို စြန႔္ခြာမယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္က ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေနတာျဖစ္ေပမယ့္လည္း အဲဗာတန္သာ ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္ႏိုင္မယ္ဆိုရင္ေတာ့ ၎တို႔ရဲ႕ ၾကယ္ပြင့္ကစားသမားကို အနည္းဆုံးေနာက္ထပ္တစ္ႏွစ္ ထပ္ကစားေပးဖို႔ စည္း႐ုံးသြားမွာ ျဖစ္ပါတယ္။

အိုနာနာဟာ ယခုရာသီမွာ အဲဗာတန္အတြက္ ၃၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးထားသူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္မွာ မက္ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔ဟာ အသင္းကေန ထြက္ဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနသလို ကာစီမီ႐ိုနဲ႔ အဲရစ္ဆင္တို႔ကလည္း ဒီထက္ပိုၿပီး ငယ္လာေတာ့မွာမဟုတ္တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.