La Liga Ligue1 Premier League Serie A

စီးတီးနဲ့ ကာဆယ်တို့ပါဝင်နေတဲ့ ဥရောပရဲ့ခံစစ် အကောင်းဆုံး ၁၀ သင်းစာရင်း

ဥရောပမှာ ဘောလုံးရာသီတစ်ခု ကုန်ဆုံးဖို့အတွက် ရက်သတ္တပတ်အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်တာကြောင့် ဆုဖလားရဖို့က ပစ်မှတ်ဖြစ်ပြီး ဥရောပဝင်ခွင့်အိပ်မက် အသက်ဆက်မလား၊ သေဆုံးမလားနဲ့ တန်းဆင်းဇုန်တိုက်ပွဲတွေက အချို့အတွက် ပိုလို့တောင် နီးစပ်လာနေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရာသီလက်ကျန်ပွဲစဉ်တွေမှာ အပြုသဘောဆောင်တဲ့အောင်မြင်မှုကို ရရှိချင်တဲ့ ဘယ်လိုအသင်းမျိုးမဆို ခံစစ်ပိုင်း ဆက်လက်ကျစ်လစ်နေတာက အဲဒီအရာတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ နည်းလမ်းဖြစ်မှာ သေချာပါတယ်။

ဒါပေမယ့်လည်း ဥရောပထိပ်တန်းလိဂ် ၅ ခုထဲမှာ ရာသီနောက်ဆုံး ရက်သတ္တပတ်တွေထဲကို လက်ရှိအချိန်အထိ ပေးဂိုးအနည်းဆုံးနဲ့ ဖြတ်သန်းသွားမယ့်အသင်းတွေက ဘယ်အသင်းတွေလဲဆိုရင် ပရီးမီးယားလိဂ်ရာသီဟာ အလှည့်အပြောင်းတွေ အများအပြားရှိတာကြောင့် အင်္ဂလိပ်အသင်းတွေက စာရင်းထဲမှာ ထိပ်ဆုံးက မပါဝင်နိုင်တာက အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်အသင်း ၂ သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးက ၃၄ ပွဲမှာ ၃၁ ဂိုးနဲ့ အဆင့် ၉၊ နယူးကာဆယ်ယူနိုက်တက်က ၂၉ ဂိုးနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး နှစ်သင်းစလုံးက ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းက ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နယူးကာဆယ် ယူနိုက်တက်အသင်းကလည်း ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အားကောင်းတဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်။

ဥရောပရဲ့ ယခုရာသီ ခံစစ်အကောင်းဆုံးအသင်းတွေထဲမှာ ပြင်သစ်အသင်း ၂ သင်း ပါဝင်ခဲ့ပေမယ့်လည်း အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းမပါဝင်ခဲ့ဘဲ နိစ်က ၃၄ ပွဲမှာ ၃၁ ဂိုးနဲ့ အဆင့် ၁၀၊ လွန်းစ်က ၃၄ ပွဲမှာ ၂၆ ဂိုးတည်းနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ခံစစ်ကစားခြင်း အနုပညာမှာ တဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ အီတလီက ကလပ်အသင်း ၃ သင်းလည်း ပါဝင်ခဲ့ပြီး ဂျူဗင်တပ်(၆)၊ လာဇီယို(၃)နဲ့ စကူဒက်တို ချန်ပီယံ နာပိုလီ(ဒုတိယ)တို့က ၂၈ ဂိုး၊ ၂၆ ဂိုး၊ ၂၃ ဂိုး အသီးသီး ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

အံ့အားသင့်စရာကောင်းတာက ဂျာမနီ တစ်သင်းမှ ထိပ်ဆုံး ၁၀ သင်းထဲမှာ မပါဝင်ခဲ့ဘဲ ကျန်ရှိနေတဲ့ ၃ နေရာကို စပိန်လာလီဂါက ရီးရဲလ် ဆိုစီဒက်(၈)၊ အက်သလက်တီကို မက်ဒရစ်(၅)နဲ့ ဘာစီလိုနာ(၁)တို့က ရယူသွားခဲ့တာဖြစ်ပါတယ်။ ဇာဗီ ဟာနန်ဒက်ဇ်ရဲ့အသင်းဟာ ယခုရာသီ လာလီဂါ ၃၃ ပွဲမှာ ၁၁ ဂိုးသာ ခွင့်ပြုခဲ့ရတာကြောင့် ခံစစ်ပိုင်း အကြမ်းဆုံးအသင်းဖြစ်ခဲ့ပြီး ပျမ်းမျှခြင်းအားဖြင့် ၃ ပွဲမှသာ တစ်ဂိုး ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဥေရာပမွာ ေဘာလုံးရာသီတစ္ခု ကုန္ဆုံးဖို႔အတြက္ ရက္သတၱပတ္အနည္းငယ္သာ က်န္ရွိေတာ့တာျဖစ္တာေၾကာင့္ ဆုဖလားရဖို႔က ပစ္မွတ္ျဖစ္ၿပီး ဥေရာပဝင္ခြင့္အိပ္မက္ အသက္ဆက္မလား၊ ေသဆုံးမလားနဲ႔ တန္းဆင္းဇုန္တိုက္ပြဲေတြက အခ်ိဳ႕အတြက္ ပိုလို႔ေတာင္ နီးစပ္လာေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရာသီလက္က်န္ပြဲစဥ္ေတြမွာ အျပဳသေဘာေဆာင္တဲ့ေအာင္ျမင္မႈကို ရရွိခ်င္တဲ့ ဘယ္လိုအသင္းမ်ိဳးမဆို ခံစစ္ပိုင္း ဆက္လက္က်စ္လစ္ေနတာက အဲဒီအရာေတြကို လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ေကာင္းမြန္တဲ့ နည္းလမ္းျဖစ္မွာ ေသခ်ာပါတယ္။

ဒါေပမယ့္လည္း ဥေရာပထိပ္တန္းလိဂ္ ၅ ခုထဲမွာ ရာသီေနာက္ဆုံး ရက္သတၱပတ္ေတြထဲကို လက္ရွိအခ်ိန္အထိ ေပးဂိုးအနည္းဆုံးနဲ႔ ျဖတ္သန္းသြားမယ့္အသင္းေတြက ဘယ္အသင္းေတြလဲဆိုရင္ ပရီးမီးယားလိဂ္ရာသီဟာ အလွည့္အေျပာင္းေတြ အမ်ားအျပားရွိတာေၾကာင့္ အဂၤလိပ္အသင္းေတြက စာရင္းထဲမွာ ထိပ္ဆုံးက မပါဝင္ႏိုင္တာက အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရီးမီးယားလိဂ္အသင္း ၂ သင္းျဖစ္တဲ့ မန္ခ်က္စတာစီးတီးက ၃၄ ပြဲမွာ ၃၁ ဂိုးနဲ႔ အဆင့္ ၉၊ နယူးကာဆယ္ယူႏိုက္တက္က ၂၉ ဂိုးနဲ႔ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ႏွစ္သင္းစလုံးက ကိုယ့္ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းက ပရီးမီးယားလိဂ္ဖလားကို ၃ ႏွစ္ဆက္တိုက္ ကိုင္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး နယူးကာဆယ္ ယူႏိုက္တက္အသင္းကလည္း ထိပ္ဆုံး ၄ ေနရာအတြင္းမွာ ရာသီၿပီးဆုံးၿပီး ၂၀၀၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိဖို႔ အားေကာင္းတဲ့အေနအထားမွာရွိေနတာျဖစ္ပါတယ္။

ဥေရာပရဲ႕ ယခုရာသီ ခံစစ္အေကာင္းဆုံးအသင္းေတြထဲမွာ ျပင္သစ္အသင္း ၂ သင္း ပါဝင္ခဲ့ေပမယ့္လည္း အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ပီအက္စ္ဂ်ီအသင္းမပါဝင္ခဲ့ဘဲ နိစ္က ၃၄ ပြဲမွာ ၃၁ ဂိုးနဲ႔ အဆင့္ ၁၀၊ လြန္းစ္က ၃၄ ပြဲမွာ ၂၆ ဂိုးတည္းနဲ႔ အဆင့္ ၄ ေနရာမွာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ခံစစ္ကစားျခင္း အႏုပညာမွာ တဖက္ကမ္းခတ္ ကြၽမ္းက်င္တဲ့ အီတလီက ကလပ္အသင္း ၃ သင္းလည္း ပါဝင္ခဲ့ၿပီး ဂ်ဴဗင္တပ္(၆)၊ လာဇီယို(၃)နဲ႔ စကူဒက္တို ခ်န္ပီယံ နာပိုလီ(ဒုတိယ)တို႔က ၂၈ ဂိုး၊ ၂၆ ဂိုး၊ ၂၃ ဂိုး အသီးသီး ခြင့္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။

အံ့အားသင့္စရာေကာင္းတာက ဂ်ာမနီ တစ္သင္းမွ ထိပ္ဆုံး ၁၀ သင္းထဲမွာ မပါဝင္ခဲ့ဘဲ က်န္ရွိေနတဲ့ ၃ ေနရာကို စပိန္လာလီဂါက ရီးရဲလ္ ဆိုစီဒက္(၈)၊ အက္သလက္တီကို မက္ဒရစ္(၅)နဲ႔ ဘာစီလိုနာ(၁)တို႔က ရယူသြားခဲ့တာျဖစ္ပါတယ္။ ဇာဗီ ဟာနန္ဒက္ဇ္ရဲ႕အသင္းဟာ ယခုရာသီ လာလီဂါ ၃၃ ပြဲမွာ ၁၁ ဂိုးသာ ခြင့္ျပဳခဲ့ရတာေၾကာင့္ ခံစစ္ပိုင္း အၾကမ္းဆုံးအသင္းျဖစ္ခဲ့ၿပီး ပ်မ္းမွ်ျခင္းအားျဖင့္ ၃ ပြဲမွသာ တစ္ဂိုး ခြင့္ျပဳေပးခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.