Premier League

ဂန်းနားနဲ့ပွဲမတိုင်ခင် ထရော့ဆာ့ဒ်ကို သတင်းစကားပါးလိုက်တဲ့ ဒီဇာဘီ

ရောဘတ်တို ဒီဇာဘီက အာဆင်နယ်တောင်ပံကြယ်ပွင့် လီအန်ဒရို ထရော့ဆာ့ဒ်နဲ့ ဘရိုက်တန်တို့ ပြန်လည်ဆုံစည်းရမယ့်ပွဲမတိုင်ခင် ကစားသမားဟောင်းအပေါ်မှာ မကောင်းတဲ့ ခံစားမှုမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်လက်ရွေးစင်ကြယ်ပွင့်ဟာ နည်းပြ ဂရေဟမ် ပေါ့တားလက်အောက်မှာ ဘရိုက်တန်ရဲ့ အလွန်ကောင်းမွန်တဲ့ စတင်မှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ထိပ်တန်းကစားသမားအဖြစ် တိုးတက်လာခဲံတာဖြစ်ပါတယ်။

ထရော့ဆာ့ဒ်ဟာ ရောဘတ်တို ဒီဇာဘီရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ အန်းဖီးမှာ လီဗာပူးလ်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း အံ့အားသင့်ဖွယ် ဟက်ထရစ်နဲ့အတူ တဟုန်ထိုး နာမည်ကျော်လာခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ကမ္ဘာ့ဖလားအတွက် နားရက်မတိုင်ခင် ဆက်လက်ပြီး အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။

ထရော့ဆာ့ဒ် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အသင်းကို ပြန်လည်ရောက်ရှိလာချိန်မှာ ၎င်းနဲ့ အီတလီလူမျိုးနည်းပြနဲ့ ဆက်ဆံရေးဟာ အဆင်မပြေ ဖြစ်ခဲ့ပုံပေါ်ပြီး ဒီဇာဘီက ဘယ်လ်ဂျီယမ်ကစားသမားရဲ့ ခံယူချက်ကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်နဝါရီလမှာ ဘရိုက်တန်အသင်းကနေ ထရော့ဆာ့ဒ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူသွားခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်တောင်ပံကစားသမားဟာ အမ်းမရိတ်စ်မှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ချက်ချင်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ အဓိက ကစားသမားတစ်ဦးကို လက်လွှတ်ခဲ့ရပေမယ့်လည်း မိတိုမာ၊ အန်ဆီဆို၊ အီဗန် ဖာဂူဆန်တို့လို ကစားသမားတွေရှိတာကြောင့် အထင်ကြီးဖွယ်ခြေစွမ်း ဆက်လက် ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ထရော့ဆာဒ်နဲ့ ပတ်သက်ပြီး ဒီဇာဘီက “ထရော့ဆာ့ဒ်က ထူးခြားဆန်းကြယ်တဲ့ ကစားသမားပါ။ သူက ကျွန်တော်တို့အတွက် ကစားပေးခဲ့တဲ့အချိန်တုန်းက ထူးခြားဆန်းကြယ်တဲ့ကစားသမားဖြစ်ခဲ့ပြီး သူက ထူးခြားဆန်းကြယ်တဲ့ကစားသမားဖြစ်နေဆဲပါ။ အခု ကျွန်တော်တို့မှာ တခြားကစားသမားတွေရှိတယ်။ ကျွန်တော့်ကစားသမားတွေအတွက် ဂုဏ်ယူတယ်။ ကျွန်တော့် လူစာရင်းအတွက် ဂုဏ်ယူတယ်။ကျွန်တော့်ကစားသမားတွေအကြောင်းပဲ ပြောချင်ပြီး တခြားအသင်းက ကစားသမားတွေအကြောင်း မပြောချင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေရာဘတ္တို ဒီဇာဘီက အာဆင္နယ္ေတာင္ပံၾကယ္ပြင့္ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္နဲ႔ ဘ႐ိုက္တန္တို႔ ျပန္လည္ဆုံစည္းရမယ့္ပြဲမတိုင္ခင္ ကစားသမားေဟာင္းအေပၚမွာ မေကာင္းတဲ့ ခံစားမႈမ်ိဳး မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ နည္းျပ ဂေရဟမ္ ေပါ့တားလက္ေအာက္မွာ ဘ႐ိုက္တန္ရဲ႕ အလြန္ေကာင္းမြန္တဲ့ စတင္မႈမွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ထိပ္တန္းကစားသမားအျဖစ္ တိုးတက္လာခဲံတာျဖစ္ပါတယ္။

ထေရာ့ဆာ့ဒ္ဟာ ေရာဘတ္တို ဒီဇာဘီရဲ႕ ပထမဆုံးပြဲစဥ္ျဖစ္တဲ့ အန္းဖီးမွာ လီဗာပူးလ္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း အံ့အားသင့္ဖြယ္ ဟက္ထရစ္နဲ႔အတူ တဟုန္ထိုး နာမည္ေက်ာ္လာခဲ့တာျဖစ္ၿပီး ဒီဇင္ဘာလ ကမာၻ႔ဖလားအတြက္ နားရက္မတိုင္ခင္ ဆက္လက္ၿပီး အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့တာျဖစ္ပါတယ္။

ထေရာ့ဆာ့ဒ္ ကမာၻ႔ဖလားၿပိဳင္ပြဲကေန အသင္းကို ျပန္လည္ေရာက္ရွိလာခ်ိန္မွာ ၎နဲ႔ အီတလီလူမ်ိဳးနည္းျပနဲ႔ ဆက္ဆံေရးဟာ အဆင္မေျပ ျဖစ္ခဲ့ပုံေပၚၿပီး ဒီဇာဘီက ဘယ္လ္ဂ်ီယမ္ကစားသမားရဲ႕ ခံယူခ်က္ကို ေဝဖန္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ဇန္နဝါရီလမွာ ဘ႐ိုက္တန္အသင္းကေန ထေရာ့ဆာ့ဒ္ကို ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ ေခၚယူသြားခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ေတာင္ပံကစားသမားဟာ အမ္းမရိတ္စ္မွာ အျပဳသေဘာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈေတြ ခ်က္ခ်င္း ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္အသင္းဟာ အဓိက ကစားသမားတစ္ဦးကို လက္လႊတ္ခဲ့ရေပမယ့္လည္း မိတိုမာ၊ အန္ဆီဆို၊ အီဗန္ ဖာဂူဆန္တို႔လို ကစားသမားေတြရွိတာေၾကာင့္ အထင္ႀကီးဖြယ္ေျခစြမ္း ဆက္လက္ ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္နဲ႔ ျပန္လည္ရင္ဆိုင္ရမယ့္ ထေရာ့ဆာဒ္နဲ႔ ပတ္သက္ၿပီး ဒီဇာဘီက “ထေရာ့ဆာ့ဒ္က ထူးျခားဆန္းၾကယ္တဲ့ ကစားသမားပါ။ သူက ကြၽန္ေတာ္တို႔အတြက္ ကစားေပးခဲ့တဲ့အခ်ိန္တုန္းက ထူးျခားဆန္းၾကယ္တဲ့ကစားသမားျဖစ္ခဲ့ၿပီး သူက ထူးျခားဆန္းၾကယ္တဲ့ကစားသမားျဖစ္ေနဆဲပါ။ အခု ကြၽန္ေတာ္တို႔မွာ တျခားကစားသမားေတြရွိတယ္။ ကြၽန္ေတာ့္ကစားသမားေတြအတြက္ ဂုဏ္ယူတယ္။ ကြၽန္ေတာ့္ လူစာရင္းအတြက္ ဂုဏ္ယူတယ္။ကြၽန္ေတာ့္ကစားသမားေတြအေၾကာင္းပဲ ေျပာခ်င္ၿပီး တျခားအသင္းက ကစားသမားေတြအေၾကာင္း မေျပာခ်င္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.