Premier League

ဟာလန်းနဲ့ပတ်သက်ပြီး မန်ယူနိုက်တက်ရဲ့ ကြီးမားတဲ့ အမှားကို ပြောပြခဲ့တဲ့ ဆိုးလ်ရှား

အာလင်း ဟာလန်းဟာ အိုလေ ဂန်နာ ဆိုးလ်ရှားရဲ့ အကြံပေးချက်ကိုသာ မန်ယူနိုက်တက်က လိုက်နာခဲ့မယ်ဆိုရင် ပေါင် ၄ သန်းတည်းနဲ့ ခေါ်ယူနိုင်တဲ့ သရဲနီတပ်သားဖြစ်ခဲ့မှာဖြစ်ပါတယ်။

ကလေးမျက်နှာ လုပ်ကြံရေးသမားလို့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့အချိန်တုန်းက နာမည်ပြောင်ပေးခံခဲ့ရတဲ့ ဆိုးလ်ရှားဟာ နည်းပြဘဝအစ မိုလ်ဒီအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက မန်ချက်စတာစီးတီးရဲ့ ဂိုးသွင်းစက်ကို နည်းပြပေးခဲ့ရတာဖြစ်ပါတယ်။

အဲဒီအချိန်မှာတောင်မှ ဟာလန်းဟာ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းရှိသူအဖြစ် ဂုဏ်သတင်းကျော်စောနေပြီးဖြစ်ပြီး ဆိုးလ်ရှားက မော်ရင်ညိုရဲ့နေရာမှာ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းမခံရမီ ၂၀၁၈ ခုနှစ်တုန်းက နော်ဝေတိုက်စစ်မှူးအတွက် မန်ယူနိုက်တက်ကို ထောက်ခံချက်ပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မန်ချက်စတာယူနိုက်တက်နဲ့ ဆက်သွယ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ သူတို့တွေဆီမှာ ရှိသင့်တဲ့ ဒီလို အရည်အချင်းရှိတဲ့ တိုက်စစ်မှူးရှိနေခဲ့လို့ပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ သူတို့တွေ နားမထောင်ခဲ့ဘူး။ ၄ သန်းပဲ ကျွန်တော် တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် သူတို့တွေ သူ့ကို မခေါ်ယူခဲ့ဘူး။ ၄ သန်းတည်းနော်။ ကျွန်တော့်ကို မမေးနဲ့(သူအခုဘယ်မှာလဲဆိုတာ)။ သူက အရမ်းကောင်းလွန်းတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ဆာ့ဇ်ဘတ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယူနိုက်တက်နဲ့ ဆိုးလ်ရှားတို့ကို ငြင်းပယ်ပြီး ဒေ့ါမွန်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာလည်း ဟာလန်းကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး နော်ဝေတိုက်စစ်မှူးဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းကတည်းက အင်္ဂလန်က ပွဲဦးထွက်ရာသီမှာ သွင်းဂိုးစံချိန်တွေ ရိုက်ချိုးနေခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာလင္း ဟာလန္းဟာ အိုေလ ဂန္နာ ဆိုးလ္ရွားရဲ႕ အႀကံေပးခ်က္ကိုသာ မန္ယူႏိုက္တက္က လိုက္နာခဲ့မယ္ဆိုရင္ ေပါင္ ၄ သန္းတည္းနဲ႔ ေခၚယူႏိုင္တဲ့ သရဲနီတပ္သားျဖစ္ခဲ့မွာျဖစ္ပါတယ္။

ကေလးမ်က္ႏွာ လုပ္ႀကံေရးသမားလို႔ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့အခ်ိန္တုန္းက နာမည္ေျပာင္ေပးခံခဲ့ရတဲ့ ဆိုးလ္ရွားဟာ နည္းျပဘဝအစ မိုလ္ဒီအသင္းကို ကိုင္တြယ္ခဲ့စဥ္တုန္းက မန္ခ်က္စတာစီးတီးရဲ႕ ဂိုးသြင္းစက္ကို နည္းျပေပးခဲ့ရတာျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာေတာင္မွ ဟာလန္းဟာ ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္စြမ္းရွိသူအျဖစ္ ဂုဏ္သတင္းေက်ာ္ေစာေနၿပီးျဖစ္ၿပီး ဆိုးလ္ရွားက ေမာ္ရင္ညိဳရဲ႕ေနရာမွာ ယာယီနည္းျပအျဖစ္ ခန႔္အပ္ျခင္းမခံရမီ ၂၀၁၈ ခုႏွစ္တုန္းက ေနာ္ေဝတိုက္စစ္မႉးအတြက္ မန္ယူႏိုက္တက္ကို ေထာက္ခံခ်က္ေပးခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဆက္သြယ္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ သူတို႔ေတြဆီမွာ ရွိသင့္တဲ့ ဒီလို အရည္အခ်င္းရွိတဲ့ တိုက္စစ္မႉးရွိေနခဲ့လို႔ပါ။ ဒါေပမယ့္ ကံဆိုးစြာနဲ႔ သူတို႔ေတြ နားမေထာင္ခဲ့ဘူး။ ၄ သန္းပဲ ကြၽန္ေတာ္ ေတာင္းဆိုခဲ့တာပါ။ ဒါေပမယ့္ သူတို႔ေတြ သူ႔ကို မေခၚယူခဲ့ဘူး။ ၄ သန္းတည္းေနာ္။ ကြၽန္ေတာ့္ကို မေမးနဲ႔(သူအခုဘယ္မွာလဲဆိုတာ)။ သူက အရမ္းေကာင္းလြန္းတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာ ဆာ့ဇ္ဘတ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ယူႏိုက္တက္နဲ႔ ဆိုးလ္ရွားတို႔ကို ျငင္းပယ္ၿပီး ေဒ့ါမြန္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာလည္း ဟာလန္းကို ေခၚယူႏိုင္မယ့္ အခြင့္အေရး ဆုံးရႈံးခဲ့ရၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္းကတည္းက အဂၤလန္က ပြဲဦးထြက္ရာသီမွာ သြင္းဂိုးစံခ်ိန္ေတြ ႐ိုက္ခ်ိဳးေနခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.