Premier League

ချန်ပီယံလိဂ်မကန်ရလည်း ပြဿနာမရှိဘူးလို့ ပြောလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က လီဗာပူးလ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မယ်ဆိုရင်တောင်မှ ယခုနွေရာသီမှာ အပြောင်းအရွှေ့ပစ်မှတ်တွေကို ဆွဲဆောင်ရာမှာ ပြဿနာရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက မန်ချက်စတာယူနိုက်တက်ထက် ၁ ပွဲ ၁ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ကလော့ပ်ရဲ့အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာကြောင့် ရာသီကို အားကောင်းတဲ့ပုံစံနဲ့ အဆုံးသတ်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပုံပေါ်တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ယခုနွေရာသီမတိုင်ခင်ကတည်းက ဘရိုက်တန်ကွင်းလယ်လူ မက်ကယ်လစ္စတာ၊ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ရိုင်ယန် ဂရေဗင်ဘာ့ချ်၊ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်၊ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ မန်နျူရယ် အူဂါတီတို့ အပါအဝင် ကွင်းလယ်ပစ်မှတ်အများအပြားကို ရှာဖွေနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကလော့ပ်ရဲ့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေရဲ့ အားကောင်းတဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်သွားရမှာဖြစ်ပေမယ့် ကလော့ပ်က လီဗာပူးလ်ရဲ့ ထိပ်ဆုံး ၄ နေရာနဲ့ လွဲချော်နိုင်တဲ့ အလားအလာက ယခုနွေရာသီမှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ယှဉ်ပြိုင်ရာမှာ ၎င်းတို့ရဲ့ အရည်အချင်းကို အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ကစားသမားတွေကို စကားပြောတဲ့အချိန်ကျရင်၊ ကျွန်တော်သာ ကစားသမားကို ပွင့်ပွင့်လင်းလင်း ပြောခွင့်ရခွင့်ရမယ်ဆိုရင်ပေါ့။ ဒါပေမယ့် အဲဒိအချိန်မှာ ခင်ဗျားက သူတို့ စိတ်ဝင်စားလားဆိုတာကို သိသွားမှာပါ။ အဲဒါက ရှင်းပြီးသားပါ။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ ကျွန်တော်တို့က လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ရှိနေမှာ ကျိန်းသေတယ်လို့ ဘယ်သူ့ကိုမှ ပြောလို့မရနိုင်လို့ပါ။ သူသာ ကျွန်တော်တို့ကို စကားပြောခဲ့ရင် အခြေအနေနဲ့ပတ်သက်ပြီး သူ သိသားပြီးသားဆိုတာ ရှင်းသွားပါလိမ့်မယ်။ အဲဒါက ယေဘုယျကိစ္စတွေပါ။ ခင်ဗျားသာ အသင်းနဲ့အတူ တစ်စုံတရာကို အတူတူရောက်ရှိချင်တယ်ဆိုရင် အရင်တုန်းက ဖန်တီးခဲ့တဲ့ လှိုင်းပေါ်မှာပဲ လှိုင်းစီးနေလို့မရဘူးဆိုတဲ့အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်ပေါ့”

“ကျွန်တော်တို့ ချန်ပီယံလိဂ်မှာရှိနေဖို့ တိုက်ပွဲဝင်ရမယ်။ ဆုဖလားတွေအတွက်နဲ့ ဒီလို အရာတွေအတွက် တိုက်ပွဲဝင်ရမယ်ဆိုတာ သိသာပါတယ်။ ခင်ဗျားက ကြိုဆိုခံရတာထက် ပိုတဲ့ဟာမှာ အစိတ်အပိုင်းတစ်ခုဖြစ်ချင်တယ်ဆိုရင်ပေါ့။ တစ်ခုတည်းသော အရာက ကျွန်တော်တို့ လာမယ့်နှစ် ချန်ပီယံလိဂ်ကစားရမယ်လို့ အာမမခံနိုင်ပါဘူး။ ဒါပေမယ့် ကျန်တာအားလုံးကတော့ အရင်တုန်းကအတိုင်းပါပဲ။ တကယ် တကယ်ကောင်းတဲ့ဘောလုံးအသင်းနဲ့ ထူးခြားဆန်းကြယ်တဲ့ ကလပ်အသင်းဖြစ်ပြီး လာမယ့်နှစ်မှာ ပိုပြီးတော့တောင် ကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်”

“အဲဒါက မခက်ပါဘူး။ ကျွန်တော် ခင်ဗျား ကစားသမားတွေနဲ့ စကားပြောပြီး ပြောနေသမျှအားလုံးက ဟုတ်နေပြီး ချန်ပီယံလိဂ်ရောက်ခဲ့မယ်ဆိုရင် တွေ့ကြတာပေါ့လို့ ပြောသွားတာမျိုးနဲ့ သိပ်မရင်ဆိုင်ခဲ့ရပါဘူး။ အဲဒါက မကြာခဏ ဖြစ်နေတတ်တဲ့အရာမဟုတ်ပါဘူး။ ကျွန်တော်တို့က လီဗာပူးလ် ဖြစ်နေဆဲဲဖစ်ပြီး ကစားသမားအများအပြားအတွက် တကယ်ကို ဆွဲဆောင်မှုရှိပါတယ်။ ကျွန်တော်တို့ အဲဒါကို မမေ့ရအောင်။ အဲဒါကြောင့်ပဲ ကျွန်တော်က ပြောနေကြတာတွေကို မစိုးရိမ်တာပါ။ ဟုတ်တာပေါ့။ ချန်ပီယံလိဂ်မကစားရရင် အရာအားလုံးက ပိုပြီးခက်ခဲသွားမယ်။ အထူးသဖြင့် ဒီလိုအရာမျိုးတွေကို မကြာခဏ လုပ်လို့မရပါဘူး။ ဒါပေမယ့် နှုတ်က ပြောတဲ့ ရှုထောင့်နဲ့ ယုံကြည်မှု ရှုထောင့်ကနေ ကြည့်လိုက်ရင် ကျွန်တော်ရှိနေတဲ့ လက်ရှိအခြေအနေက လုံးဝကို အဆင်ပြေတယ် ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က လီဗာပူးလ္အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္ခဲ့မယ္ဆိုရင္ေတာင္မွ ယခုေႏြရာသီမွာ အေျပာင္းအေ႐ႊ႕ပစ္မွတ္ေတြကို ဆြဲေဆာင္ရာမွာ ျပႆနာရွိမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရပ္တည္ေနၿပီး အဆင့္ ၄ ေနရာက မန္ခ်က္စတာယူႏိုက္တက္ထက္ ၁ ပြဲ ၁ မွတ္ကြာဟေနတာ ျဖစ္ပါတယ္။ဒါေပမယ့္လည္း ကေလာ့ပ္ရဲ႕အသင္းဟာ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၆ ပြဲဆက္တိုက္ အႏိုင္ရရွိခဲ့တာေၾကာင့္ ရာသီကို အားေကာင္းတဲ့ပုံစံနဲ႔ အဆုံးသတ္ႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနပုံေပၚတာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ယခုေႏြရာသီမတိုင္ခင္ကတည္းက ဘ႐ိုက္တန္ကြင္းလယ္လူ မက္ကယ္လစၥတာ၊ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ ႐ိုင္ယန္ ဂေရဗင္ဘာ့ခ်္၊ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ဒီကလန္ ႐ိုက္စ္၊ စပို႔တင္းလစၥဘြန္းကြင္းလယ္လူ မန္န်ဴရယ္ အူဂါတီတို႔ အပါအဝင္ ကြင္းလယ္ပစ္မွတ္အမ်ားအျပားကို ရွာေဖြေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကေလာ့ပ္ရဲ႕အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြရဲ႕ အားေကာင္းတဲ့ ယွဥ္ၿပိဳင္မႈကို ရင္ဆိုင္သြားရမွာျဖစ္ေပမယ့္ ကေလာ့ပ္က လီဗာပူးလ္ရဲ႕ ထိပ္ဆုံး ၄ ေနရာနဲ႔ လြဲေခ်ာ္ႏိုင္တဲ့ အလားအလာက ယခုေႏြရာသီမွာ ကစားသမားသစ္ေခၚယူမႈေတြအတြက္ ယွဥ္ၿပိဳင္ရာမွာ ၎တို႔ရဲ႕ အရည္အခ်င္းကို အက်ိဳးသက္ေရာက္မႈရွိမွာမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ကစားသမားေတြကို စကားေျပာတဲ့အခ်ိန္က်ရင္၊ ကြၽန္ေတာ္သာ ကစားသမားကို ပြင့္ပြင့္လင္းလင္း ေျပာခြင့္ရခြင့္ရမယ္ဆိုရင္ေပါ့။ ဒါေပမယ့္ အဲဒိအခ်ိန္မွာ ခင္ဗ်ားက သူတို႔ စိတ္ဝင္စားလားဆိုတာကို သိသြားမွာပါ။ အဲဒါက ရွင္းၿပီးသားပါ။ ဘာလို႔လဲဆိုေတာ့ အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔က လာမယ့္ရာသီ ခ်န္ပီယံလိဂ္မွာ ရွိေနမွာ က်ိန္းေသတယ္လို႔ ဘယ္သူ႔ကိုမွ ေျပာလို႔မရႏိုင္လို႔ပါ။ သူသာ ကြၽန္ေတာ္တို႔ကို စကားေျပာခဲ့ရင္ အေျခအေနနဲ႔ပတ္သက္ၿပီး သူ သိသားၿပီးသားဆိုတာ ရွင္းသြားပါလိမ့္မယ္။ အဲဒါက ေယဘုယ်ကိစၥေတြပါ။ ခင္ဗ်ားသာ အသင္းနဲ႔အတူ တစ္စုံတရာကို အတူတူေရာက္ရွိခ်င္တယ္ဆိုရင္ အရင္တုန္းက ဖန္တီးခဲ့တဲ့ လႈိင္းေပၚမွာပဲ လႈိင္းစီးေနလို႔မရဘူးဆိုတဲ့အသင္းကို ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ေပါ့”

“ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္မွာရွိေနဖို႔ တိုက္ပြဲဝင္ရမယ္။ ဆုဖလားေတြအတြက္နဲ႔ ဒီလို အရာေတြအတြက္ တိုက္ပြဲဝင္ရမယ္ဆိုတာ သိသာပါတယ္။ ခင္ဗ်ားက ႀကိဳဆိုခံရတာထက္ ပိုတဲ့ဟာမွာ အစိတ္အပိုင္းတစ္ခုျဖစ္ခ်င္တယ္ဆိုရင္ေပါ့။ တစ္ခုတည္းေသာ အရာက ကြၽန္ေတာ္တို႔ လာမယ့္ႏွစ္ ခ်န္ပီယံလိဂ္ကစားရမယ္လို႔ အာမမခံႏိုင္ပါဘူး။ ဒါေပမယ့္ က်န္တာအားလုံးကေတာ့ အရင္တုန္းကအတိုင္းပါပဲ။ တကယ္ တကယ္ေကာင္းတဲ့ေဘာလုံးအသင္းနဲ႔ ထူးျခားဆန္းၾကယ္တဲ့ ကလပ္အသင္းျဖစ္ၿပီး လာမယ့္ႏွစ္မွာ ပိုၿပီးေတာ့ေတာင္ ေကာင္းမြန္တဲ့အသင္းတစ္သင္းျဖစ္လာမယ္လို႔ ေမွ်ာ္လင့္မိပါတယ္”

“အဲဒါက မခက္ပါဘူး။ ကြၽန္ေတာ္ ခင္ဗ်ား ကစားသမားေတြနဲ႔ စကားေျပာၿပီး ေျပာေနသမွ်အားလုံးက ဟုတ္ေနၿပီး ခ်န္ပီယံလိဂ္ေရာက္ခဲ့မယ္ဆိုရင္ ေတြ႕ၾကတာေပါ့လို႔ ေျပာသြားတာမ်ိဳးနဲ႔ သိပ္မရင္ဆိုင္ခဲ့ရပါဘူး။ အဲဒါက မၾကာခဏ ျဖစ္ေနတတ္တဲ့အရာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က လီဗာပူးလ္ ျဖစ္ေနဆဲဲဖစ္ၿပီး ကစားသမားအမ်ားအျပားအတြက္ တကယ္ကို ဆြဲေဆာင္မႈရွိပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို မေမ့ရေအာင္။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္က ေျပာေနၾကတာေတြကို မစိုးရိမ္တာပါ။ ဟုတ္တာေပါ့။ ခ်န္ပီယံလိဂ္မကစားရရင္ အရာအားလုံးက ပိုၿပီးခက္ခဲသြားမယ္။ အထူးသျဖင့္ ဒီလိုအရာမ်ိဳးေတြကို မၾကာခဏ လုပ္လို႔မရပါဘူး။ ဒါေပမယ့္ ႏႈတ္က ေျပာတဲ့ ရႈေထာင့္နဲ႔ ယုံၾကည္မႈ ရႈေထာင့္ကေန ၾကည့္လိုက္ရင္ ကြၽန္ေတာ္ရွိေနတဲ့ လက္ရွိအေျခအေနက လုံးဝကို အဆင္ေျပတယ္ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.