Premier League

နွေရာသီမှာ ချာကာထွက်မယ့်သတင်းတွေကို အဖြေပေးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ယခုနွေရာသီမှာ ဘွန်ဒက်စ်လီဂါကို ပြန်လည်ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကွင်းလယ်ကြယ်ပွင့် ဂရာနစ် ချာကာကို ချီးမွမ်းခန်းဖွင့်ခဲ့ပါတယ်။

ဆွစ်ဇာလန်ကွင်းလယ်ကစားသမားဟာ ယခုရာသီမှာ ပြန်လည်သက်ဝင်လာခဲ့တာဖြစ်ပြီး နည်းပြ အာတီတာရဲ့ တိုက်စစ်ပိုမိုလိုက်ပါတဲ့ အခန်းကဏ္ဍမှာ အသုံးပြုခြင်းခံခဲ့ရပြီးနောက် အသက် ၃၀ အရွယ်ကစားသမားဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ချာကာဟာ အူနိုင်း အမ်မရီ လက်ထက်မှာ အသင်းပရိသတ်တွေနဲ့ ပြဿနာတက်ခဲ့တဲ့ကိစ္စနဲ့ ကျော်ကြားခဲ့ပြီးနောက်ပိုင်း အာတီတာ ခန့်အပ်ခံခဲ့ရပြီးနောက် သိပ်မကြာခင်မှာပဲ အသင်းကို စွန့်ခွာဖို့အတွက် အနီးစပ်ဆုံးအခြေအနေမှာရှိနေခဲ့တာဖြစ်ပါတယ်။

ယခုအပတ်အစောပိုင်းမှာ ချာကာက အသင်းဖော်တွေကို ဘွန်ဒက်စ်လီဂါကို ပြန်လည်ပြောင်းရွှေ့မယ့် အကြံအစည်ကို ပြောဆိုခဲ့ပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး Kicker ကလည်း ချာကာရဲ့ ဇနီး လီယိုနီတာဟာ ဂျာမနီက ငယ်ရွယ်သေးတဲ့သားသမီးတွေအတွက် ပြီးပြည့်စုံတဲ့နေရာလို့ ရှုမြင်ထားတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

“ကောလာဟလဆိုတာ အမြဲတမ်းရှိနေမှာပါ။ ကျွန်တော်တို့ စျေးကွက်ထဲမှာ ရှာဖွေနေတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီအပေါ်မှာ မှတ်ချက်ပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အသင်းကို အခြေခံကျကျ တိုးတက်စေချင်တယ်။ အပြောင်းအလဲတွေ ရှိမှာပါ။ ကျွန်တော်တို့ အရှိန်အဟုန်အသစ်တွေကို ဖန်တီးချင်တယ်”

“ကျွန်တော် ချာကာနဲ့ပတ်သက်ပြီး အဲဒီလို ဇာတ်လမ်းတွေကို ပြန်ပြောမှာမဟုတ်ပါဘူး။ ကျွန်တော် ဂရာနစ်နဲ့ပတ်သက်ပြီး အလွန်အမင်း ပျော်ရွှင်နေပါတယ်။ သူက မယုံနိုင်စရာရာသီကို ပိုင်ဆိုင်နေတာပါ။ ဒီရာသီက သူ အသင်းမှာရှိခဲ့သမျှထဲမှာ အကောင်းဆုံးရာသီဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ သူ့ကို ရထားတာ တကယ်ပျော်ရွှင်မိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာက ယခုေႏြရာသီမွာ ဘြန္ဒက္စ္လီဂါကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနတယ္လို႔ သတင္းထြက္ေပၚေနတဲ့ ကြင္းလယ္ၾကယ္ပြင့္ ဂရာနစ္ ခ်ာကာကို ခ်ီးမြမ္းခန္းဖြင့္ခဲ့ပါတယ္။

ဆြစ္ဇာလန္ကြင္းလယ္ကစားသမားဟာ ယခုရာသီမွာ ျပန္လည္သက္ဝင္လာခဲ့တာျဖစ္ၿပီး နည္းျပ အာတီတာရဲ႕ တိုက္စစ္ပိုမိုလိုက္ပါတဲ့ အခန္းက႑မွာ အသုံးျပဳျခင္းခံခဲ့ရၿပီးေနာက္ အသက္ ၃၀ အ႐ြယ္ကစားသမားဟာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ခ်ာကာဟာ အူႏိုင္း အမ္မရီ လက္ထက္မွာ အသင္းပရိသတ္ေတြနဲ႔ ျပႆနာတက္ခဲ့တဲ့ကိစၥနဲ႔ ေက်ာ္ၾကားခဲ့ၿပီးေနာက္ပိုင္း အာတီတာ ခန႔္အပ္ခံခဲ့ရၿပီးေနာက္ သိပ္မၾကာခင္မွာပဲ အသင္းကို စြန႔္ခြာဖို႔အတြက္ အနီးစပ္ဆုံးအေျခအေနမွာရွိေနခဲ့တာျဖစ္ပါတယ္။

ယခုအပတ္အေစာပိုင္းမွာ ခ်ာကာက အသင္းေဖာ္ေတြကို ဘြန္ဒက္စ္လီဂါကို ျပန္လည္ေျပာင္းေ႐ႊ႕မယ့္ အႀကံအစည္ကို ေျပာဆိုခဲ့ၿပီးျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး Kicker ကလည္း ခ်ာကာရဲ႕ ဇနီး လီယိုနီတာဟာ ဂ်ာမနီက ငယ္႐ြယ္ေသးတဲ့သားသမီးေတြအတြက္ ၿပီးျပည့္စုံတဲ့ေနရာလို႔ ရႈျမင္ထားတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

“ေကာလာဟလဆိုတာ အၿမဲတမ္းရွိေနမွာပါ။ ကြၽန္ေတာ္တို႔ ေစ်းကြက္ထဲမွာ ရွာေဖြေနတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အဲဒီအေပၚမွာ မွတ္ခ်က္ေပးမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ အသင္းကို အေျခခံက်က် တိုးတက္ေစခ်င္တယ္။ အေျပာင္းအလဲေတြ ရွိမွာပါ။ ကြၽန္ေတာ္တို႔ အရွိန္အဟုန္အသစ္ေတြကို ဖန္တီးခ်င္တယ္”

“ကြၽန္ေတာ္ ခ်ာကာနဲ႔ပတ္သက္ၿပီး အဲဒီလို ဇာတ္လမ္းေတြကို ျပန္ေျပာမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ ဂရာနစ္နဲ႔ပတ္သက္ၿပီး အလြန္အမင္း ေပ်ာ္႐ႊင္ေနပါတယ္။ သူက မယုံႏိုင္စရာရာသီကို ပိုင္ဆိုင္ေနတာပါ။ ဒီရာသီက သူ အသင္းမွာရွိခဲ့သမွ်ထဲမွာ အေကာင္းဆုံးရာသီျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ရထားတာ တကယ္ေပ်ာ္႐ႊင္မိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.