Premier League

လီဗာပူးလ်ရဲ့ခြိမ်းခြောက်မှုခံနေရချိန်မှာ အသင်းဖော်တွေကို သတိပေးခဲ့တဲ့ ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ်က အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် လာမယ့် အရေးကြီးပွဲစဉ် ၄ ပွဲမတိုင်ခင် ခြေစွမ်းကျဆင်းနေမှုကို ပင်ပန်းနွမ်းနယ်မှုကြောင့်လို့ ဆင်ခြေပေးလို့မရဘူးလို့ မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ မာရသွန် ရာသီခရီးရှည်ကြီးဟာ အဆုံးသတ်ဖို့ နီးစပ်လာနေပြီဖြစ်ပြီး တန်ဟက်ရဲ့ ပွဲဦးထွက်ရာသီဟာ ထိပ်ဆုံး ၄ နေရာဝင်ခွင့်နဲ့ ပြည်တွင်းဖလား ၁ လုံးနဲ့သာ အဆုံးသတ်နိုင်ရင် ကြီးမားတဲ့ အောင်မြင်မှုဖြစ်လာမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီပြိုင်ပွဲစုံ ၅၇ ပွဲ ကစားထားပြီးဖြစ်ပြီး ESPN ရဲ့ ဖော်ပြချက်အရ တန်ဟက်ဟာ ဆောင်းရာသီကမ္ဘာ့ဖလားနဲ့အတူ ပြည့်ကြပ်နေတဲ့ အချိန်စာရင်းက ၎င်းရဲ့ အသင်းသားတွေကို အကျိုးသက်ရောက်မှုရှိလာမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

ဘရိုက်တန်နဲ့ ဝက်စ်ဟမ်းတို့ကို ၁-၀ နဲ့ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့က စိုးရိမ်စရာ ဖြစ်လာခဲ့တာဖြစ်ပြီး အထူးသဖြင့် လီဗာပူးလ်အသင်းက မကြာသေးမီက ပြန်လည်သက်ဝင်လာပြီး နိုင်ပွဲတွေ ဆက်နေချိန်မှာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ မန်ချက်စတာယူနိုက်တက်ထက် ၁ ပွဲပိုကစားပြီးနောက် ၁ မှတ်သာ လျော့နည်းနေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက်တိုက် နိုင်ပွဲကို ရရှိခဲ့ပြီးနောက်ပိုင်း ထိပ်ဆုံး ၄ နေရာပြိုင်ပွဲထဲမှာ ပြန်လည်အားကောင်းလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီနောက်ဆုံး ၄ ပွဲထဲက ၃ ပွဲဟာ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး စနေနေ့မှာ ဝုလ်ဗ်စ်နဲ့ စတင်ယှဉ်ပြိုင်သွားရာမှာဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က ဩဂုတ်လတုန်းက လူအနည်းငယ်သာ ခန့်မှန်းခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ရယူပြီး ရာသီကို အဆုံးသတ်နိုင်ဖို့ ဘာတွေပဲ လုပ်ရလုပ်ရ လုပ်ဆောင်သွားဖို့ အသင်းဖော်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ဒီအသင်းက ဒီနေရာမှာ ရှိနေရမှာပါ။ ဒီကစားသမားတွေကလည်း အဲဒီနေရာမှာ ရှိနေဖို့ ထိုက်တန်တယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်နိုင်မယ်လို့ ဘယ်သူမှ မထင်ခဲ့ချိန်မှာ အသင်းက ဒီရာသီမှာ အရမ်းကောင်းတဲ့ အလုပ်ကို လုပ်နိုင်ခဲ့ပါတယ်။ ရာသီအစမှာ ဘယ်သူမှ ကျွန်တော်တို့အသင်းကို ထိပ်ဆုံး ၆ သင်းထဲမှာ မရွေးချယ်ခဲ့ဘူး”

“ကျွန်တော်တို့ အဲဒီထက်တောင် ပိုပြီး မြင့်မားနိုင်တယ်ဆိုတာ သိပြီးသားပါ။ သိပ်မကြာခင်အချိန်အတွင်း ဒီအသင်းက ပိုပြီးတော့တောင် ကြီးမားတဲ့အရာတွေအတွက် တိုက်ပွဲဝင်သွားတော့မှာပါ။ ပင်ပန်းနွမ်းနယ်မှုကတော့ အမြဲတမ်း ရှိနေပါတယ်။ ကျွန်တော်တို့ ပွဲတွေအများကြီးကစားနေရတယ်။ အဲဒီတော့ ဒါက သာမန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အသင်းက ဆုဖလားတွေ ရရှိဖို့နဲ့ ဗိုလ်လုပွဲတွေ ရောက်နိုင်မယ့် နေရာမှာရှိနိုင်ဖို့ တတ်နိုင်သလောက် ပွဲများများ ကစားချင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘ႐ူႏို ဖာနန္ဒက္စ္က အသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ကံၾကမၼာကို အဆုံးအျဖတ္ေပးမယ့္ လာမယ့္ အေရးႀကီးပြဲစဥ္ ၄ ပြဲမတိုင္ခင္ ေျခစြမ္းက်ဆင္းေနမႈကို ပင္ပန္းႏြမ္းနယ္မႈေၾကာင့္လို႔ ဆင္ေျခေပးလို႔မရဘူးလို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေတြကို သတိေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ မာရသြန္ ရာသီခရီးရွည္ႀကီးဟာ အဆုံးသတ္ဖို႔ နီးစပ္လာေနၿပီျဖစ္ၿပီး တန္ဟက္ရဲ႕ ပြဲဦးထြက္ရာသီဟာ ထိပ္ဆုံး ၄ ေနရာဝင္ခြင့္နဲ႔ ျပည္တြင္းဖလား ၁ လုံးနဲ႔သာ အဆုံးသတ္ႏိုင္ရင္ ႀကီးမားတဲ့ ေအာင္ျမင္မႈျဖစ္လာမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုရာသီၿပိဳင္ပြဲစုံ ၅၇ ပြဲ ကစားထားၿပီးျဖစ္ၿပီး ESPN ရဲ႕ ေဖာ္ျပခ်က္အရ တန္ဟက္ဟာ ေဆာင္းရာသီကမာၻ႔ဖလားနဲ႔အတူ ျပည့္ၾကပ္ေနတဲ့ အခ်ိန္စာရင္းက ၎ရဲ႕ အသင္းသားေတြကို အက်ိဳးသက္ေရာက္မႈရွိလာမွာကို စိုးရိမ္ေနတယ္လို႔ သိရပါတယ္။

ဘ႐ိုက္တန္နဲ႔ ဝက္စ္ဟမ္းတို႔ကို ၁-၀ နဲ႔ ၂ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့က စိုးရိမ္စရာ ျဖစ္လာခဲ့တာျဖစ္ၿပီး အထူးသျဖင့္ လီဗာပူးလ္အသင္းက မၾကာေသးမီက ျပန္လည္သက္ဝင္လာၿပီး ႏိုင္ပြဲေတြ ဆက္ေနခ်ိန္မွာ ျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ထက္ ၁ ပြဲပိုကစားၿပီးေနာက္ ၁ မွတ္သာ ေလ်ာ့နည္းေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ၆ ပြဲဆက္တိုက္ ႏိုင္ပြဲကို ရရွိခဲ့ၿပီးေနာက္ပိုင္း ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲထဲမွာ ျပန္လည္အားေကာင္းလာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီေနာက္ဆုံး ၄ ပြဲထဲက ၃ ပြဲဟာ အိမ္ကြင္းမွာ ကစားရမွာျဖစ္ၿပီး စေနေန႔မွာ ဝုလ္ဗ္စ္နဲ႔ စတင္ယွဥ္ၿပိဳင္သြားရာမွာျဖစ္ပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္က ဩဂုတ္လတုန္းက လူအနည္းငယ္သာ ခန႔္မွန္းခဲ့တဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကို ရယူၿပီး ရာသီကို အဆုံးသတ္ႏိုင္ဖို႔ ဘာေတြပဲ လုပ္ရလုပ္ရ လုပ္ေဆာင္သြားဖို႔ အသင္းေဖာ္ေတြကို ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ဒီအသင္းက ဒီေနရာမွာ ရွိေနရမွာပါ။ ဒီကစားသမားေတြကလည္း အဲဒီေနရာမွာ ရွိေနဖို႔ ထိုက္တန္တယ္လို႔လည္း ကြၽန္ေတာ္ ထင္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္က ထိပ္ဆုံး ၄ ေနရာအတြက္ တိုက္ပြဲဝင္ႏိုင္မယ္လို႔ ဘယ္သူမွ မထင္ခဲ့ခ်ိန္မွာ အသင္းက ဒီရာသီမွာ အရမ္းေကာင္းတဲ့ အလုပ္ကို လုပ္ႏိုင္ခဲ့ပါတယ္။ ရာသီအစမွာ ဘယ္သူမွ ကြၽန္ေတာ္တို႔အသင္းကို ထိပ္ဆုံး ၆ သင္းထဲမွာ မေ႐ြးခ်ယ္ခဲ့ဘူး”

“ကြၽန္ေတာ္တို႔ အဲဒီထက္ေတာင္ ပိုၿပီး ျမင့္မားႏိုင္တယ္ဆိုတာ သိၿပီးသားပါ။ သိပ္မၾကာခင္အခ်ိန္အတြင္း ဒီအသင္းက ပိုၿပီးေတာ့ေတာင္ ႀကီးမားတဲ့အရာေတြအတြက္ တိုက္ပြဲဝင္သြားေတာ့မွာပါ။ ပင္ပန္းႏြမ္းနယ္မႈကေတာ့ အၿမဲတမ္း ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ ပြဲေတြအမ်ားႀကီးကစားေနရတယ္။ အဲဒီေတာ့ ဒါက သာမန္ပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အသင္းက ဆုဖလားေတြ ရရွိဖို႔နဲ႔ ဗိုလ္လုပြဲေတြ ေရာက္ႏိုင္မယ့္ ေနရာမွာရွိႏိုင္ဖို႔ တတ္ႏိုင္သေလာက္ ပြဲမ်ားမ်ား ကစားခ်င္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.