Premier League

ဘာဆာ၊ အာဆင်နယ်တို့နဲ့သတင်းထွက်နေချိန်မှာ အနာဂတ်ကို အဖြေပေးခဲ့တဲ့ ကွန်တေ

အန်ဂိုလို ကွန်တေဟာ ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတို့ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်နေချိန်မှာ ချဲလ်ဆီးက စိတ်လှုပ်ရှားစရာ စီမံကိန်းအသစ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကွန်တေရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ယခုလာမယ့် နွေရာသီမှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာနဲ့ အာဆင်နယ်တို့ဟာ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့ကြတာဖြစ်ပါတယ်။

ပြင်သစ်ကမ္ဘာ့ဖလားချန်ပီယံဟာ ၂၀၁၆ ခုနှစ်မှာ လက်စတာစီးတီးကနေ ပြောင်းရွှေ့ပြီးကတည်းက ချဲလ်ဆီးအသင်းမှာ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကွန်တေဟာ ယခုရာသီမှာတော့ ဒဏ်ရာပြဿနာကြောင့် လွှမ်းမိုးနိုင်စွမ်း နည်းပါးခဲ့ပြီး ပရီးမီးယားလိဂ် ၆ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခဲ့ရပေမယ့်လည်း ချဲလ်ဆီးအသင်းက ပြင်သစ်ကွင်းလယ်ကစားသမားကို အနည်းဆုံး နောက်ထပ်တစ်ရာသီတော့ အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၂၃-၂၀၂၄ ရာသီမစတင်ခင်မှာ နည်းပြသစ်ခန့်အပ်သွားမှာဖြစ်တာကြောင့် ပိုချက်တီနို ရောက်ရှိလာဖွယ်ရှိတယ်လို့ မျှော်မှန်းခြင်းခံထားရပြီး ကွန်တေက အသင်းရဲ့ စီမံကိန်းသစ်မှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ကစားပေးသွားချင်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းမှာ ဆက်နေချင်လားလို့ မေးမြန်းခဲ့ရာမှာ ကွန်တေက “ကျိန်းသေတာပေ့ါ။ အသင်းအတွက် စိတ်လှုပ်ရှားစရာ စီမံကိန်းပါ။ ကံဆိုးစွာနဲ့ ဒီရာသီမှာ ချဲလ်ဆီးအသင်းရဲ့ စံနှုန်းအတိုင်း မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အားလုံးက အောင်မြင်မယ့်လမ်းကြောင်း၊ ဆုဖလားတွေ အနိုင်ရမယ့် လမ်းကြောင်းအတိုင်း သွားချင်ကြပါတယ်။ဒီအသင်းက ဒီဦးတည်ချက်အတိုင်း နောက်ထပ်တစ်ကြိမ် တိုက်ပွဲဝင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် ဘယ်မှာရှိနေမလဲဆိုတာကို ကြည့်တာပေါ့။ ဒါပေမယ့် ဒါက အသင်းအတွက် အပြောင်းအလဲဖြစ်ဖို့ ကျွန်တော် မျှော်လင့်တယ်။ အဲဒါက အရေးအကြီးဆုံးပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္ဂိုလို ကြန္ေတဟာ ဘာစီလိုနာနဲ႔ အာဆင္နယ္အသင္းတို႔ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းထြက္ေပၚေနခ်ိန္မွာ ခ်ဲလ္ဆီးက စိတ္လႈပ္ရွားစရာ စီမံကိန္းအသစ္ရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ကြန္ေတရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းဟာ ယခုလာမယ့္ ေႏြရာသီမွာ သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဘာစီလိုနာနဲ႔ အာဆင္နယ္တို႔ဟာ အသက္ ၃၂ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ကို အလြတ္နဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ျပသခဲ့ၾကတာျဖစ္ပါတယ္။

ျပင္သစ္ကမာၻ႔ဖလားခ်န္ပီယံဟာ ၂၀၁၆ ခုႏွစ္မွာ လက္စတာစီးတီးကေန ေျပာင္းေ႐ႊ႕ၿပီးကတည္းက ခ်ဲလ္ဆီးအသင္းမွာ လႊမ္းမိုးႏိုင္စြမ္းအရွိဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္နဲ႔ အက္ဖ္ေအဖလားတို႔ကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ကြန္ေတဟာ ယခုရာသီမွာေတာ့ ဒဏ္ရာျပႆနာေၾကာင့္ လႊမ္းမိုးႏိုင္စြမ္း နည္းပါးခဲ့ၿပီး ပရီးမီးယားလိဂ္ ၆ ပြဲသာ ပြဲထြက္ပါဝင္ကစားေပးခဲ့ရေပမယ့္လည္း ခ်ဲလ္ဆီးအသင္းက ျပင္သစ္ကြင္းလယ္ကစားသမားကို အနည္းဆုံး ေနာက္ထပ္တစ္ရာသီေတာ့ အသင္းမွာ ဆက္လက္ ထိန္းသိမ္းထားခ်င္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၂၀၂၃-၂၀၂၄ ရာသီမစတင္ခင္မွာ နည္းျပသစ္ခန႔္အပ္သြားမွာျဖစ္တာေၾကာင့္ ပိုခ်က္တီႏို ေရာက္ရွိလာဖြယ္ရွိတယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး ကြန္ေတက အသင္းရဲ႕ စီမံကိန္းသစ္မွာ အစိတ္အပိုင္းတစ္ခုအေနနဲ႔ ပါဝင္ကစားေပးသြားခ်င္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းမွာ ဆက္ေနခ်င္လားလို႔ ေမးျမန္းခဲ့ရာမွာ ကြန္ေတက “က်ိန္းေသတာေပ့ါ။ အသင္းအတြက္ စိတ္လႈပ္ရွားစရာ စီမံကိန္းပါ။ ကံဆိုးစြာနဲ႔ ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းရဲ႕ စံႏႈန္းအတိုင္း မျဖစ္ခဲ့ပါဘူး။ ဒါေပမယ့္လည္း အားလုံးက ေအာင္ျမင္မယ့္လမ္းေၾကာင္း၊ ဆုဖလားေတြ အႏိုင္ရမယ့္ လမ္းေၾကာင္းအတိုင္း သြားခ်င္ၾကပါတယ္။ဒီအသင္းက ဒီဦးတည္ခ်က္အတိုင္း ေနာက္ထပ္တစ္ႀကိမ္ တိုက္ပြဲဝင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္ ဘယ္မွာရွိေနမလဲဆိုတာကို ၾကည့္တာေပါ့။ ဒါေပမယ့္ ဒါက အသင္းအတြက္ အေျပာင္းအလဲျဖစ္ဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္တယ္။ အဲဒါက အေရးအႀကီးဆုံးပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.