Other Leagues

ပြိုင်ဘက်အသင်းတာဝန်ရှိသူကြောင့် ဒေါသထွက်ခဲ့ရတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နောက်ထပ်တစ်ကြိမ် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီးနောက် ပြိုင်ဘက်အသင်းတာဝန်ရှိသူက ဆယ်လ်ဖီဆွဲဖို့ အတင်းဆွဲခံခဲ့ရတာကြောင့် ဒေါသပေါက်ကွဲခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဂိုးသွင်းစံချိန်အားလုံးကို ရိုက်ချိုးနိုင်ခဲ့တဲ့ကာလအတွင်း တစ်ပွဲကို တစ်ဂိုးပုံမှန်သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုလို ကစားသမားမျိုးအတွက် ဆော်ဒီ အာရေဗျမှာ ကစားရတာက ပိုလို့တောင် လွယ်ကူလိမ့်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပုံမှန်ဆိုသလို သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတော့ ဘလွန်ဒေါ ၅ ဆုရှင်အတွက် အရာအားလုံးက ထင်သလို ဖြစ်မလာခဲ့ဘဲ အယ်လ် နာဆာကစားသမားဟောင်းကတောင် လှောင်ပြောင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၃ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သွင်းဂိုးတွေထက် ပြိုင်ဘက်တွေနဲ့ အငြင်းအခုံ ပိုများခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ညမှာ တန်းဆင်းရနိုင်တဲ့ အန္တရာယ်ရှိနေတဲ့ အယ်လ် ခါလိနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ပေါ်တူဂီကြယ်ပွင့်အတွက် နောက်ထပ် တစ်ကြိမ် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည်အသင်းက ၄ မိနစ်မှာ ဖေဘီယို မာတင်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အယ်လ် နာဆာအသင်းအတွက် ချေပဂိုးကို ၁၇ မိနစ်အကြာမှာ အယ်လ်ဗာရို ဂွန်ဇာလက်ဇ်က သွင်းယူပေးခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အယ်လ် ခါလိနည်းပြအဖွဲ့ဝင်တစ်ဦးက ပေါ်တူဂီကြယ်ပွင့်နဲ့ ဓာတ်ပုံ ရိုက်ကူးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အလွန် မပျော်မရွှင်ဖြစ်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ိဒုရဲ့ တွန်းထုတ်ခြင်းကိုသာ ခံခဲ့ရတာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အသင်းက အနိုင်ရရှိသွားခဲ့ရင် ဒါမှမဟုတ် ပေါ်တူဂီကြယ်ပွင့် ဂိုးသွင်းနိုင်ခဲ့တယ်ဆိုရင်တော့ ပွဲအပြီးမှာ ဓာတ်ပုံရိုက်ကူးနိုင်ဖို့ လွယ်ကူကောင်း လွယ်ကူမှာဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အယ်လ်နာဆာလည်း တန်းဆင်းဇုန်က အသင်းကို သရေကျ၊ ဂိုးပေါက်လည်း ပျောက်နေခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့စိတ်အခြေအနေက ကောင်းမွန်မနေခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့ၿပီးေနာက္ ၿပိဳင္ဘက္အသင္းတာဝန္ရွိသူက ဆယ္လ္ဖီဆြဲဖို႔ အတင္းဆြဲခံခဲ့ရတာေၾကာင့္ ေဒါသေပါက္ကြဲခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းမွာ ဂိုးသြင္းစံခ်ိန္အားလုံးကို ႐ိုက္ခ်ိဳးႏိုင္ခဲ့တဲ့ကာလအတြင္း တစ္ပြဲကို တစ္ဂိုးပုံမွန္သြင္းယူႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒိုလို ကစားသမားမ်ိဳးအတြက္ ေဆာ္ဒီ အာေရဗ်မွာ ကစားရတာက ပိုလို႔ေတာင္ လြယ္ကူလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပုံမွန္ဆိုသလို သြင္းဂိုးေတြကို သြင္းယူႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြကေတာ့ ဘလြန္ေဒါ ၅ ဆုရွင္အတြက္ အရာအားလုံးက ထင္သလို ျဖစ္မလာခဲ့ဘဲ အယ္လ္ နာဆာကစားသမားေဟာင္းကေတာင္ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ၃ ပြဲမွာ ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး သြင္းဂိုးေတြထက္ ၿပိဳင္ဘက္ေတြနဲ႔ အျငင္းအခုံ ပိုမ်ားခဲ့တာျဖစ္ပါတယ္။ တနလၤာေန႔ညမွာ တန္းဆင္းရႏိုင္တဲ့ အႏၲရာယ္ရွိေနတဲ့ အယ္လ္ ခါလိနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာလည္း ေပၚတူဂီၾကယ္ပြင့္အတြက္ ေနာက္ထပ္ တစ္ႀကိမ္ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္အသင္းက ၄ မိနစ္မွာ ေဖဘီယို မာတင္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး အယ္လ္ နာဆာအသင္းအတြက္ ေခ်ပဂိုးကို ၁၇ မိနစ္အၾကာမွာ အယ္လ္ဗာ႐ို ဂြန္ဇာလက္ဇ္က သြင္းယူေပးခဲ့ရတာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ အယ္လ္ ခါလိနည္းျပအဖြဲ႕ဝင္တစ္ဦးက ေပၚတူဂီၾကယ္ပြင့္နဲ႔ ဓာတ္ပုံ ႐ိုက္ကူးဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အလြန္ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ိဒုရဲ႕ တြန္းထုတ္ျခင္းကိုသာ ခံခဲ့ရတာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အသင္းက အႏိုင္ရရွိသြားခဲ့ရင္ ဒါမွမဟုတ္ ေပၚတူဂီၾကယ္ပြင့္ ဂိုးသြင္းႏိုင္ခဲ့တယ္ဆိုရင္ေတာ့ ပြဲအၿပီးမွာ ဓာတ္ပုံ႐ိုက္ကူးႏိုင္ဖို႔ လြယ္ကူေကာင္း လြယ္ကူမွာျဖစ္ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ အယ္လ္နာဆာလည္း တန္းဆင္းဇုန္က အသင္းကို သေရက်၊ ဂိုးေပါက္လည္း ေပ်ာက္ေနခဲ့တာေၾကာင့္ အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕စိတ္အေျခအေနက ေကာင္းမြန္မေနခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.