Premier League

ဂန်းနားသူရဲကောင်းကို အကောင်းဆုံးလို့ သတ်မှတ်ခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ယူနိုက်တက်အသင်းဖော်ဟောင်း

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဒန်နီ ဝဲလ်ဘက်က ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ငြင်းပယ်ပြီး အာဆင်နယ်သူရဲကောင်း ဆန်တီ ကာဇိုလာကို တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခဲ့ပါတယ်။

ဘရိုက်တန်ကြယ်ပွင့်တိုက်စစ်မှူးဟာ စပိန်လူမျိုး ကွင်းလယ်ကြယ်ပွင့်ရဲ့ ခြေထောက် ၂ ဖက်စလုံးနဲ့ အသင်းဖော်တွေကို ဘောလုံးပေးပို့မှုတွေ ပြုလုပ်နိုင်တဲ့ အရည်အချင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ၈ ကြိမ်သာ ကွင်းထဲမှာ အတူတူ ကစားခဲ့ဖူးသူဖြစ်ပြီး အာဆင်နယ်မှာတော့ ဆန်တီ ကာဇိုလာနဲ့ စုစုပေါင်း ၂၀၆၉ မိနစ်အတွင်း ၃၃ ကြိမ်အထိ ကစားခဲ့တာဖြစ်ပါတယ်။

ဒန်နီ ဝဲလ်ဘက်ဟာ အတူ တွဲကစားဖူးတဲ့ အကောင်းဆုံးကစားသမားကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဆန်တီ ကာဇိုလာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

“ဒါက အရမ်းခက်ခဲတဲ့ မေးခွန်းတစ်ခုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ကစားသမားတွေ အများကြီးနဲ့ ကစားခဲ့ရလို့ပါ။ တကယ် တကယ် ပါရမီပါတဲ့သူကတော့ ဆန်တီ ကာဇိုလာပါ။ သူက မယုံနိုင်စရာကောင်းတယ်။ ဘယ်ခြေ၊ ညာခြေအသုံးပြုနိုင်တယ်”

“ဘောလုံး ဉာဏ်ရှိတယ်။ ဘောလုံးကို လက်ခံတယ်။ မျှောထိုးပေးပို့မှုတွေ ပြုလုပ်နိုင်တယ်။ သူက ကျွန်တော် ဝိုးဆိုပြီး ဖြစ်ခဲ့ရတဲ့ တစ်ဦးတည်းသော ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ဒန္နီ ဝဲလ္ဘက္က ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ျငင္းပယ္ၿပီး အာဆင္နယ္သူရဲေကာင္း ဆန္တီ ကာဇိုလာကို တြဲကစားဖူးသမွ်ထဲမွာ အေကာင္းဆုံးကစားသမားလို႔ သတ္မွတ္ခဲ့ပါတယ္။

ဘ႐ိုက္တန္ၾကယ္ပြင့္တိုက္စစ္မႉးဟာ စပိန္လူမ်ိဳး ကြင္းလယ္ၾကယ္ပြင့္ရဲ႕ ေျခေထာက္ ၂ ဖက္စလုံးနဲ႔ အသင္းေဖာ္ေတြကို ေဘာလုံးေပးပို႔မႈေတြ ျပဳလုပ္ႏိုင္တဲ့ အရည္အခ်င္းကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘဝမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ၈ ႀကိမ္သာ ကြင္းထဲမွာ အတူတူ ကစားခဲ့ဖူးသူျဖစ္ၿပီး အာဆင္နယ္မွာေတာ့ ဆန္တီ ကာဇိုလာနဲ႔ စုစုေပါင္း ၂၀၆၉ မိနစ္အတြင္း ၃၃ ႀကိမ္အထိ ကစားခဲ့တာျဖစ္ပါတယ္။

ဒန္နီ ဝဲလ္ဘက္ဟာ အတူ တြဲကစားဖူးတဲ့ အေကာင္းဆုံးကစားသမားကို ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဆန္တီ ကာဇိုလာကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

“ဒါက အရမ္းခက္ခဲတဲ့ ေမးခြန္းတစ္ခုပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ကစားသမားေတြ အမ်ားႀကီးနဲ႔ ကစားခဲ့ရလို႔ပါ။ တကယ္ တကယ္ ပါရမီပါတဲ့သူကေတာ့ ဆန္တီ ကာဇိုလာပါ။ သူက မယုံႏိုင္စရာေကာင္းတယ္။ ဘယ္ေျခ၊ ညာေျခအသုံးျပဳႏိုင္တယ္”

“ေဘာလုံး ဉာဏ္ရွိတယ္။ ေဘာလုံးကို လက္ခံတယ္။ ေမွ်ာထိုးေပးပို႔မႈေတြ ျပဳလုပ္ႏိုင္တယ္။ သူက ကြၽန္ေတာ္ ဝိုးဆိုၿပီး ျဖစ္ခဲ့ရတဲ့ တစ္ဦးတည္းေသာ ကစားသမားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.