Premier League

သမိုင်းဝင် ဖလား ၃ လုံးရရင် စံချိန်တင်ဆုကြေးရမယ့် မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာ ဖလား ၃ လုံးတပြိုင်နက် ရယူဖို့ ရည်မှန်းနေပြီး အဲဒီအတိုင်းသာ လုပ်နိုင်ခဲ့မယ်ဆိုရင် ဆုကြေးငွေက မယုံနိုင်လောက်စရာ စံချိန်တင် ပမာဏကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို တစ်ရာသီအတွင်း တပြိုင်နက် ရယူနိုင်ခဲ့တဲ့ တစ်ခုတည်းသောအသင်းဖြစ်နေတာဖြစ်ပေမယ့်လည်း ၂၄ နှစ်အကြာမှာ မန်စီးတီးကလည်း မြို့ခံပြိုင်ဘက်တွေရဲ့ ထူးခြားတဲ့အောင်မြင်မှုအတိုင်း ထပ်တူလုပ်ပြဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်အသင်းထက် အသာစီးရနေပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဝင်ဘလေမှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ကစားသွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ ဆီမီး ပထမအကျော့မှာ ၁-၁ သရေကျခဲ့တာကြောင့် ဒုတိယအကြိမ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ အဲဗာတန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲအပြီးမှာတော့ ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ပြီးနောက် ရာသီ နောက်ဆုံးပွဲစဉ် ၂ ပွဲအဖြစ် ဘရိုက်တန်၊ ဘရန့်တ်ဖို့ဒ်တို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

အဲဒီ နောက်ဆုံး ၄ ပွဲထဲက ၉ မှတ်သာ ရရှိခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းဟာ ၆ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ်အထိ ဆွတ်ခူးနိုင်တော့မှာဖြစ်ပြီး ဆုကြေးငွေက ပေါင် ၁၆၄ သန်း ဝန်းကျင် ရရှိမှာ ဖြစ်ပါတယ်။

ဇွန်လ ၃ ရက်နေ့ ဝင်ဘလေမှာ ကစားရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင် ကစားနိုင်ခဲ့မယ်ဆိုရင် ပေါင် ၃.၉ သန်းရရှိမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ဆီမီး ဒုတိယအကျော့မှာ အနိုင်ရပြီး ဇွန်လ ၁၀ ရက် အစ္စတန်ဘူလ်က ဗိုလ်လုပွဲကို မှာသာ အနိုင်ရခဲ့ရင် ဆုကြေးငွေ ပေါင် ၁၁၇.၂ သန်း ရရှိမှာ ဖြစ်ပါတယ်။

ယခုရာသီ အုပ်စုအဆင့် နိုင်ပွဲတွေနဲ့ ကနဦး ဆုကြေးငွေကြောင့် မန်ချက်စတာစီးတီးဟာ ပေါင် ၆၉.၆ သန်းအထိ ရရှိထားပြီးဖြစ်ပြီး ၁၆ သင်းနဲ့ ကွာတားဖိုင်နယ်အဆင့် အနိုင်ရရှိမှုကြောင် နောက်ထပ် ပေါင် ၂၀.၃၇ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးသာ ဗိုလ်လုပွဲ တက်ရောက်နိုင်ရင် ပေါင် ၉.၆ သန်း ထပ်မံရရှိမှာဖြစ်ပြီး ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဆုကြေးငွေက ပေါင် ၁၇.၆၃ သန်းရရှိမှာဖြစ်တာကြောင့် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပေါင် ၁၁၇.၂ သန်း ရရှိမှာ ဖြစ်ပါတယ်။

ဥရောပဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းဟာ ခန့်မှန်းခြေ ပေါင်သန်း ၅၀ အထိ တန်ကြေးရှိတဲ့ ပုံစံအသစ်နဲ့ ကျင်းပမယ့် ၂၀၂၅ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တစ်နေရာ ရရှိမှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီ ဖလား ၃ လုံး တပြိုင်နက် ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် စုစုပေါင်း ပေါင် ၂၈၅.၁ သန်းအထိ အံ့အားသင့်ဖွယ် ရရှိသွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းဟာ ယခုရာသီမွာ ဖလား ၃ လုံးတၿပိဳင္နက္ ရယူဖို႔ ရည္မွန္းေနၿပီး အဲဒီအတိုင္းသာ လုပ္ႏိုင္ခဲ့မယ္ဆိုရင္ ဆုေၾကးေငြက မယုံႏိုင္ေလာက္စရာ စံခ်ိန္တင္ ပမာဏကို ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားတို႔ကို တစ္ရာသီအတြင္း တၿပိဳင္နက္ ရယူႏိုင္ခဲ့တဲ့ တစ္ခုတည္းေသာအသင္းျဖစ္ေနတာျဖစ္ေပမယ့္လည္း ၂၄ ႏွစ္အၾကာမွာ မန္စီးတီးကလည္း ၿမိဳ႕ခံၿပိဳင္ဘက္ေတြရဲ႕ ထူးျခားတဲ့ေအာင္ျမင္မႈအတိုင္း ထပ္တူလုပ္ျပဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲမွာ အာဆင္နယ္အသင္းထက္ အသာစီးရေနၿပီး အက္ဖ္ေအဖလားၿပိဳင္ပြဲမွာလည္း ဝင္ဘေလမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရင္ဆိုင္ကစားသြားရဖို႔ ရွိေနတာ ျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕အသင္းဟာ ဘာေနဗ်ဴးမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ကစားခဲ့တဲ့ ဆီမီး ပထမအေက်ာ့မွာ ၁-၁ သေရက်ခဲ့တာေၾကာင့္ ဒုတိယအႀကိမ္ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ဖို႔ အေျခအေနေကာင္းကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ လာမယ့္ တနဂၤေႏြေန႔မွာ အဲဗာတန္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး အဲဒီပြဲအၿပီးမွာေတာ့ ခ်ဲလ္ဆီးအသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ၿပီးေနာက္ ရာသီ ေနာက္ဆုံးပြဲစဥ္ ၂ ပြဲအျဖစ္ ဘ႐ိုက္တန္၊ ဘရန႔္တ္ဖို႔ဒ္တို႔နဲ႔ ကစားသြားရမွာ ျဖစ္ပါတယ္။

အဲဒီ ေနာက္ဆုံး ၄ ပြဲထဲက ၉ မွတ္သာ ရရွိခဲ့မယ္ဆိုရင္ မန္ခ်က္စတာစီးတီးအသင္းဟာ ၆ ႏွစ္အတြင္း ပရီးမီးယားလိဂ္ဖလားကို ၅ ႀကိမ္အထိ ဆြတ္ခူးႏိုင္ေတာ့မွာျဖစ္ၿပီး ဆုေၾကးေငြက ေပါင္ ၁၆၄ သန္း ဝန္းက်င္ ရရွိမွာ ျဖစ္ပါတယ္။

ဇြန္လ ၃ ရက္ေန႔ ဝင္ဘေလမွာ ကစားရမယ့္ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ကို အႏိုင္ ကစားႏိုင္ခဲ့မယ္ဆိုရင္ ေပါင္ ၃.၉ သန္းရရွိမွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ကို ဆီမီး ဒုတိယအေက်ာ့မွာ အႏိုင္ရၿပီး ဇြန္လ ၁၀ ရက္ အစၥတန္ဘူလ္က ဗိုလ္လုပြဲကို မွာသာ အႏိုင္ရခဲ့ရင္ ဆုေၾကးေငြ ေပါင္ ၁၁၇.၂ သန္း ရရွိမွာ ျဖစ္ပါတယ္။

ယခုရာသီ အုပ္စုအဆင့္ ႏိုင္ပြဲေတြနဲ႔ ကနဦး ဆုေၾကးေငြေၾကာင့္ မန္ခ်က္စတာစီးတီးဟာ ေပါင္ ၆၉.၆ သန္းအထိ ရရွိထားၿပီးျဖစ္ၿပီး ၁၆ သင္းနဲ႔ ကြာတားဖိုင္နယ္အဆင့္ အႏိုင္ရရွိမႈေၾကာင္ ေနာက္ထပ္ ေပါင္ ၂၀.၃၇ သန္း ရရွိခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးသာ ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ရင္ ေပါင္ ၉.၆ သန္း ထပ္မံရရွိမွာျဖစ္ၿပီး ဗိုလ္လုပြဲမွာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ ဆုေၾကးေငြက ေပါင္ ၁၇.၆၃ သန္းရရွိမွာျဖစ္တာေၾကာင့္ ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ေပါင္ ၁၁၇.၂ သန္း ရရွိမွာ ျဖစ္ပါတယ္။

ဥေရာပဖလားကို ပထမဆုံးအႀကိမ္ ဆြတ္ခူးႏိုင္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာစီးတီးအသင္းဟာ ခန႔္မွန္းေျခ ေပါင္သန္း ၅၀ အထိ တန္ေၾကးရွိတဲ့ ပုံစံအသစ္နဲ႔ က်င္းပမယ့္ ၂၀၂၅ ကလပ္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ တစ္ေနရာ ရရွိမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းဟာ ယခုရာသီ ဖလား ၃ လုံး တၿပိဳင္နက္ ဆြတ္ခူးႏိုင္ခဲ့မယ္ဆိုရင္ စုစုေပါင္း ေပါင္ ၂၈၅.၁ သန္းအထိ အံ့အားသင့္ဖြယ္ ရရွိသြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.