Premier League

ဂန်းနားပစ်မှတ် ဗစ်တာ ရော့ရဲ့ အနာဂတ်ကို သဲလွန်စပေးခဲ့တဲ့ ဂီလ်ဘာတို ဆေးလ်ဗား

ဂီလ်ဘာတို ဆေးလ်ဗားက အာဆင်နယ်ပစ်မှတ် ဗစ်တာ ရော့ကို စပိန်ကို ပြောင်းရွှေ့ဖို့ ရည်မှန်းထားတာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် အက်သလက်တီကို ပါရာနာအန်စီကွင်းလယ်ကစားသမားဟာ လက်ရှိမှာ တောင်အမေရိကရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပါရမီရှင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး ဥရောပထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရတာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးက ဘရာဇီးလ်ကြယ်ပွင့်ကို အမ်းမရိတ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပေမယ့်လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ ဗစ်တာ ရော့ဟာ မန်ယူနိုက်တက်ပစ်မှတ် အမ်းဒရစ်ခ်နဲ့အတူ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ဂီလ်ဘာတို ဆေးဗားက ၎င်းရဲ့ အသင်းဟောင်းဟာ ဗစ်တာ ရော့ကို မြောက်လန်ဒန်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဗစ်တာ ရော့က စပိန်ကို တကယ်သွားတော့မယ်ဆိုတဲ့ ကောလာဟလတွေကို ကျွန်တော် ကြားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက ဘယ်လောက်ထိမှန်လဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ ၂ ယောက်စလုံးက တကယ်ကောင်းတဲ့ ကစားသမားတွေဖြစ်ပြီး ထိပ်တန်းဥရောပအသင်းတွေအတွက် အရမ်းကောင်းတဲ့ ကစားသမားတွေ မွေးထုတ်ပေးနေတဲ့ ဘရာဇီးလ်ရဲ့ ထုံးတမ်းစဉ်လာရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဗစ်တာ ရော့က အက်သလက်တီကို ပါရာနာအန်ဆီမှာ တကယ် ကောင်းကောင်း လုပ်နေပြီး အမ်းဒရစ်ခ်ကလည်း နောက်ထပ် အလားအလာရှိတဲ့ ကစားသမားပါ”

“အာဆင်နယ်က ဘရာဇီးလ်ကနေ လူငယ်ပါရမီရှင်တွေ အများကြီး ပေါ်ထွက်နေတာကို ကောင်းကောင်း သတိပြုမိပေမယ့်လည်း ဒီလို ကစားသမားတွေကို ခေါ်ယူဖို့က ကြီးမားတဲ့ယှဉ်ပြိုင်မှု အမြဲတမ်းဖြစ်နေမှာပါ။ အထူးသဖြင့် ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်က သူတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားခဲ့ရတဲ့အချိန်မှာပေါ့။ ဒါပေမယ့် ဒါက စပြီးပြောင်းလဲတော့မယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ ဘရာဇီးလ်ကစားသမားတွေ အများကြီး ပရီးမီးယားလိဂ်မှာ အခု ကစားနေကြပြီမို့လို့ပါ။ သူတို့တွေက ဒီလိဂ်က ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်လို့ သတ်မှတ်ထားလို့ပါ။ အပြောင်းအလဲဖြစ်ခဲ့တာတော့ ကျိန်းသေပါတယ်။ ဘာလို့လဲဆိုတော့ အခြား ဥရောပလိဂ်တွေမှာ ဘရာဇီးလ်ကစားသမားတွေ အများကြီးရှိနေခဲ့တာကြောင့်ပါ။ ဒါပေမယ့် အခုတော့ သူတို့တွေ ပရီးမီးယားလိဂ်ကလပ်တွေအတွက် ပိုပြီး ကစားနေကြပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂီလ္ဘာတို ေဆးလ္ဗားက အာဆင္နယ္ပစ္မွတ္ ဗစ္တာ ေရာ့ကို စပိန္ကို ေျပာင္းေ႐ႊ႕ဖို႔ ရည္မွန္းထားတာမဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္ အက္သလက္တီကို ပါရာနာအန္စီကြင္းလယ္ကစားသမားဟာ လက္ရွိမွာ ေတာင္အေမရိကရဲ႕ စိတ္လႈပ္ရွားစရာအေကာင္းဆုံး ပါရမီရွင္ေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရသူျဖစ္ၿပီး ဥေရာပထိပ္တန္းအသင္းေတြရဲ႕ ပစ္မွတ္ထားျခင္းခံခဲ့ရတာ တစ္ႏွစ္ေက်ာ္ခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္အားကစားဒါ႐ိုက္တာ အီဒူးက ဘရာဇီးလ္ၾကယ္ပြင့္ကို အမ္းမရိတ္စ္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ေပမယ့္လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ဗစ္တာ ေရာ့ဟာ မန္ယူႏိုက္တက္ပစ္မွတ္ အမ္းဒရစ္ခ္နဲ႔အတူ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ သေဘာတူညီမႈရဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ဖရက္ဒ္ရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ဂီလ္ဘာတို ေဆးဗားက ၎ရဲ႕ အသင္းေဟာင္းဟာ ဗစ္တာ ေရာ့ကို ေျမာက္လန္ဒန္ကို ေခၚယူဖို႔ အခြင့္အေရး ရွိေနဆဲျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဗစ္တာ ေရာ့က စပိန္ကို တကယ္သြားေတာ့မယ္ဆိုတဲ့ ေကာလာဟလေတြကို ကြၽန္ေတာ္ ၾကားခဲ့တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အဲဒါက ဘယ္ေလာက္ထိမွန္လဲဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ သူတို႔ ၂ ေယာက္စလုံးက တကယ္ေကာင္းတဲ့ ကစားသမားေတြျဖစ္ၿပီး ထိပ္တန္းဥေရာပအသင္းေတြအတြက္ အရမ္းေကာင္းတဲ့ ကစားသမားေတြ ေမြးထုတ္ေပးေနတဲ့ ဘရာဇီးလ္ရဲ႕ ထုံးတမ္းစဥ္လာရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ ဗစ္တာ ေရာ့က အက္သလက္တီကို ပါရာနာအန္ဆီမွာ တကယ္ ေကာင္းေကာင္း လုပ္ေနၿပီး အမ္းဒရစ္ခ္ကလည္း ေနာက္ထပ္ အလားအလာရွိတဲ့ ကစားသမားပါ”

“အာဆင္နယ္က ဘရာဇီးလ္ကေန လူငယ္ပါရမီရွင္ေတြ အမ်ားႀကီး ေပၚထြက္ေနတာကို ေကာင္းေကာင္း သတိျပဳမိေပမယ့္လည္း ဒီလို ကစားသမားေတြကို ေခၚယူဖို႔က ႀကီးမားတဲ့ယွဥ္ၿပိဳင္မႈ အၿမဲတမ္းျဖစ္ေနမွာပါ။ အထူးသျဖင့္ ဘာစီလိုနာ ဒါမွမဟုတ္ ရီးရဲလ္မက္ဒရစ္က သူတို႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ၾကားခဲ့ရတဲ့အခ်ိန္မွာေပါ့။ ဒါေပမယ့္ ဒါက စၿပီးေျပာင္းလဲေတာ့မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ဘရာဇီးလ္ကစားသမားေတြ အမ်ားႀကီး ပရီးမီးယားလိဂ္မွာ အခု ကစားေနၾကၿပီမို႔လို႔ပါ။ သူတို႔ေတြက ဒီလိဂ္က ကမာၻေပၚက အေကာင္းဆုံးလိဂ္လို႔ သတ္မွတ္ထားလို႔ပါ။ အေျပာင္းအလဲျဖစ္ခဲ့တာေတာ့ က်ိန္းေသပါတယ္။ ဘာလို႔လဲဆိုေတာ့ အျခား ဥေရာပလိဂ္ေတြမွာ ဘရာဇီးလ္ကစားသမားေတြ အမ်ားႀကီးရွိေနခဲ့တာေၾကာင့္ပါ။ ဒါေပမယ့္ အခုေတာ့ သူတို႔ေတြ ပရီးမီးယားလိဂ္ကလပ္ေတြအတြက္ ပိုၿပီး ကစားေနၾကပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.