Premier League

မန်ယူနိုက်တက်ကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ ဂလေဇာမိသားစု

မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစု ၎င်းတို့ ပိုမိုနှစ်သက်တဲ့ ကမ်းလှမ်းမှုကို အတည်ပြုခဲ့ပြီးနောက် အသင်းကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက ဂလေဇာတွေဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အရောင်းတင်ခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှု ၃ ချီအပြီးမှာ INEOS တည်ထောင်သူ ဆာ ဂျင်မ် ရက်ကလစ်ဖ်နဲ့ ကာတာဘဏ်ဥက္ကဌ ရှိတ်ခ် ဂျက်ဆင်းတို့က ထိပ်ဆုံးက ဦးဆောင်သူတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဂလေဇာမိသားစုကိုယ်စား မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချပေးဖို့ ကိုယ်စားလုပ်ဆောင်ပေးနေတဲ့ Raine Group က လာမယ့် ရက်အနည်းငယ်အတွင်း ကမ်းလှမ်းမှု အနိုင်ရရှိသူကို အတည်ပြုသွားဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဆာ ဂျင်မ် ရက်ကလစ်ဖ်က ရှိတ်ခ် ဂျက်ဆင်းထက် ဂလေဇာတွေ ပိုမို နှစ်သက်တဲ့ ကမ်းလှမ်းသူဖြစ်တယ်လို့ သိရပြီး INEOS တည်ထောင်သူဟာ အသင်းရဲ့ ရှယ်ယာအများစုကိုသာ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာကြောင့် ဂျိုဝယ်နဲ့ အေဗရန် ဂလေဇာတို့ဟာ အသင်းမှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

ရှိတ်ခ် ဂျက်ဆင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ၁၀၀ ရာခိုင်နှုန်း လက်လွှဲဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကာတာဘဏ်ဥက္ကဌရဲ့ ကမ်းလှမ်းမှုဟာ အမြင့်မားဆုံးပမာဏ ဖြစ်ပေမယ့်လည်း ရက်ကလစ်ဖ်ရဲ့ ကမ်းလှမ်းမှုက ဂလေဇာတွေ သတ်မှတ်ထားတဲ့ ပေါင် ၆ ဘီလီယံနဲ့ နီးစပ်တဲ့ စျေးနှုန်းဖြစ်တယ်လို့ သိရပါတယ်။

ရက်ကလစ်ဖ်နဲ့ ဂျက်ဆင်းတို့အပြင် အမေရိကန်ဘဏ္ဍာရေးကုမ္ပဏီအချို့က အိုးထရက်ဖို့ဒ်နဲ့ လေ့ကျင့်ရေးကွင်းကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ ဘဏ္ဍာရေးအင်အားရှိသလို ဂလေဇာမိသားစုကိုလည်း အသင်းကို ဆက်လက်ထိန်းချုပ်နိုင်စေမယ့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

Sky News ရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ်ရဲ့ ကမ်းလှမ်းမှုထဲမှာ အသင်းကို ၃ နှစ်ကြာ ထိန်းချုပ်နိုင်ပြီးနောက် မန်ချက်စတာယူနိုက်တက် တစ်သင်းလုံးကို အပြည့်အဝ ဝယ်ယူနိုင်မယ့် အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းပိုင္ရွင္ေတြျဖစ္တဲ့ ဂေလဇာမိသားစု ၎တို႔ ပိုမိုႏွစ္သက္တဲ့ ကမ္းလွမ္းမႈကို အတည္ျပဳခဲ့ၿပီးေနာက္ အသင္းကို ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလကတည္းက ဂေလဇာေတြဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို အေရာင္းတင္ခဲ့တာျဖစ္ၿပီး ကမ္းလွမ္းမႈ ၃ ခ်ီအၿပီးမွာ INEOS တည္ေထာင္သူ ဆာ ဂ်င္မ္ ရက္ကလစ္ဖ္နဲ႔ ကာတာဘဏ္ဥကၠဌ ရွိတ္ခ္ ဂ်က္ဆင္းတို႔က ထိပ္ဆုံးက ဦးေဆာင္သူေတြျဖစ္လာခဲ့တာျဖစ္ပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ ဂေလဇာမိသားစုကိုယ္စား မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေရာင္းခ်ေပးဖို႔ ကိုယ္စားလုပ္ေဆာင္ေပးေနတဲ့ Raine Group က လာမယ့္ ရက္အနည္းငယ္အတြင္း ကမ္းလွမ္းမႈ အႏိုင္ရရွိသူကို အတည္ျပဳသြားဖို႔ စီစဥ္ေနၿပီလို႔ သိရပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ဆာ ဂ်င္မ္ ရက္ကလစ္ဖ္က ရွိတ္ခ္ ဂ်က္ဆင္းထက္ ဂေလဇာေတြ ပိုမို ႏွစ္သက္တဲ့ ကမ္းလွမ္းသူျဖစ္တယ္လို႔ သိရၿပီး INEOS တည္ေထာင္သူဟာ အသင္းရဲ႕ ရွယ္ယာအမ်ားစုကိုသာ ဝယ္ယူဖို႔ ကမ္းလွမ္းခဲ့တာေၾကာင့္ ဂ်ိဳဝယ္နဲ႔ ေအဗရန္ ဂေလဇာတို႔ဟာ အသင္းမွာ ဆက္ရွိေနဦးမွာ ျဖစ္ပါတယ္။

ရွိတ္ခ္ ဂ်က္ဆင္းကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၁၀၀ ရာခိုင္ႏႈန္း လက္လႊဲဝယ္ယူဖို႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ကာတာဘဏ္ဥကၠဌရဲ႕ ကမ္းလွမ္းမႈဟာ အျမင့္မားဆုံးပမာဏ ျဖစ္ေပမယ့္လည္း ရက္ကလစ္ဖ္ရဲ႕ ကမ္းလွမ္းမႈက ဂေလဇာေတြ သတ္မွတ္ထားတဲ့ ေပါင္ ၆ ဘီလီယံနဲ႔ နီးစပ္တဲ့ ေစ်းႏႈန္းျဖစ္တယ္လို႔ သိရပါတယ္။

ရက္ကလစ္ဖ္နဲ႔ ဂ်က္ဆင္းတို႔အျပင္ အေမရိကန္ဘ႑ာေရးကုမၸဏီအခ်ိဳ႕က အိုးထရက္ဖို႔ဒ္နဲ႔ ေလ့က်င့္ေရးကြင္းကို အဆင့္ျမႇင့္တင္ေပးႏိုင္တဲ့ ဘ႑ာေရးအင္အားရွိသလို ဂေလဇာမိသားစုကိုလည္း အသင္းကို ဆက္လက္ထိန္းခ်ဳပ္ႏိုင္ေစမယ့္ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ၾကေသးတယ္လို႔ သိရပါတယ္။

Sky News ရဲ႕ ေဖာ္ျပခ်က္အရ ရက္ကလစ္ဖ္ရဲ႕ ကမ္းလွမ္းမႈထဲမွာ အသင္းကို ၃ ႏွစ္ၾကာ ထိန္းခ်ဳပ္ႏိုင္ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ တစ္သင္းလုံးကို အျပည့္အဝ ဝယ္ယူႏိုင္မယ့္ အခ်က္လည္း ပါဝင္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.