Premier League

ဒီဘရိုင်းနားက မြင်ဖူးသမျှထဲမှာ ဉာဏ်ရည်အထက်မြက်ဆုံးကစားလို့ ချီးကျူးခဲ့တဲ့ အွန်နရီ

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီက ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂါနေ့ညက ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကီဗင် ဒီဘရိုင်းနားဟာ မြင်ဖူးသမျှထဲက ဉာဏ်ရည်အထက်မြက်ဆုံးကစားသမားလို့ ယုံကြည်နေပါတယ်။

ဒီဘရိုင်းနားရဲ့ အားပါပြင်းထန်တဲ့ ကန်ချက်ကြောင့် မန်ချက်စတာစီးတီးက ဗင်နီးရှပ်စ် ဂျူနီယာရဲ့ အဖွင့်ဂိုးကို ချေပနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးလည်း ဒုတိယအကျော့ မန်ချက်စတာမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်လာခဲ့တာဖြစ်ပါတယ်။

သီယာရီ အွန်နရီက အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အကောင်းဆုံးခြေစွမ်းမှာ ရှိနေတယ်လို့တောင် မထင်ခဲ့ပေမယ့်လည်း ဒီဘရိုင်းနားဆီကနေ တခြားလူတွေ လိုက်လုပ်လို့မရနိုင်တဲ့အရာတွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

“သူက ဒီအသင်းမှာ အရေးအကြီးဆုံး ကစားသမားဖြစ်နေဆဲလို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ကစားသမားတွေအများကြီးနဲ့ ကြုံဖူးတယ်။ ကစားသမားတွေအများကြီးနဲ့လည်း တွဲကစားခဲ့ဖူးတယ်။ အကောင်းဆုံးကစားသမားအချို့နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ကစားသမားတွေအများကြီးကိုလည်း မြင်ဖူးတယ်။ ကီဗင်က သူ့ရဲ့ ဦးနှောက်က ကျွန်တော်မြင်ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးလို့ ထင်တယ်။ သူ ပွဲကို ကြည့်တဲ့ပုံစံပေါ့”

“ဘာလို့လဲဆိုတော့ သူ့ဦးနှောက်က နေရာအချို့မှာ သူ တစ်ခါတလေ ဘာတွေးနေလဲဆိုတာကို ကျွန်တော် မသိဘူး။ ခင်ဗျား သူ့ကို ကြည့်လိုက်ပါ။ သူက ကျွန်တော်တို့နဲ့အတူတူ မဟုတ်သလောက်နီးပါးပဲ။ ဘာလို့လဲဆိုတော့ သူက ကောင်းမွန်လို့ပါ။ အချိန်အချို့မှာ အဲဒါက ပြဿနာဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက သူ့ရဲ့ အဆင့်အတန်းမျိုးမှာ မရှိလို့ပါ။ ဒါပေမယ့် သူက ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှထဲက ဉာဏ်ရည်အထက်မြက်ဆုံးကစားသမားလို့ ထင်တယ်”

“သူတွေးတဲ့ပုံစံက ၂ ယောက်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်သူ့ကို ဘယ်လ်ဂျီယမ်မှာ ၆ နှစ်လောက် မြင်ခဲ့ရလို့ပါ။ ခင်ဗျား နည်းနည်းပိုပြီး ဒီလူကို ချစ်လာမယ်။ ဘာလို့လဲဆိုတော့ သူ လေ့ကျင့်ရေးနဲ့ ပွဲတွေမှာလုပ်နေတဲ့အရာတွေကို ကျွန်တော် မြင်ခဲ့လို့ပါ။ သူက မယုံနိုင်စရာကောင်းတယ်။ သူ့ ဦးနှောက်က ကျွန်တော် မြင်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီး တွေးမိနေတုန်းပါ။ သူက မတူညီတဲ့ ဂြိုဟ်ပေါ်ကဖြစ်ပြီး ဒီညက သူ့ရဲ့ အကောင်းဆုံးပွဲတောင်မဟုတ်ပါဘူး။ ဒါပေမယ့် သူ စွမ်းဆောင်ပေးနိုင်ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီက ရီးရဲလ္မက္ဒရစ္နဲ႔ အဂၤါေန႔ညက ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကီဗင္ ဒီဘ႐ိုင္းနားဟာ ျမင္ဖူးသမွ်ထဲက ဉာဏ္ရည္အထက္ျမက္ဆုံးကစားသမားလို႔ ယုံၾကည္ေနပါတယ္။

ဒီဘ႐ိုင္းနားရဲ႕ အားပါျပင္းထန္တဲ့ ကန္ခ်က္ေၾကာင့္ မန္ခ်က္စတာစီးတီးက ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ အဖြင့္ဂိုးကို ေခ်ပႏိုင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာစီးတီးလည္း ဒုတိယအေက်ာ့ မန္ခ်က္စတာမွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္လာခဲ့တာျဖစ္ပါတယ္။

သီယာရီ အြန္နရီက အသက္ ၃၁ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ အေကာင္းဆုံးေျခစြမ္းမွာ ရွိေနတယ္လို႔ေတာင္ မထင္ခဲ့ေပမယ့္လည္း ဒီဘ႐ိုင္းနားဆီကေန တျခားလူေတြ လိုက္လုပ္လို႔မရႏိုင္တဲ့အရာေတြကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

“သူက ဒီအသင္းမွာ အေရးအႀကီးဆုံး ကစားသမားျဖစ္ေနဆဲလို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ ကစားသမားေတြအမ်ားႀကီးနဲ႔ ႀကဳံဖူးတယ္။ ကစားသမားေတြအမ်ားႀကီးနဲ႔လည္း တြဲကစားခဲ့ဖူးတယ္။ အေကာင္းဆုံးကစားသမားအခ်ိဳ႕နဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ ကစားသမားေတြအမ်ားႀကီးကိုလည္း ျမင္ဖူးတယ္။ ကီဗင္က သူ႔ရဲ႕ ဦးေႏွာက္က ကြၽန္ေတာ္ျမင္ဖူးသမွ် ကစားသမားေတြထဲမွာ အေကာင္းဆုံးလို႔ ထင္တယ္။ သူ ပြဲကို ၾကည့္တဲ့ပုံစံေပါ့”

“ဘာလို႔လဲဆိုေတာ့ သူ႔ဦးေႏွာက္က ေနရာအခ်ိဳ႕မွာ သူ တစ္ခါတေလ ဘာေတြးေနလဲဆိုတာကို ကြၽန္ေတာ္ မသိဘူး။ ခင္ဗ်ား သူ႔ကို ၾကည့္လိုက္ပါ။ သူက ကြၽန္ေတာ္တို႔နဲ႔အတူတူ မဟုတ္သေလာက္နီးပါးပဲ။ ဘာလို႔လဲဆိုေတာ့ သူက ေကာင္းမြန္လို႔ပါ။ အခ်ိန္အခ်ိဳ႕မွာ အဲဒါက ျပႆနာျဖစ္ႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားက သူ႔ရဲ႕ အဆင့္အတန္းမ်ိဳးမွာ မရွိလို႔ပါ။ ဒါေပမယ့္ သူက ကြၽန္ေတာ့္ဘဝမွာ ျမင္ဖူးသမွ်ထဲက ဉာဏ္ရည္အထက္ျမက္ဆုံးကစားသမားလို႔ ထင္တယ္”

“သူေတြးတဲ့ပုံစံက ၂ ေယာက္မရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္သူ႔ကို ဘယ္လ္ဂ်ီယမ္မွာ ၆ ႏွစ္ေလာက္ ျမင္ခဲ့ရလို႔ပါ။ ခင္ဗ်ား နည္းနည္းပိုၿပီး ဒီလူကို ခ်စ္လာမယ္။ ဘာလို႔လဲဆိုေတာ့ သူ ေလ့က်င့္ေရးနဲ႔ ပြဲေတြမွာလုပ္ေနတဲ့အရာေတြကို ကြၽန္ေတာ္ ျမင္ခဲ့လို႔ပါ။ သူက မယုံႏိုင္စရာေကာင္းတယ္။ သူ႔ ဦးေႏွာက္က ကြၽန္ေတာ္ ျမင္ခဲ့တဲ့အရာေတြနဲ႔ပတ္သက္ၿပီး ေတြးမိေနတုန္းပါ။ သူက မတူညီတဲ့ ၿဂိဳဟ္ေပၚကျဖစ္ၿပီး ဒီညက သူ႔ရဲ႕ အေကာင္းဆုံးပြဲေတာင္မဟုတ္ပါဘူး။ ဒါေပမယ့္ သူ စြမ္းေဆာင္ေပးႏိုင္ခဲ့တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.