Premier League UCL&UEL

ချေပဂိုးမတိုင်ခင် ဘောလုံးက ဘေးစည်းကျော်နေခဲ့တဲ့ မန်စီးတီး

အင်္ဂါနေ့ည ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ကီဗင် ဒီဘရိုင်းနားရဲ့ ချေပဂိုး မတိုင်ခင် ဘောလုံးက စည်းအပြင်ဘက်ထွက်သွားခဲ့ပုံပေါ်တဲ့ ဓာတ်ပုံအသစ် ထွက်ပေါ်လာပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အင်္ဂါနေ့မှာ အားကောင်းတဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဗင်နီးရှပ်စ် ဂျူနီယာရဲ့ အလွန်ကောင်းမွန်တဲ့ ကန်ချက်ကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး အဲဒီသွင်းဂိုးဟာ ပထမပိုင်းအတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ တစ်ကြိမ်တည်းသော ဂိုးပေါက်ကန်သွင်းမှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းက ပွဲကစားချိန် ဒုတိယပိုင်းအချိန်အများစုကို လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးရဲ့ လျင်မြန်တဲ့ အကူးအပြောင်းကနေ ဒီဘရိုင်းနားက ပင်နယ်တီဧရိယာအပြင်ဘက်က တဟုန်ထိုး ကန်သွင်းပြီး ချေပဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘောလုံးက မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် လက်မခံခင်ကတည်းက ကွင်းဘေးစည်းကျော်သွားခဲ့တယ်လို့ ယုံကြည်နေတာကြောင့် ဒီဘရိုင်းနားရဲ့ ချေပဂိုးနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ကိုင်လီ ဝေါ်ကာရဲ့ ကွင်းဘေးစည်းတလျှောက် ပေးပို့လိုက်တဲ့ ဘောလုံးကို ဘာနာဒို ဆေးလ်ဗားက ရီးရဲလ်မက်ဒရစ်ကစားသမားတွေ ဘေးစည်းကျော်သွားပြီဆိုပြီး ရပ်တန့်ခဲ့ပြီး အန်ချယ်လော့တီက လက်ပစ်ဘောပေးဖို့ တောင်းဆိုနေချိန်မှာ လျင်လျင်မြန်မြန်ပဲ လှုပ်ရှားသွားခဲ့တာဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားရဲ့ ပေးပို့မှုကို ရူဘင် ဒီယက်စ်က ရယူပြီးနောက် ဒီဘရိုင်းနားကို ပေးပို့ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ ကနဦး ဖြတ်တင်ပေးပို့မှုကို မိုဒရစ်က ပိတ်ဆို့နိုင်ခဲ့ပြီးနောက် ကမာဗင်ဂါက ရယူသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားက တန်ပြန်တိုက်စစ် စတင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ရိုဒရီက လုယူပြီး ဂရီးလစ်ရှ်ဆီ ပေးပို့ခဲ့ရာမှာ အင်္ဂလန်တောင်ပံကစားသမားက ဂန်ဒိုဝမ်ကို ပေးခဲ့ပြီး ဂျာမန်ကွင်းလယ်ကစားသမားက ခင်းပေးလိုက်တဲ့ဘောလုံးကို ဒီဘရိုင်းနားက အားပါးတရ ပြေးကန်သွင်းခဲ့တာဖြစ်ပါတယ်။

အန်ချယ်လော့တီက ဒိုင်လူကြီး ဘောလုံးက စည်းကျော်သွားပြီလို့ ပြောနေတာကို မြင်တွေ့ခဲ့ရပြီး အီတလီလူမျိုးနည်းပြကြီးကို စောဒကတက်မှုကြောင့် အဝါကတ်ပြား ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အန်ချယ်လော့တီပြောတဲ့အတိုင်း ဖြစ်နိုင်ပြီး ဘောလုံး ဘေးစည်းကျော်သွားလားဆိုတာကို သက်သေပြသနိုင်တဲ့ တိကျတဲ့ ရိုက်ချက်တစ်ခုမှမရှိပေမယ့်လည်း beIN Sports က ကွင်းထဲက ကင်မရာရှုထောင့်အများအပြားကို အသုံးပြုပြီးတော့ ၃ ဖက်မြင် တွက်ချက်မှုကို ဖန်တီးခဲ့ပြီးဘောလုံးတစ်လုံးလုံးက ကွင်းဘေးစည်းကို မီလီမီတာ အနည်းငယ်ကျော်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤါေန႔ည ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ရီးရဲလ္မက္ဒရစ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ ေခ်ပဂိုး မတိုင္ခင္ ေဘာလုံးက စည္းအျပင္ဘက္ထြက္သြားခဲ့ပုံေပၚတဲ့ ဓာတ္ပုံအသစ္ ထြက္ေပၚလာပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ အဂၤါေန႔မွာ အားေကာင္းတဲ့ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္ေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး အဲဒီသြင္းဂိုးဟာ ပထမပိုင္းအတြင္း ရီးရဲလ္မက္ဒရစ္ရဲ႕ တစ္ႀကိမ္တည္းေသာ ဂိုးေပါက္ကန္သြင္းမႈ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းက ပြဲကစားခ်ိန္ ဒုတိယပိုင္းအခ်ိန္အမ်ားစုကို လႊမ္းမိုးထားႏိုင္ခဲ့တာျဖစ္ၿပီး မန္စီးတီးရဲ႕ လ်င္ျမန္တဲ့ အကူးအေျပာင္းကေန ဒီဘ႐ိုင္းနားက ပင္နယ္တီဧရိယာအျပင္ဘက္က တဟုန္ထိုး ကန္သြင္းၿပီး ေခ်ပဂိုး သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ေဘာလုံးက မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ လက္မခံခင္ကတည္းက ကြင္းေဘးစည္းေက်ာ္သြားခဲ့တယ္လို႔ ယုံၾကည္ေနတာေၾကာင့္ ဒီဘ႐ိုင္းနားရဲ႕ ေခ်ပဂိုးနဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ကိုင္လီ ေဝၚကာရဲ႕ ကြင္းေဘးစည္းတေလွ်ာက္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဘာနာဒို ေဆးလ္ဗားက ရီးရဲလ္မက္ဒရစ္ကစားသမားေတြ ေဘးစည္းေက်ာ္သြားၿပီဆိုၿပီး ရပ္တန႔္ခဲ့ၿပီး အန္ခ်ယ္ေလာ့တီက လက္ပစ္ေဘာေပးဖို႔ ေတာင္းဆိုေနခ်ိန္မွာ လ်င္လ်င္ျမန္ျမန္ပဲ လႈပ္ရွားသြားခဲ့တာျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားရဲ႕ ေပးပို႔မႈကို ႐ူဘင္ ဒီယက္စ္က ရယူၿပီးေနာက္ ဒီဘ႐ိုင္းနားကို ေပးပို႔ခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ ကနဦး ျဖတ္တင္ေပးပို႔မႈကို မိုဒရစ္က ပိတ္ဆို႔ႏိုင္ခဲ့ၿပီးေနာက္ ကမာဗင္ဂါက ရယူသြားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားက တန္ျပန္တိုက္စစ္ စတင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ႐ိုဒရီက လုယူၿပီး ဂရီးလစ္ရွ္ဆီ ေပးပို႔ခဲ့ရာမွာ အဂၤလန္ေတာင္ပံကစားသမားက ဂန္ဒိုဝမ္ကို ေပးခဲ့ၿပီး ဂ်ာမန္ကြင္းလယ္ကစားသမားက ခင္းေပးလိုက္တဲ့ေဘာလုံးကို ဒီဘ႐ိုင္းနားက အားပါးတရ ေျပးကန္သြင္းခဲ့တာျဖစ္ပါတယ္။

အန္ခ်ယ္ေလာ့တီက ဒိုင္လူႀကီး ေဘာလုံးက စည္းေက်ာ္သြားၿပီလို႔ ေျပာေနတာကို ျမင္ေတြ႕ခဲ့ရၿပီး အီတလီလူမ်ိဳးနည္းျပႀကီးကို ေစာဒကတက္မႈေၾကာင့္ အဝါကတ္ျပား ျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အန္ခ်ယ္ေလာ့တီေျပာတဲ့အတိုင္း ျဖစ္ႏိုင္ၿပီး ေဘာလုံး ေဘးစည္းေက်ာ္သြားလားဆိုတာကို သက္ေသျပသႏိုင္တဲ့ တိက်တဲ့ ႐ိုက္ခ်က္တစ္ခုမွမရွိေပမယ့္လည္း beIN Sports က ကြင္းထဲက ကင္မရာရႈေထာင့္အမ်ားအျပားကို အသုံးျပဳၿပီးေတာ့ ၃ ဖက္ျမင္ တြက္ခ်က္မႈကို ဖန္တီးခဲ့ၿပီးေဘာလုံးတစ္လုံးလုံးက ကြင္းေဘးစည္းကို မီလီမီတာ အနည္းငယ္ေက်ာ္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.