Premier League

ဘုတ်အဖွဲ့အခန်းကဏ္ဍအတွက် သရဲနီဂန္တဝင်တွေနဲ့ ဆွေးနွေးနေတဲ့ ဂျက်ဆင်း

ကာတာ ဘီလျံနာ ရှိတ်ခ် ဂျက်ဆင်းက မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ မျှော်လင့်နေပြီး အသင်းကို ဝယ်ယူနိုင်မယ်ဆိုရင် ဘုတ်အဖွဲ့မှာ ရာထူးပေးဖို့ ရည်ရွယ်ချက်နဲ့ ကစားသမားဟောင်း အများအပြားနဲ့ စကားပြောခဲ့တယ်လို့ သိရပါတယ်။

ဂလေဇာမိသားစုဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ အသင်းကို ရောင်းချရမလားဆိုတာကို နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး ဂျက်ဆင်းဟာ သရဲနီတွေကို ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၅ ဘီလီယံအောက်သာကမ်းလှမ်းခဲ့ပေမယ့်လည်း လက်လွှဲဝယ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာ ဂျင်မ် ရက်ကလစ်ဖ်က လက်ရှိမှာ ဂလေဇာရဲ့ ဆွေမျိုး ၂ ဦးကို အသင်းရဲ့ ရှယ်ယာဝင်တွေအဖြစ် ဆက်လက် ထားရှိပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီးနောက် ထိပ်ဆုံးကနေ ဦးဆောင်သူ ဖြစ်လာပုံပေါ်ပါတယ်။

ဒါပေမယ့်လည်း ရှိတ်ခ် ဂျက်ဆင်းဟာ ၎င်းရဲ့ ကမ်းလှမ်းမှုဟာ နောက်ဆုံးမှာတော့ အောင်မြင်မယ်လို့ ယုံကြည်နေပြီး အသင်းရဲ့ ကြွေးမှီအားလုံးကို ရှင်းလင်းပေးမှာဖြစ်သလို အိုးထရက်ဖို့ဒ်မှာ သို့မဟုတ် ကွင်းသစ်တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပေးထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကိုပါ စည်းရုံးတဲ့အနေနဲ့ ဂျက်ဆင်းဟာ အသင်းကို လက်လွှဲဝယ်ယူပြီးနောက် ဘုတ်အဖွဲ့ထဲမှာ တာဝန်ပေးအပ်ဖို့ သရဲနီကစားသမားဟောင်းအများအပြားနဲ့ စကားပြောခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်က မန်ချက်စတာယူနိုက်တက်ကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားဟောင်းတွေ ပါဝင်လည်ပတ်နေတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ဆောင်ခဲ့ပေမယ့်လည်း ဒါရင်း ဖလက်ချာတစ်ဦးတည်းသာ လက်ရှိမှာ အသင်းကို လွှမ်းမိုးနိုင်တဲ့ ရာထူးမှာ ရှိနေတာဖြစ်ပါတယ်။

အန်ဒီ ကိုးနဲ့ ဒွိုက် ယော့ခ်တို့လို ကစားသမားဟောင်းတွေဟာ သံတမန်ရာထူးမှာ ရှိနေပေမယ့်လည်း ပေါလ် စခိုး၊ ဖီးလ် နဗီး၊ ရိုင်ယန် ဂစ်၊ ဂယ်ရီ နဗီး၊ ဒေးဗစ် ဘက်ဟမ်း၊ စတမ်း၊ ကားရစ်ခ်၊ ဝိန်း ရူနီ၊ ဗန်ဒါဆားတို့ဟာ အခြားကလပ်အသင်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဂန္တဝင်တွေထဲက အချို့ ဖြစ်ပါတယ်။

ဂျက်ဆင်းက ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ထုံးတမ်းစဉ်လာအတိုင်း လုပ်ဆောင်ဖို့ အဲဒါကို ပြုပြင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး အသင်းရောင်းချမှု လုပ်ငန်းစဉ်တွေကို ကြီးကြပ်နေတဲ့ Raine Group ကို တတိယအဆင့် ကမ်းလှမ်းမှုဟာ ဧပြီလ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကာတာ ဘီလ်ံနာ ရွိတ္ခ္ ဂ်က္ဆင္းက မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး အသင္းကို ဝယ္ယူႏိုင္မယ္ဆိုရင္ ဘုတ္အဖြဲ႕မွာ ရာထူးေပးဖို႔ ရည္႐ြယ္ခ်က္နဲ႔ ကစားသမားေဟာင္း အမ်ားအျပားနဲ႔ စကားေျပာခဲ့တယ္လို႔ သိရပါတယ္။

ဂေလဇာမိသားစုဟာ လာမယ့္ ရက္ပိုင္းအတြင္းမွာ အသင္းကို ေရာင္းခ်ရမလားဆိုတာကို ေနာက္ဆုံး ဆုံးျဖတ္ခ်က္ ခ်မွတ္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး ဂ်က္ဆင္းဟာ သရဲနီေတြကို ၁၀၀ ရာခိုင္ႏႈန္း ပိုင္ဆိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ၅ ဘီလီယံေအာက္သာကမ္းလွမ္းခဲ့ေပမယ့္လည္း လက္လႊဲဝယ္ယူဖို႔ ေရပန္းအစားဆုံးျဖစ္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာ ဂ်င္မ္ ရက္ကလစ္ဖ္က လက္ရွိမွာ ဂေလဇာရဲ႕ ေဆြမ်ိဳး ၂ ဦးကို အသင္းရဲ႕ ရွယ္ယာဝင္ေတြအျဖစ္ ဆက္လက္ ထားရွိေပးမယ္လို႔ ကမ္းလွမ္းခဲ့ၿပီးေနာက္ ထိပ္ဆုံးကေန ဦးေဆာင္သူ ျဖစ္လာပုံေပၚပါတယ္။

ဒါေပမယ့္လည္း ရွိတ္ခ္ ဂ်က္ဆင္းဟာ ၎ရဲ႕ ကမ္းလွမ္းမႈဟာ ေနာက္ဆုံးမွာေတာ့ ေအာင္ျမင္မယ္လို႔ ယုံၾကည္ေနၿပီး အသင္းရဲ႕ ေႂကြးမွီအားလုံးကို ရွင္းလင္းေပးမွာျဖစ္သလို အိုးထရက္ဖို႔ဒ္မွာ သို႔မဟုတ္ ကြင္းသစ္တည္ေဆာက္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံမယ္လို႔ ကတိေပးထားတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကိုပါ စည္း႐ုံးတဲ့အေနနဲ႔ ဂ်က္ဆင္းဟာ အသင္းကို လက္လႊဲဝယ္ယူၿပီးေနာက္ ဘုတ္အဖြဲ႕ထဲမွာ တာဝန္ေပးအပ္ဖို႔ သရဲနီကစားသမားေဟာင္းအမ်ားအျပားနဲ႔ စကားေျပာခဲ့တယ္လို႔ ESPN က ေဖာ္ျပခဲ့ပါတယ္။

ဆာအဲလက္စ္ ဖာဂူဆန္က မန္ခ်က္စတာယူႏိုက္တက္ကို ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ကစားသမားေဟာင္းေတြ ပါဝင္လည္ပတ္ေနတဲ့ ပုံစံမ်ိဳးျဖစ္ေအာင္ လုပ္ေဆာင္ခဲ့ေပမယ့္လည္း ဒါရင္း ဖလက္ခ်ာတစ္ဦးတည္းသာ လက္ရွိမွာ အသင္းကို လႊမ္းမိုးႏိုင္တဲ့ ရာထူးမွာ ရွိေနတာျဖစ္ပါတယ္။

အန္ဒီ ကိုးနဲ႔ ဒြိဳက္ ေယာ့ခ္တို႔လို ကစားသမားေဟာင္းေတြဟာ သံတမန္ရာထူးမွာ ရွိေနေပမယ့္လည္း ေပါလ္ စခိုး၊ ဖီးလ္ နဗီး၊ ႐ိုင္ယန္ ဂစ္၊ ဂယ္ရီ နဗီး၊ ေဒးဗစ္ ဘက္ဟမ္း၊ စတမ္း၊ ကားရစ္ခ္၊ ဝိန္း ႐ူနီ၊ ဗန္ဒါဆားတို႔ဟာ အျခားကလပ္အသင္းေတြမွာ ပါဝင္ပတ္သက္ေနတဲ့ ဂႏၲဝင္ေတြထဲက အခ်ိဳ႕ ျဖစ္ပါတယ္။

ဂ်က္ဆင္းက ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ထုံးတမ္းစဥ္လာအတိုင္း လုပ္ေဆာင္ဖို႔ အဲဒါကို ျပဳျပင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး အသင္းေရာင္းခ်မႈ လုပ္ငန္းစဥ္ေတြကို ႀကီးၾကပ္ေနတဲ့ Raine Group ကို တတိယအဆင့္ ကမ္းလွမ္းမႈဟာ ဧၿပီလ ၂၉ ရက္ေန႔မွာ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.