UCL&UEL

မန်စီးတီးကို သရေကျလို့ ပျော်မနေဖို့ သတိပေးလိုက်တဲ့ ရူဒီဂါ

အန်တိုနီယို ရူဒီဂါက ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်က မန်ချက်စတာစီးတီးဟာ အန္တရာယ်ရှိတဲ့အသင်းမဟုတ်ခဲ့ဘူးလို့ ပြောကြားခဲ့ပြီး လာလီဂါထိပ်သီးအသင်းကြီးအနေနဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်မယ်လို့ ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဗင်နီးရှပ် ဂျူနီယာနဲ့ ဒီဘရိုင်းနားတို့ ၂ ဦးစလုံးက အလွန်ကောင်းမွန်တဲ့ သွင်းဂိုးတွေကို အင်္ဂါနေ့ညက ဘာနေဗျူးမှာ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း သွင်းယူနိုင်ခဲ့ကြတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အဖွင့်ဂိုးကို ၃၆ မိနစ်မှာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအတွက် အဝေးကွင်းသရေ ရလဒ် ရရှိစေမယ့် ချေပဂိုးကို ၆၇ မိနစ်မှာ ဒီဘရိုင်းနားက ပင်နယ်တီဧရိယာထိပ်ကနေ အလွန်အားပါ ပြင်းထန်တဲ့ ညာခြေကန်ချက်နဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဒုတိယကျော့ပွဲစဉ်အဖြစ် မန်စီးတီးအိမ်ကွင်း အစ်တီဟတ်ကို သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ပြီး မန်စီးတီးရဲ့ ဖလား ၃ လုံးမျှော်လင့်ချက်ကို ရိုက်ချိုးနိုင်ဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။

“သူတို့တွေ ပွဲကစားချိန် နှောင်းပိုင်းမှာ ဂိုးရသွားခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီထက်ပိုပြီး ဂိုးတွေ ရခဲ့ရမှာလို့ ခံစားရပါတယ်။ ဒါပေမယ့် အဲဒါက ပြဿနာမဟုတ်ပါဘူး။ သရေရလဒ်နဲ့ ကျွန်တော်တို့ မန်ချက်စတာကို ယုံကြည်ချက်ရှိရှိနဲ့ သွားနိုင်မှာ ကျိန်းသေပါတယ်။ နေ့တစ်နေ့ရဲ့အဆုံးမှာ သူတို့တွေက အန္တရာယ်မရှိခဲ့ပါဘူး။ သူတို့တွေ ဘောလုံးပိုင်ဆိုင်မှု အများကြီးရခဲ့တယ်။ ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ဒါပေမယ့် သူတို့တွေက အန္တရာယ်မရှိပါဘူး။ ဂိုးက ဒီဘရိုင်းနားရဲ့ အရည်အသွေးကြောင့် ရသွားခဲ့တာပါ။”

မန်စီးတီးကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ဖြုတ်ပစ်ခဲ့နိုင်မယ်လို့ ယုံကြည်ချက်ရှိလားလို့ မေးမြန်းခဲ့ရာမှာ ရူဒီဂါက “ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ပါ။ ကျွန်တော်တို့က အမြဲတမ်း ယုံကြည်ချက်ရှိပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္တိုနီယို ႐ူဒီဂါက ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္က မန္ခ်က္စတာစီးတီးဟာ အႏၲရာယ္ရွိတဲ့အသင္းမဟုတ္ခဲ့ဘူးလို႔ ေျပာၾကားခဲ့ၿပီး လာလီဂါထိပ္သီးအသင္းႀကီးအေနနဲ႔ ဗိုလ္လုပြဲတက္ေရာက္ႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဗင္နီးရွပ္ ဂ်ဴနီယာနဲ႔ ဒီဘ႐ိုင္းနားတို႔ ၂ ဦးစလုံးက အလြန္ေကာင္းမြန္တဲ့ သြင္းဂိုးေတြကို အဂၤါေန႔ညက ဘာေနဗ်ဴးမွာ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း သြင္းယူႏိုင္ခဲ့ၾကတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕ အဖြင့္ဂိုးကို ၃၆ မိနစ္မွာ ရရွိသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအတြက္ အေဝးကြင္းသေရ ရလဒ္ ရရွိေစမယ့္ ေခ်ပဂိုးကို ၆၇ မိနစ္မွာ ဒီဘ႐ိုင္းနားက ပင္နယ္တီဧရိယာထိပ္ကေန အလြန္အားပါ ျပင္းထန္တဲ့ ညာေျခကန္ခ်က္နဲ႔ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ ဗုဒၶဟူးေန႔မွာ ဒုတိယေက်ာ့ပြဲစဥ္အျဖစ္ မန္စီးတီးအိမ္ကြင္း အစ္တီဟတ္ကို သြားေရာက္ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ တက္ေရာက္ၿပီး မန္စီးတီးရဲ႕ ဖလား ၃ လုံးေမွ်ာ္လင့္ခ်က္ကို ႐ိုက္ခ်ိဳးႏိုင္ဖို႔ ရည္မွန္းေနတာ ျဖစ္ပါတယ္။

“သူတို႔ေတြ ပြဲကစားခ်ိန္ ေႏွာင္းပိုင္းမွာ ဂိုးရသြားခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒီထက္ပိုၿပီး ဂိုးေတြ ရခဲ့ရမွာလို႔ ခံစားရပါတယ္။ ဒါေပမယ့္ အဲဒါက ျပႆနာမဟုတ္ပါဘူး။ သေရရလဒ္နဲ႔ ကြၽန္ေတာ္တို႔ မန္ခ်က္စတာကို ယုံၾကည္ခ်က္ရွိရွိနဲ႔ သြားႏိုင္မွာ က်ိန္းေသပါတယ္။ ေန႔တစ္ေန႔ရဲ႕အဆုံးမွာ သူတို႔ေတြက အႏၲရာယ္မရွိခဲ့ပါဘူး။ သူတို႔ေတြ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားႀကီးရခဲ့တယ္။ ဒီလိုျဖစ္မယ္ဆိုတာ ကြၽန္ေတာ္တို႔ သိၿပီးသားပါ။ ဒါေပမယ့္ သူတို႔ေတြက အႏၲရာယ္မရွိပါဘူး။ ဂိုးက ဒီဘ႐ိုင္းနားရဲ႕ အရည္အေသြးေၾကာင့္ ရသြားခဲ့တာပါ။”

မန္စီးတီးကို ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္မွာ ျဖဳတ္ပစ္ခဲ့ႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိလားလို႔ ေမးျမန္းခဲ့ရာမွာ ႐ူဒီဂါက “ကြၽန္ေတာ္တို႔က ရီးရဲလ္မက္ဒရစ္ပါ။ ကြၽန္ေတာ္တို႔က အၿမဲတမ္း ယုံၾကည္ခ်က္ရွိပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.