Other Leagues

အယ်လ် နာဆာအတွက် သတင်းဆိုးဖြစ်လာတဲ့ ရော်နယ်လ်ဒိုရဲ့သတင်း

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္လာနေ့မှာ အယ်လ် ခါလိနဲ့ ကစားရမယ့် ဆော်ဒီ ပရိုလိဂ်ပွဲစဉ်ကို ကြွက်သား မောပန်းနွမ်းနယ်မှုကြောင့် လွဲချော်ဖွယ်ရှိတယ်လို့ အာရပ်အားကစားသတင်းစာ Ariyadhiah က ဖော်ပြခဲ့ပါတယ်။

အယ်လ် နာဆာအသင်းဟာ အယ်လ် ခါလိကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရာမှာ ပြီးခဲ့တဲ့အပတ်က အယ်လ် ရိဒ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆက်လက် နိုင်ပွဲ ရယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ရာသီကုန်ဖို့ ၅ ပွဲသာ ကျန်တော့ချိန်မှာ ဆုဖလားပြိုင်ပွဲမှာ အယ်လ် အစ်တီဟတ်ကို ကျော်ဖြတ်နိုင်ဖို့ ရမှတ်တစ်မှတ်မှ လျော့ကျလို့ မရတော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အယ်လ် နာဆာအသင်းဟာ တနင်္လာနေ့မှာ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို မပါဝင်ဘဲ ကစားသွားရဖွယ်ရှိနေပြီး အသက် ၃၈ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ စနေနေ့က ကြွက်သား ပင်ပန်းနွမ်းနယ်မှုကြောင့် ပထမအသင်းနဲ့ လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ဘဲ အယ်လ် နာဆာ နည်းစနစ်ပိုင်း ဝန်ထမ်းတွေက အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးအတွက် အထူးအစီအစဉ်ကို ရေးဆွဲခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ ယနေ့မှာ ဆေးစစ်မှုတွေ ခံယူသွားရမှာဖြစ်ပြီး အယ်လ် ခါလိနဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှု အလုံအလောက်ရှိရဲ့လားဆိုတာကို အယ်လ် နာဆာအသင်းက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္လာနေ့မှာ အယ်လ် ခါလိနဲ့ ကစားရမယ့် ဆော်ဒီ ပရိုလိဂ်ပွဲစဉ်ကို ကြွက်သား မောပန်းနွမ်းနယ်မှုကြောင့် လွဲချော်ဖွယ်ရှိတယ်လို့ အာရပ်အားကစားသတင်းစာ Ariyadhiah က ဖော်ပြခဲ့ပါတယ်။





REF: INTERNET SOURCES
SPORTS A2Z.