Premier League

ဒီကလန် ရိုက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပြီဖြစ်တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းဟာ ယခုနွေရာသီမှာ ဒီကလန် ရိုက်စ်ကို ရောင်းချရမယ်ဆိုတာကို လက်ခံလိုက်ပြီဖြစ်ပေမယ့်လည်း ကွင်းလယ်ကြယ်ပွင့်အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်ခဲ့ပါတယ်။

ယခုရာသီမှာ ဝက်စ်ဟမ်းအသင်းက ရုန်းကန်ခဲ့ရပေမယ့်လည်း ဒီကလန် ရိုက်စ်က အထင်ကြီးဖွယ်ခြေစွမ်း ပြသနေခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာ အရှေ့လန်ဒန်အသင်းက မန်ယူနိုက်တက်ကို အနိုင်ရရှိခဲ့ပြီးနောက် အဆင့် ၁၅ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ဝက်စ်ဟမ်းရဲ့ အရေးအပါဆုံးကစားသမားအဖြစ် ပေါ်ထွက်လာခဲ့ရုံတင်မကဘဲ ဂါးရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်လူစာရင်းအဓိကကစားသမားတစ်ဦးဖြစ်လာခဲ့တာဖြစ်ပြီး ယူရိုနဲ့ ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်တွေမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ရိုက်စ်ဟာ ကစားသမားဘဝမှာ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး ပြည်တွင်းမှာရော ဥရောပမှာပါ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့အသင်းတွေကို ပြောင်းရွှေ့ချင်နေတာကြောင့် ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလားစိန်ခေါ်သူတွေဖြစ်တဲ့ အာဆင်နယ်က ဒီကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကလည်း အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ယခုနွေရာသီမှာ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အာတီတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဘရိုက်တန်ကနေ ကိုင်ဆေဒိုကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် ယခုလာမယ့်နွေရာသီမှာ ကွင်းလယ်ဗဟိုကစားသမားသစ်ခေါ်ယူဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိမှာတော့ ၎င်းတို့ အသင်းသမိုင်းမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဒီကလန် ရိုက်စ်ကို အခုနွေရာသီထက် ကျော်လွန်ပြီး ထိန်းသိမ်းလို့ ရတော့မှာမဟုတ်ဘူးဆိုတာ လက်ခံလိုက်ပြီဖြစ်ပြီး ကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း ၁၂၀ လိုချင်နေတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းဟာ ယခုေႏြရာသီမွာ ဒီကလန္ ႐ိုက္စ္ကို ေရာင္းခ်ရမယ္ဆိုတာကို လက္ခံလိုက္ၿပီျဖစ္ေပမယ့္လည္း ကြင္းလယ္ၾကယ္ပြင့္အတြက္ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို သတ္မွတ္ခဲ့ပါတယ္။

ယခုရာသီမွာ ဝက္စ္ဟမ္းအသင္းက ႐ုန္းကန္ခဲ့ရေပမယ့္လည္း ဒီကလန္ ႐ိုက္စ္က အထင္ႀကီးဖြယ္ေျခစြမ္း ျပသေနခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔မွာ အေရွ႕လန္ဒန္အသင္းက မန္ယူႏိုက္တက္ကို အႏိုင္ရရွိခဲ့ၿပီးေနာက္ အဆင့္ ၁၅ ေနရာမွာ ဆက္လက္ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီေတြမွာ ဝက္စ္ဟမ္းရဲ႕ အေရးအပါဆုံးကစားသမားအျဖစ္ ေပၚထြက္လာခဲ့႐ုံတင္မကဘဲ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ အဂၤလန္လူစာရင္းအဓိကကစားသမားတစ္ဦးျဖစ္လာခဲ့တာျဖစ္ၿပီး ယူ႐ိုနဲ႔ ကမာၻ႔ဖလားရႈံးထြက္ပြဲစဥ္ေတြမွာ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

႐ိုက္စ္ဟာ ကစားသမားဘဝမွာ ေနာက္ထပ္တစ္ဆင့္ကို တက္လွမ္းဖို႔ အဆင္သင့္ ျဖစ္ေနၿပီျဖစ္ၿပီး ျပည္တြင္းမွာေရာ ဥေရာပမွာပါ ဆုဖလားေတြကို စိန္ေခၚႏိုင္တဲ့အသင္းေတြကို ေျပာင္းေ႐ႊ႕ခ်င္ေနတာေၾကာင့္ ဝက္စ္ဟမ္းရဲ႕ ကမ္းလွမ္းမႈေတြကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဖလားစိန္ေခၚသူေတြျဖစ္တဲ့ အာဆင္နယ္က ဒီကလန္ ႐ိုက္စ္ကို ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေနေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္၊ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ကလည္း အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ကို ယခုေႏြရာသီမွာ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

အာတီတာဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ဘ႐ိုက္တန္ကေန ကိုင္ေဆဒိုကို ေခၚယူဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့တဲ့ေနာက္ ယခုလာမယ့္ေႏြရာသီမွာ ကြင္းလယ္ဗဟိုကစားသမားသစ္ေခၚယူဖို႔ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းဟာ လက္ရွိမွာေတာ့ ၎တို႔ အသင္းသမိုင္းမွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ဒီကလန္ ႐ိုက္စ္ကို အခုေႏြရာသီထက္ ေက်ာ္လြန္ၿပီး ထိန္းသိမ္းလို႔ ရေတာ့မွာမဟုတ္ဘူးဆိုတာ လက္ခံလိုက္ၿပီျဖစ္ၿပီး ၾကယ္ပြင့္ကစားသမားအတြက္ ေပါင္သန္း ၁၂၀ လိုခ်င္ေနတယ္လို႔ Sky Sports က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.