Premier League

မက်ဆီ ဆော်ဒီကို ပြောင်းရွှေ့မှုကြောင့် ကိန်းကိုခေါ်ဖို့ ခက်ခဲနိုင်တဲ့ မန်ယူနိုက်တက်

လီယွန်နယ် မက်ဆီရဲ့ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့မယ့် သတင်းတွေက ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ဟာရီ ကိန်းရဲ့ အပြောင်းအရွှေ့ကို တားဆီးနိုင်တဲ့ ဒိုမီနိုအကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။

AFP ရဲ့ ဖော်ပြချက်အရ လီယွန်နယ် မက်ဆီဟာ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးပြီလို့ သိရပြီး ဘလွန်ဒေါ ၇ ဆုရှင်ဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချု့်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ဘာစီလိုနာကို ပြန်လည် ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ကတ်တလန်အသင်းကြီးက ကြယ်ပွင့်ကစားသမားဟောင်းကို ပြန်ခေါ်နိုင်ဖို့ နည်းလမ်းတွေရှာဖွေနေပေမယ့် မက်ဆီက အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ အယ်လ် ဟီလာလ်အသင်းနဲ့ ပေါင် ၅၂၂ သန်း တန်ကြေးရှိတယ်လို့ ယုံကြည်ရတဲ့ စာချုပ်ကို ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး အားကစားသမိုင်းမှာ တန်ဖိုးအကြီးမားဆုံး စာချုပ်ထဲက တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

အဲဒီအပြောင်းအရွှေ့သာ အမှန်တကယ် ဖြစ်မြောက်သွားခဲ့မယ်ဆိုရင် နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ဟာရီ ကိန်းကို ခေါ်ယူဖို့ကြိုးပမ်းမှုအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။

မက်ဆီသာ ယခုနွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာခဲ့မယ်ဆိုရင် လီဂူးဝမ်းထိပ်သီးအသင်းကြီးဟာ ကြီးမားတဲ့ ခေါ်ယူမှု ပြုလုပ်ဖို့ ကြိုးပမ်းသွားဖို့များပြီး တကယ်တော့ ပြီးခဲ့တဲ့လက Football Insider ရဲ့ ဖော်ပြချက်အရ ဗစ်တာ အိုဆီမန်အတွက် နာပိုလီကို ယူရိုသန်း ၁၅၀ ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

အိုဆီမန်သာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းကလည်း ဟာရီ ကိန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလာနိုင်ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံတွေဟာ လီဗန်ဒေါ့ဗ်စကီးကို ရောင်းချခဲ့ပြီးနောက်ပိုင်း အထောင်တိုက်စစ်မှူး ရှာဖွေနေဆဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီရဲ႕ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕မယ့္ သတင္းေတြက ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ဟာရီ ကိန္းရဲ႕ အေျပာင္းအေ႐ႊ႕ကို တားဆီးႏိုင္တဲ့ ဒိုမီႏိုအက်ိဳးသက္ေရာက္မႈ ရွိလာႏိုင္ပါတယ္။

AFP ရဲ႕ ေဖာ္ျပခ်က္အရ လီယြန္နယ္ မက္ဆီဟာ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးၿပီလို႔ သိရၿပီး ဘလြန္ေဒါ ၇ ဆုရွင္ဟာ ယခုရာသီကုန္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳ႕္သက္တမ္း ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ဘာစီလိုနာကို ျပန္လည္ ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္လည္း ကတ္တလန္အသင္းႀကီးက ၾကယ္ပြင့္ကစားသမားေဟာင္းကို ျပန္ေခၚႏိုင္ဖို႔ နည္းလမ္းေတြရွာေဖြေနေပမယ့္ မက္ဆီက အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕မွာျဖစ္တယ္လို႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြနဲ႔ နီးစပ္တဲ့သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။

မက္ဆီဟာ အယ္လ္ ဟီလာလ္အသင္းနဲ႔ ေပါင္ ၅၂၂ သန္း တန္ေၾကးရွိတယ္လို႔ ယုံၾကည္ရတဲ့ စာခ်ဳပ္ကို ခ်ဳပ္ဆိုသြားမွာျဖစ္တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး အားကစားသမိုင္းမွာ တန္ဖိုးအႀကီးမားဆုံး စာခ်ဳပ္ထဲက တစ္ခုျဖစ္လာမွာျဖစ္ပါတယ္။

အဲဒီအေျပာင္းအေ႐ႊ႕သာ အမွန္တကယ္ ျဖစ္ေျမာက္သြားခဲ့မယ္ဆိုရင္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဟာရီ ကိန္းကို ေခၚယူဖို႔ႀကိဳးပမ္းမႈအေပၚ တိုက္႐ိုက္ အက်ိဳးသက္ေရာက္မႈ ရွိလာႏိုင္ပါတယ္။

မက္ဆီသာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီကို စြန႔္ခြာခဲ့မယ္ဆိုရင္ လီဂူးဝမ္းထိပ္သီးအသင္းႀကီးဟာ ႀကီးမားတဲ့ ေခၚယူမႈ ျပဳလုပ္ဖို႔ ႀကိဳးပမ္းသြားဖို႔မ်ားၿပီး တကယ္ေတာ့ ၿပီးခဲ့တဲ့လက Football Insider ရဲ႕ ေဖာ္ျပခ်က္အရ ဗစ္တာ အိုဆီမန္အတြက္ နာပိုလီကို ယူ႐ိုသန္း ၁၅၀ ကမ္းလွမ္းသြားဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရပါတယ္။

အိုဆီမန္သာ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕သြားခဲ့မယ္ဆိုရင္ ဘိုင္ယန္ျမဴးနစ္အသင္းကလည္း ဟာရီ ကိန္းကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းလာႏိုင္ၿပီး ဘြန္ဒက္စ္လီဂါ ခ်န္ပီယံေတြဟာ လီဗန္ေဒါ့ဗ္စကီးကို ေရာင္းခ်ခဲ့ၿပီးေနာက္ပိုင္း အေထာင္တိုက္စစ္မႉး ရွာေဖြေနဆဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.