Premier League

အဲဗာတန်ကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီးနောက် ဂန်းနားတွေကို သတိပေးလိုက်တဲ့ ဒီဇာဘီ

ရောဘတ်တို ဒီ ဇာဘီက အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ၅-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် လာမယ့်အပတ်မှာ ဘရိုက်တန်အစစ်အမှန်ကို မြင်ရလိမ့်မယ်လို့ အာဆင်နယ်ကို သတိပေးခဲ့ပါတယ်။

ဘရိုက်တန်ရဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်ဟာ တနင်္လာနေ့ညမှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်အသင်းကို အေးမက်စ်ကွင်းမှာ အံ့အားသင့်ဖွယ် ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အဲဗာတန်ဟာ ပထမပိုင်းအပြီးမှာ ၃-၀ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာလည်း ဥရောပဝင်ခွင့်အတွက် စိန်ခေါ်နေတဲ့ ဘရိုက်တန်အသင်းကို နောက်ထပ် ၂ ဂိုးအထိ ထပ်မံသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်ဟာ ပထမပိုင်းအပြီးနဲ့ ပွဲပြီး ဝီစီမှုတ်ချိန်မှာ လှောင်ပြောင်ခံခဲ့ရပေမယ့်လည်း ရောဘတ်တို ဒီဇာဘီက လာမယ့်အပတ် ပရီးမီးယားလိဂ်အမှတ်ပေးဖလား စိန်ခေါ်သူတွေဖြစ်တဲ့ အာဆင်နယ်နဲ့ပွဲမှာ ပြန်လာပြီး ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသသွားမှာဖြစ်တယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။

စင်ရော်တွေဟာ လာမယ့် တနင်္ဂနွေနေ့မှာ အမ်းမရိတ်စ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဦးဆောင်သူ မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာမှာရပ်တည်နေတာဖြစ်ပါတယ်။

“ဒီစွမ်းဆောင်ရည်ကို ရှင်းပြဖို့ အရမ်းခက်ပါတယ်။ အဲဒါက တကယ်ကို ထူးခြားတဲ့ပွဲပါ။ ကျွန်တော်တို့ စက္ကန့် ၃၀ အပြီးမှာပဲ ပထမဂိုးကို ခွင့်ပြုခဲ့ရတယ်။ ဒါက ဘရိုက်တန်အစစ်အမှန်မဟုတ်ပါဘူး။ ဆိုးရွားတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ပြဿနာက နည်းဗျူဟာပိုင်း အစီအစဉ်ကြောင့်မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ စိတ်အားတက်ကြွမှု၊ စိတ်ဓာတ်ပိုင်းမှာ ကြိုတင်ပြင်ဆင်မှုမလုပ်နိုင်ခဲ့ဘူးလို့ ထင်ပါတယ်။ သေးငယ်တဲ့ အချိန်အပိုင်းအခြားအတွင်းမှာ ပွဲတွေ အများကြီးကစားရတာက ခက်ခဲပါတယ်။ ကျွန်တော်တို့ ပွဲတွေအများကြီး ဆက်တိုက် ကစားနေကျမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီအပေါ်မှာနဲ့ စိတ်ဓာတ်ပိုင်းကို အလုပ်လုပ်သွားရမှာပါ။ ကျွန်တော် နားလည်နိုင်ပါတယ်။ ကျွန်တော့်ကစားသမားတွေအတွက် ဂုဏ်ယူနေဆဲပါ။ ပထမဆုံးတာဝန်ရှိသူက နည်းပြပါ။ အဲဒါက ကျွန်တော့်တာဝန်ပါ”

“ကျွန်တော်တို့ ဒီပွဲနဲ့ ဒီနေ့ကို အမှတ်ရနေရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သာ စိတ်ဓာတ်ပိုင်း တိုးတက်အောင်လုပ်နိုင်ခဲ့ရင် ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့နေ့ဖြစ်လာနိုင်လို့ပါ။ ကျွန်တော်တို့ ကြီးမားတဲ့ပစ်မှတ်အတွက် တိုက်ပွဲဝင်ချင်တယ်ဆိုရင် လာမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေရမှာပါ။ ဒီပွဲမတိုင်ခင် ကျွန်တော်တို့ ထူးခြားဆန်းကြယ်တဲ့ ဘောလုံးကစားပုံမျိုးနဲ့ ကစားခဲ့တယ်။ ထူးခြားတဲ့ရလဒ်တွေရခဲ့တယ်။ ကျွန်တော်တို့ အလုပ်ကို ကျွန်တော်တို့ ဂုဏ်ယူရမှာပါ။ ဒီနေ့ ကျွန်တော်တို့ ကြီးမားတဲ့အမှားတွေလုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီပွဲကို ကစားဖို့ အဆင်သင့်မဖြစ်ဘူးဆိုတာကို ပြသခဲ့လို့ပါ။ အမှားတွေ အရမ်းများတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ရှုံးနိမ့်ခဲ့တယ်။ ကျွန်တော်တို့က ဘရိုက်တန်အစစ်အမှန်မဟုတ်ဘူး။ ဒါက ကျွန်တော်တို့ မဖြစ်မနေ တိုးတက်အောင်လုပ်ရမယ့်ဟာပါ။ ကျွန်တော် ကစားသမားတွေနဲ့ ပွဲပြီးတိုင်းမှာ စကားပြောတယ်။ တနင်္ဂနွေနေ့က ကျွန်တော်တို့ရဲ့ အရည်အသွေးကို ပြသရမယ့်၊ ကျွန်တော်တို့ ကစားဟန်အတိုင်း ပြန်ကစားဖို့အချိန်ဖြစ်ပြီး ခင်ဗျား ဘရိုက်တန်အစစ်ကို မြင်ရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေရာဘတ္တို ဒီ ဇာဘီက အဲဗာတန္အသင္းကို အိမ္ကြင္းမွာ ၅-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ လာမယ့္အပတ္မွာ ဘ႐ိုက္တန္အစစ္အမွန္ကို ျမင္ရလိမ့္မယ္လို႔ အာဆင္နယ္ကို သတိေပးခဲ့ပါတယ္။

ဘ႐ိုက္တန္ရဲ႕ ဥေရာပဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ဟာ တနလၤာေန႔ညမွာ တန္းမဆင္းရဖို႔ ႐ုန္းကန္ေနရတဲ့ အဲဗာတန္အသင္းကို ေအးမက္စ္ကြင္းမွာ အံ့အားသင့္ဖြယ္ ဂိုးျပတ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

အဲဗာတန္ဟာ ပထမပိုင္းအၿပီးမွာ ၃-၀ နဲ႔ ဦးေဆာင္ေနခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာလည္း ဥေရာပဝင္ခြင့္အတြက္ စိန္ေခၚေနတဲ့ ဘ႐ိုက္တန္အသင္းကို ေနာက္ထပ္ ၂ ဂိုးအထိ ထပ္မံသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဘ႐ိုက္တန္ဟာ ပထမပိုင္းအၿပီးနဲ႔ ပြဲၿပီး ဝီစီမႈတ္ခ်ိန္မွာ ေလွာင္ေျပာင္ခံခဲ့ရေပမယ့္လည္း ေရာဘတ္တို ဒီဇာဘီက လာမယ့္အပတ္ ပရီးမီးယားလိဂ္အမွတ္ေပးဖလား စိန္ေခၚသူေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ပြဲမွာ ျပန္လာၿပီး ပိုမိုေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ျပသသြားမွာျဖစ္တယ္လို႔ ကတိျပဳခဲ့တာျဖစ္ပါတယ္။

စင္ေရာ္ေတြဟာ လာမယ့္ တနဂၤေႏြေန႔မွာ အမ္းမရိတ္စ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ၿပီး အာဆင္နယ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဦးေဆာင္သူ မန္ခ်က္စတာစီးတီးနဲ႔ ၁ မွတ္အကြာမွာရပ္တည္ေနတာျဖစ္ပါတယ္။

“ဒီစြမ္းေဆာင္ရည္ကို ရွင္းျပဖို႔ အရမ္းခက္ပါတယ္။ အဲဒါက တကယ္ကို ထူးျခားတဲ့ပြဲပါ။ ကြၽန္ေတာ္တို႔ စကၠန႔္ ၃၀ အၿပီးမွာပဲ ပထမဂိုးကို ခြင့္ျပဳခဲ့ရတယ္။ ဒါက ဘ႐ိုက္တန္အစစ္အမွန္မဟုတ္ပါဘူး။ ဆိုး႐ြားတဲ့ေန႔တစ္ေန႔ျဖစ္ခဲ့ပါတယ္။ ျပႆနာက နည္းဗ်ဴဟာပိုင္း အစီအစဥ္ေၾကာင့္မဟုတ္ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္တို႔ စိတ္အားတက္ႂကြမႈ၊ စိတ္ဓာတ္ပိုင္းမွာ ႀကိဳတင္ျပင္ဆင္မႈမလုပ္ႏိုင္ခဲ့ဘူးလို႔ ထင္ပါတယ္။ ေသးငယ္တဲ့ အခ်ိန္အပိုင္းအျခားအတြင္းမွာ ပြဲေတြ အမ်ားႀကီးကစားရတာက ခက္ခဲပါတယ္။ ကြၽန္ေတာ္တို႔ ပြဲေတြအမ်ားႀကီး ဆက္တိုက္ ကစားေနက်မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဒီအေပၚမွာနဲ႔ စိတ္ဓာတ္ပိုင္းကို အလုပ္လုပ္သြားရမွာပါ။ ကြၽန္ေတာ္ နားလည္ႏိုင္ပါတယ္။ ကြၽန္ေတာ့္ကစားသမားေတြအတြက္ ဂုဏ္ယူေနဆဲပါ။ ပထမဆုံးတာဝန္ရွိသူက နည္းျပပါ။ အဲဒါက ကြၽန္ေတာ့္တာဝန္ပါ”

“ကြၽန္ေတာ္တို႔ ဒီပြဲနဲ႔ ဒီေန႔ကို အမွတ္ရေနရမွာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔သာ စိတ္ဓာတ္ပိုင္း တိုးတက္ေအာင္လုပ္ႏိုင္ခဲ့ရင္ ကြၽန္ေတာ္တို႔အတြက္ အရမ္းအေရးပါတဲ့ေန႔ျဖစ္လာႏိုင္လို႔ပါ။ ကြၽန္ေတာ္တို႔ ႀကီးမားတဲ့ပစ္မွတ္အတြက္ တိုက္ပြဲဝင္ခ်င္တယ္ဆိုရင္ လာမယ့္ပြဲအတြက္ အဆင္သင့္ျဖစ္ေနရမွာပါ။ ဒီပြဲမတိုင္ခင္ ကြၽန္ေတာ္တို႔ ထူးျခားဆန္းၾကယ္တဲ့ ေဘာလုံးကစားပုံမ်ိဳးနဲ႔ ကစားခဲ့တယ္။ ထူးျခားတဲ့ရလဒ္ေတြရခဲ့တယ္။ ကြၽန္ေတာ္တို႔ အလုပ္ကို ကြၽန္ေတာ္တို႔ ဂုဏ္ယူရမွာပါ။ ဒီေန႔ ကြၽန္ေတာ္တို႔ ႀကီးမားတဲ့အမွားေတြလုပ္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ဒီပြဲကို ကစားဖို႔ အဆင္သင့္မျဖစ္ဘူးဆိုတာကို ျပသခဲ့လို႔ပါ။ အမွားေတြ အရမ္းမ်ားတယ္။ ကြၽန္ေတာ္တို႔ ပထမပိုင္းမွာ ရႈံးနိမ့္ခဲ့တယ္။ ကြၽန္ေတာ္တို႔က ဘ႐ိုက္တန္အစစ္အမွန္မဟုတ္ဘူး။ ဒါက ကြၽန္ေတာ္တို႔ မျဖစ္မေန တိုးတက္ေအာင္လုပ္ရမယ့္ဟာပါ။ ကြၽန္ေတာ္ ကစားသမားေတြနဲ႔ ပြဲၿပီးတိုင္းမွာ စကားေျပာတယ္။ တနဂၤေႏြေန႔က ကြၽန္ေတာ္တို႔ရဲ႕ အရည္အေသြးကို ျပသရမယ့္၊ ကြၽန္ေတာ္တို႔ ကစားဟန္အတိုင္း ျပန္ကစားဖို႔အခ်ိန္ျဖစ္ၿပီး ခင္ဗ်ား ဘ႐ိုက္တန္အစစ္ကို ျမင္ရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.