Premier League

နယူးကာဆယ်ကို နိုင်ခဲ့ပေမယ့် ဂန်းနားတွေအတွက် ဝမ်းနည်းနေတဲ့ ဂါးလက်စ်

ဝီလီယံ ဂါးလက်စ်က တနင်္ဂနွေနေ့ညက နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ မန်ချက်စတာစီးတီး ခြေချော်ဖို့ မမြင်တော့တာကြောင့် အာဆင်နယ်အတွက် အရမ်းဝမ်းနည်းမိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ စိန့် ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ မန်ချက်စတာစီးတီးအပေါ် ဖိအားပေးနိုင်ခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်ဟာ မန်စီးတီးထက် ၁ မှတ်လျော့နေတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက ၁ ပွဲလို၊ ဂိုးကွာခြားချက်အသာစီးရရှိထားတာဖြစ်ပါတယ်။

“အာဆင်နယ်က သူတို့တွေ ဆုဖလားအနိုင်ရနိုင်သေးတယ်လို့ ယုံကြည်မှုရှိရမယ်။ ဒါပေမယ့် အဲဒါက လွယ်ကူမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မန်စီးတီးရှိနေပြီး သူတို့တွေ အဆုံးအထိ အသာစီးရယူမှုကို ထိန်းသိမ်းသွားကောင်း ထိန်းသိမ်းသွားနိုင်မယ်ဆိုတာ ကျွန်တော်တို့သိနေကြလို့ပါ”

“သူတို့တွေလည်း လုပ်နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီလို ပြောရတာ ကျွန်တော့်ကို နာကျင်စေတာတောင်မှပေါ့။ ခင်ဗျားက ဆုဖလားအနိုင်ရဖို့ အရမ်းနီးစပ်နေပြီး ဇယားထိပ်ဆုံးမှာ ရှိနေတဲ့အချိန်မှာ သူတို့တွေ ဗိုလ်စွဲဖို့ အရာအားလုံးကို လုပ်သွားကြမယ်လို့ ကျွန်တော် ထင်တယ်”

“အဲဒါကြောင့်ပဲ အာဆင်နယ်အတွက် ကျွန်တော် ဝမ်းနည်းနေတာပေါ့။ သူတို့တွေက အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေခဲ့ပြီး သူတို့တွေမှာ အားသာချက်ရှိနေခဲ့တယ်။ ကံဆိုးစွာနဲ့ အခု သူတို့တွေ ဒုတိယနေရာမှာရှိနေပြီး မန်စီးတီး ရမှတ်များလျော့ကျမလားဆိုပြီး စောင့်ကြည့်နေရပြီ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝီလီယံ ဂါးလက္စ္က တနဂၤေႏြေန႔ညက နယူးကာဆယ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲမွာ မန္ခ်က္စတာစီးတီး ေျခေခ်ာ္ဖို႔ မျမင္ေတာ့တာေၾကာင့္ အာဆင္နယ္အတြက္ အရမ္းဝမ္းနည္းမိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ နယူးကာဆယ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ မန္ခ်က္စတာစီးတီးအေပၚ ဖိအားေပးႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း အာဆင္နယ္ဟာ မန္စီးတီးထက္ ၁ မွတ္ေလ်ာ့ေနတာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းက ၁ ပြဲလို၊ ဂိုးကြာျခားခ်က္အသာစီးရရွိထားတာျဖစ္ပါတယ္။

“အာဆင္နယ္က သူတို႔ေတြ ဆုဖလားအႏိုင္ရႏိုင္ေသးတယ္လို႔ ယုံၾကည္မႈရွိရမယ္။ ဒါေပမယ့္ အဲဒါက လြယ္ကူမွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ မန္စီးတီးရွိေနၿပီး သူတို႔ေတြ အဆုံးအထိ အသာစီးရယူမႈကို ထိန္းသိမ္းသြားေကာင္း ထိန္းသိမ္းသြားႏိုင္မယ္ဆိုတာ ကြၽန္ေတာ္တို႔သိေနၾကလို႔ပါ”

“သူတို႔ေတြလည္း လုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒီလို ေျပာရတာ ကြၽန္ေတာ့္ကို နာက်င္ေစတာေတာင္မွေပါ့။ ခင္ဗ်ားက ဆုဖလားအႏိုင္ရဖို႔ အရမ္းနီးစပ္ေနၿပီး ဇယားထိပ္ဆုံးမွာ ရွိေနတဲ့အခ်ိန္မွာ သူတို႔ေတြ ဗိုလ္စြဲဖို႔ အရာအားလုံးကို လုပ္သြားၾကမယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“အဲဒါေၾကာင့္ပဲ အာဆင္နယ္အတြက္ ကြၽန္ေတာ္ ဝမ္းနည္းေနတာေပါ့။ သူတို႔ေတြက အမွတ္ေပးဇယားထိပ္ဆုံးမွာရွိေနခဲ့ၿပီး သူတို႔ေတြမွာ အားသာခ်က္ရွိေနခဲ့တယ္။ ကံဆိုးစြာနဲ႔ အခု သူတို႔ေတြ ဒုတိယေနရာမွာရွိေနၿပီး မန္စီးတီး ရမွတ္မ်ားေလ်ာ့က်မလားဆိုၿပီး ေစာင့္ၾကည့္ေနရၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.